WarStrike
ဒီ Game က Size
နည်းနည်းလေးနဲ့ Story Campaign Mode ကို သေချာဖန်တီးထားပြီး မထင်ထားလောက်အောင်ကို
တော်တော်သဘောကျစရာကောင်းတယ်။ ဒီ Game မှာဆိုရင် သင်က M1-6 Special Solider
တစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အလိုရှိဆုံး Tal Brody ဆိုတဲ့ အကြမ်းဖက်သမားတစ်ယောက်ကို
လိုက်ရှာရမှာပါ။ စိတ်ဝင်စားစရာကောင်းတာက အဲဒီလူက အရင်ကထက် ပိုဆိုးတဲ့
လူသတ်လက်နက်ကို ဖန်တီးနေတာဖြစ်ပြီး Virus တစ်မျိုးနဲ့ တစ်ကမ္ဘာလုံးကို ZOMBIE
တွေအဖြစ်ပြောင်းဖို့ရာ ကြိုးစားနေတာပါ။ ဒီတော့ သင့်အနေနဲ့ ရင်ဆိုင်ရမှာတွေက
စစ်သားတွေတင်ဘဲလားဆိုတာကိုတော့ ကိုယ်တိုင်ဘဲ အဖြေရှာကြည့်လိုက်တော့။
ပြထားတဲ့ Photo
တွေကြောင့် Fake လို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ့် In Game ပုံစံတွေက ပိုတောင်
မိုက်နေတာပါ။ UI လည်း သဘောကျသလို Cutscene တွေ၊ Different Mission Mode
ချိတ်ပေးထားတာတွေကစ စနစ်တကျရှိတယ်။ Developer အသစ်ဖြစ်တဲ့အပြင် စစထွက်ခြင်းမလို့
Bug နဲ့ Control Fix မဖြစ်တာလေးတွေ ရှိနေသေးပေမယ့် Size နဲ့ ယှဉ်ရင်တော့
မပြောပလောက်ပါဘူး။ နောက်ထပ် Update မှာ Game Mode အသစ်တွေလည်း
ထပ်ထည့်ပေးသွားအုံးမှာမလို့ FPS သမားတွေတွက် သဘောကျစရာ Game လေးဖြစ်မှာပါ။
| Android version | 4 . 4 + |
| Developer | GameFrameStudio |
| Network | Offline |
| Price | Free |
| App version | 0.1.5 |
| Release date | 10.9.2021 |
Download Link
| Type | Size | Link |
|
Playstore |
55 MB |
Download |
|
Mediafire
|
55 MB ( Apk Only ) |
Download |
|
Apple iOS |
--- |
Unavailable |
HELLO YDB
Discussion
0
You
Loading comments...








