Unholy Neighborhood 3
အခုဆိုရင် Unholy Neighborhood ရဲ့ ဇာတ်သိမ်းပိုင်းဖြစ်တဲ့ Part 3 ကတော့
ထွက်လာပါပြီ။ Playstore မှာတော့ R$ 11.99 နဲ့ ရောင်းချပေးနေပြီး iOS သမားတွေကတော့
ဒီနှစ်ထဲမှာတင် ထုတ်ပေးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဘယ်လောက်ထိ
လူကြိုက်များလဲဆိုရင် PC သမားတွေတောင် Emulator နဲ့ ဆော့ရလောက်တဲ့ထိ
အားပေးမှုအခိုင်မာရထားတဲ့ Game Series တစ်ခုပါ။
ဇာတ်လမ်းက အရှေ့က အပိုင်းတွေ မဆော့ရသေးရင် လုံးဝ နားလည်မှာ မဟုတ်ပါဘူး။
အဲဒါကြောင့် မဆော့ရသေးတဲ့ သူတွေတွက် ပထမပိုင်း နဲ့ ဒုတိယပိုင်းတွေကို
အောက်ဆုံးမှာ Link ပေးထားပါမယ်။ Spoiler ဖြစ်မှာစိုးလို့ မင်မင်ကဆော့ အများကြီး
ပြောလို့မရတော့ဘူး။
Peter Grim နေရာကနေ ကစားရမှာဖြစ်ပြီး မိန်းမဖြစ်သူကို လိုက်ရှာရင်းကနေ
သဘာဝလွန်ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ကြုံလာရတဲ့ Game မျိုးပေါ့။ Part အလိုက်
ပရိတ်သတ်တွေကို အူယားအောင် ဆွဲခေါ်သွားပြီး အခုနောက်ဆုံး ဇာတ်သိမ်းဖြစ်တဲ့ Part 3
ရဲ့ Plot Twist ကြီးကြောင့် ပိုတောင် Suprise ဖြစ်ခဲ့ရတာပါ။ ဘာလို့ဆို
တကယ်ကယ်ရမယ့်သူက သူ့မိန်းမ မဟုတ်ခဲ့ဘူး။
တကယ်တန်တဲ့ Paid Game တစ်ခုဖြစ်ပြီး Puzzle ပိုင်းတွေကစ အခု နောက်ဆုံး Part 3 မှာ
ပို Challenge ဖြစ်လာသလို Playtime ကလည်း အရင်ကထက် ပိုကြာလာပါတယ်။ အဲတော့
ဇာတ်လမ်းကလည်းကောင်း၊ ပဟေဠိကလည်း မိုက်ဆိုတော့ Adventure သမားတွေ ဘာလိုသေးလဲ။
[- Review -]
ဘာပြောကောင်းမလဲ Suprise ဖြစ်လွန်းလို့ ကြက်သီးပါထတယ်။ ပြောရရင် ဒီ Game Series
ကြီးက Lucid Dream Adventure ရဲ့ Sequel ကြီးလို့ ဘယ်တုန်းကမှကို မထင်ထားခဲ့တာ။
အဲဒါကြောင့် Lucid Dream Adventure မဆော့ရသေးတဲ့သူတွေတွက် ပိုလို့တောင်
စိတ်လှုပ်ရှားစေလိမ့်မယ်။ ဘာလို့ဆို ဒီ Game က Universe တစ်ခုတည်းမှာတင်
ဇာတ်အိမ်တည်ထားတာမလို့ပါ။
| Android version | 5 . 0 + |
| Developer | Deli Games |
| Network | Offline |
| Price | R$ 11.99 |
| App version | 0.0.1993 |
| Release date | 14.9.2021 |
Download Link
| Type | Size | Link |
|
Playstore |
109 MB |
R$ 11.99 |
|
Mediafire
|
120 MB ( Apk Only ) |
Download |
|
Apple iOS |
--- |
Coming Soon |
⭐ ( HELLO Rating = 8.9 / 10 ) ⭐
#HELLOYDB
Discussion
0
You
Loading comments...









