Combat Master

° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက USA အခြေစိုက် Developer ဖြစ်တဲ့ Alfa Bravo Inc ကနေ ထုတ်လုပ်ပေးထားတာဖြစ်ပြီး First Person Shooter Game ကောင်းလေးတစ်ခုမလို့ အရမ်းသဘောကျမှာပါ။ အမိုက်ဆုံးကတော့ Auto Fire နဲ့ Auto Aim လုံးဝ မပါတဲ့အပြင် Gun Upgrade စနစ်တွေပါ ထည့်ပေးမထားတာကြောင့် အကုန်လုံးက ညီတူမျှတူ Fair ဖြစ်အောင် ဆော့ရမှာပါ။ Offline Game လေးဖြစ်တဲ့အပြင် Update တွေမှာ Features အသစ်တွေပါ ထပ်ပါလာအုံးမှာမလို့ Shooter သမားတွေတွက် အကြိုက်တွေ့စေမှာ သေချာပါတယ်။
° လောလောဆယ် စစထွက်ခြင်းမလို့ Quick Play တစ်ခုသာ ဆော့ကစားနိုင်ပြီး Shooter တွေရဲ့ ထုံးစံတိုင်း Death Match တွေပါ ကစားနိုင်မှာပါ။ အပေါ်ကပြောသလို Weapon Upgrade စနစ်မပါဘဲ Level အလိုက် Unlock ရမှာ ဖြစ်ပြီး တစ်ချို့သော Skin ပါတဲ့ Gun တွေသာ $ နဲ့ Paid လုပ်ရမှာပါ။ Character 6 မျိုးထိ ပါဝင်ပြီး Weapon တွေကစ Rifles , SMGS , Shotgun နဲ့ Sniper ထိ အစုံပါဝင်ပါတယ်။ Battle Pass ကတော့ Update မှာ ထပ်ပါလာနိုင်ပြီး အဓိကကတော့ ပိုသာတယ်ဆိုတာ မရှိပါဘူး။ Enemy AI တွေကစ အရမ်းကို Smart ဖြစ်ပြီး Real Player တွေထက်တောင် အရှောင်အတိမ်းကောင်းတာကြောင့် Challenge ဖြစ်စေတာတော့ အမှန်ပါ။ လောလောဆယ် Offline ဆော့လို့ရပေမယ့် နောက်ကျရင် Multiplayer စနစ်ပါဝင်လာနိုင်တယ်လို့ ထင်ရပါတယ်။
° Graphic နဲ့ပတ်သတ်ပြီး Character Body နဲ့ Gun တွေက ကြည့်ကောင်းပေမယ့် Map တိုင်းတော့ Environment Graphic က သိပ်မလှပါဘူး။ Train Station လို Map မျိုးတွေဆိုရင်‌တော့ အတော်ကြည့်ကောင်းပြီး တခြား Game တွေထက် ပို Performance ကောင်းတာက Gameplay က အတော်ကိုသွက်နေတာပါ။ လျှောထိုးတာ ၊ Jumping လုပ်တာတွေကစ အားရစရာကောင်းပြီး ပြေးတဲ့အခါ Gun မြှောက်ပြီး သွားတဲ့ ပုံစံတွေကလည်း Realistic ဖြစ်တယ်လို့ ပြောလို့ရတယ်။ တခြားလိုအပ်ချက်လေးတွေရှိနေသေးပေမယ့် Setting နဲ့ပတ်သတ်ပြီး Option အစုံထည့်ပေးထားတာကြောင့် ဖုန်းအများစုတွက် အဆင်ပြေစေမှာပါ။
[- Review -]

Game ကို အစက Online လို့ထင်ထားပေမယ့် Offline ပါ ကစားလို့ရတော့ အရမ်းမိုက်တယ် ပြောရမယ်။ Offline မှာ Bot တွေနဲ့ ပစ်တာတောင် အတော် ပညာသားပါပြီး ဆော့ရတာလည်း သွက်တော့ တကယ်ကို Action ဆန်ဆန် ခံစားရတယ်။ Bot တွေဆိုပြီး ရပ်ပစ်နေမယ် မထင်နဲ့ ပုန်းပြီးတော့ကို အသေလှော်တာ။ ကစားရတာ fresh ဖြစ်တာကြောင့် သဘောကျကြမှာပါ။

Game Information

Android version 5 . 0 +
Developer Alfa Bravo Inc
Network Offline
Price Free
App version 0.1.246
Release date 23.10.2021

Download Link

Type Size Link

Playstore

400 MB

Download

Apkcombo

 

76 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
Note
====
Playstore ကနေ ဆွဲတဲ့သူတွေက လိုအပ်တဲ့ Additional File ကို သူ့ဘာသာသူ ထည့်ပေးသွားမှာဖြစ်ပြီး တခြားက Download လုပ်တဲ့သူတွေတွက်ကတော့ In Game ကျရင် 400 MB ဝန်းကျင်လောက် ထပ် Download ဆွဲရပါမယ်

⭐ ( HELLO Rating = 7.2 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES