DORADO

° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ UK အခြေစိုက် Indie Developer ဖြစ်တဲ့ M9 ကနေ ထုတ်‌လုပ်ပေးထားတာဖြစ်ပြီး Escape Room ပုံစံနဲ့ Adventure Game ကောင်းလေးတစ်ခုမလို့ Puzzle Fan တွေတွက် သဘောကျကြမှာပါ။ Paid Game အမျိုးစား တစ်ခုဖြစ်ပြီး Playstore မှာ R$ 21.99 နဲ့ ရောင်းချပြီး iOS မှာတော့ $ 2.99 နဲ့ ရောင်းချပေးနေပါတယ်။
° ဒီ Game မှာဆိုရင် သင်က ရတနာသိုက်ရှာဖွေသူ တစ်ယောက်အဖြစ်နဲ့ စွန့်စားရမှာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း 1800 ခုနှစ်ဝန်းကျင်တုန်းက အဖြစ်ပျက်တစ်ခုကို တကယ်ဟုတ်မဟုတ် ရှာဖွေရမှာပါ။ ခေတ်အဆက်ဆက် ဒဏ္ဍာရီတွေအရ ညီအစ်ကို သုံးယောက်ဟာ ရွေတွေပြည့်နေတဲ့ ရတနာသိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့ သုံးယောက်စလုံး ဆုံးပါးသွားတဲ့ အချိန်မှာတောင်မှ ရွေတွေရဲ့ တည်နေရာကို ကောလဟာလတွေကလွဲလို့ ဘယ်သူမှ မသိရှိခဲ့ကြပါဘူး။ တည်နေရာအရ New Mexico ရဲ့ ကန္တာရကွင်းပြင်ကြီးထဲမှာ လျှိုဝှက်ထားခဲ့တာကြောင့် သင့်အနေနဲ့ တစ်ယောက်တည်း စွန့်စားရတော့မှာပါ။ ဖြစ်ခြင်တော့ ဇာတ်လမ်းကလည်း ထင်သလောက် မရိုးရှင်းခဲ့ပါဘူး။ စရောက်ကတည်းက ထောင်ထဲမှာ ပိတ်မိနေခဲ့တာကြောင့် ဘာကြောင့်လဲသိခြင်ရင် ကိုယ်တိုင်ဘဲ အဖြေရှာကြည့်တော့နော်။
° Puzzle Game လေးမလို့ Brain တအားသုံးရမှာဖြစ်ပြီး Challenge အဖြစ်ဆုံးကတော့ ဒီ Game မှာ Hint လုံးဝ ထည့်ပေးမထားပါဘူး။ သဲလွန်စတွေကို ကိုယ်တိုင်ဘဲ စေ့စေ့ပေါက်ပေါက် အဖြေရှာရမှာဖြစ်တာကြောင့် ကိုယ့်ကိုကိုယ် ဘယ်လောက် တော်လဲဆိုတာ သိခြင်ရင် စမ်းကြည့်လို့ရတယ်နော်။ Developer ကိုယ်တိုင်ကိုက အဖြေရှာမရရင် သူ့ဆီကို လာမေးလို့ရတယ်လို့ ပြောထားပါတယ်။
[- Review -]

Game က ထူးထူးခြားခြားရယ်လို့ မရှိပါဘူး။ Puzzle Game လေးဆိုပေမယ့် Hint မပါတာကလွဲလို့ ရိုးရိုးရှင်းရှင်းပါဘဲ။ သေချာလေး ဆော့ကြည့်ကြဖို့ အကြံပေးတယ်။

Game Information

Android version 4 . 1 +
Developer M9 GAMES
Network Offline
Price 2.99 $
App version 1.0.1
Release date 14.10.2021

Download Link

Type Size Link

Playstore

331 MB

R$ 21.99

Mediafire

 

311 MB

( Apk Only )

Download

Apple iOS

300 MB

2.99 $
 
⭐ ( HELLO Rating = 6.3 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES