Hundred Days

° အသစ်ထွက်လာတဲ့ ဒီ Game လေးက အရမ်းအရမ်းကို စိတ်ဝင်စားစရာကောင်းပြီး Wine ( ဝိုင် ) အကြောင်းကို အပြင်ကအတိုင်း သေသေချာချာလေး Simulation အနေနဲ့ ရာသီအလိုက် စိုက်ပျိုးချိန်တွေကစ အတိကျ ဖန်တီးပေးထားတာ‌ကြောင့် သဘောကျကြမှာပါ ။ ဗဟုသုတရ‌စေမယ့်အပြင် ဝိုင် ထုတ်လုပ်သူတွေရဲ့ အခက်ခဲတွေ၊ ဈေးကွက်ကစားပုံတွေကစ Management ကောင်းကောင်းနဲ့ ကစားရမယ့် Game ကောင်းလေးတစ်ခုဆိုလည်း မမှားပါဘူး။ Playstore နဲ့ iOS မှာတော့ $ 5.99 နဲ့ ရောင်းချပေးနေပြီး PC နဲ့ Nintendo Switch တွက်ပါ ထုတ်ပေးထားပါသေးတယ်။
° ဒီ Game လေးက တကယ်ကို စိတ်အေးချမ်းစေမယ့် Relaxing အမျိုးစားတစ်ခုဖြစ်ပြီး နောက်ခံ Music တွေကစ အရမ်းကို သာယာစေမယ့် Game ကောင်းလေးတစ်ခုပါ။ Business အမျိုးစားဆိုပေမယ့် ဒီ Game လေးမှာ စိတ်ဝင်စားစရာကောင်းတဲ့ Storyline လေးပါ ထည့်ပေးထားပြီး သာမန် ကောင်မလေးတစ်ယောက်ရဲ့ ပထမဦးဆုံး ဝိုင်လုပ်ငန်းကို စတင်မယ့် ဇာတ်ကြောင်းလေးကိုပါ ရသစုံစွာနဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ခုလို တွေ့မြင်ရအုံးမှာပါ။ Management Game လေးမလို့ Business တစ်ခုကို အပြင်ကတိုင်း လက်တွေ့ကျကျဆော့ခြင်ရင်တော့ အရမ်းသဘောကျစေမယ်ဆိုတာ အာမခံပါတယ်။
[- Review -]

ဒီ Game ကို မင်မင်ကတော့ အရမ်းသဘောကျတယ်။ Polygon Graphic ဆိုပေမယ့် Weather Effects နဲ့ Background Music တွေက ကစားသူကို တကယ် Relaxing ဖြစ်စေတယ်။ Wine နဲ့ ပတ်သတ်ပြီး ထုတ်လုပ်ပုံတွေကစ ဗဟုသုတရသလို ရာသီအလိုက် စိုက်ပျိုးချိန်တွေကစ အတိကျ ခုနှစ်အလိုက် ဆော့ရမှာဆိုတော့ တကယ်ကို ကစားရတာ တန်တယ်။ ဒီ Game နဲ့ ပတ်သတ်ပြီး အတွေးတွေလည်း အများကြီး စဉ်းစားမိသလို ၊ ဇာတ်လမ်းလေးကပါ Peaceful ပုံစံလေး ဖန်တီးထားတော့ အရမ်းမိုက်တယ်။
ဇာတ်လမ်းကို စပြောရရင် သင်က London မှာနေတဲ့ Emma ဆိုတဲ့ ကောင်မလေးတစ်ယောက်နေရာကနေ ကစားရမှာပါ။ တစ်နေ့ အဖိုးရဲ့ အသိဖြစ်တဲ့ Bepe ဆီကနေ စာတစ်စောင်ရောက်လာခဲ့ပြီး သူ့ရဲ့ စပျစ်ခြံကို ဦးစီးမယ့် Winemaker တစ်ဦးဖြစ်လာဖို့တွက် သင့်ကို တောင်းဆိုခဲ့တာကြောင့် ဝိုင် အကြောင်းဘာမှ နားမလည်တဲ့ သင့်ရဲ့ ဇာတ်လမ်းလေးက အဲမှာတင် စတင်ခဲ့တာပါ။ တကယ်ဘာဆို ဘာမှမသိတဲ့ သင်ရဲ့ ပထမဆုံး Business က အရမ်းကို စွန့်စားစရာကျပေမယ့် Bepe ကတော့ သင့်အတွက် သေချာကို Plan တွေ ချပေးခဲ့တာပါ။ အိမ်နီးနားချင်းတွေရဲ့ ဖော်ရွေမှုတွေကော ၊ စပျစ်ခြံအကြောင်းကို ဂဂနန သင်ပေးတဲ့ ဒေသခံတွေရဲ့ ဆက်ဆံရေးတွေကပါ ဒီ ဇာတ်လမ်းလေးကို ပိုသဘောကျစေမှာဖြစ်ပြီး ကြာလာတာနဲ့အမျှ ပြင်ပအသိုင်းဝိုင်းတွေကြားက အားပြိုင်မှုတွေကိုပါ တကယ်ကို သဘာဝကျကျ Dialog တွေကစ သေချာဖန်တီးပေးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုပါ။
အဲထဲမှာ မင်မင် သတိထားမိတာက Bepe က သင့်ကို အောင်မြင်မှု မှတ်တိုင်တစ်ခုရောက်တိုင်း ဖတ်ရမယ့် စာတွေကို တန်းဆီရေးပေးခဲ့တာပါ။ စာအကုန်လုံးကို အိမ်နီးနားချင်းဖြစ်တဲ့ Anna ဆီကို ပေးခဲ့ပြီး သတ်မှတ်ချိန်တစ်ခုထိ မရောက်မခြင်း စာတွေကို အကုန်ဖတ်ခွင့်မပေးပါဘူး။ ဘာကိုသွားသတိရလဲဆိုရင် Violet Evergarden ရဲ့ Ep 10 လေးကိုတောင် ပြန်တွေးမိသွားတာ။ အဲ‌ထဲကလိုဘဲ Bebe ကလည်း သင့်ကို အောင်မြင်မှု တစ်ခုစီတိုင်းတွက် ‌အနာဂတ်မှာဆက်လုပ်သင့်တဲ့ စာတွေကို တစ်စောင်ခြင်းရေးပေးခဲ့တာပါ။ ဝမ်းနည်စရာကောင်းတာမျိုးမဟုတ်ပေမယ့် အဲလိုသေချာလေး ဂရုစိုက်ပေးခဲ့တော့ စိတ်ထဲမှာ ဆော့ရင်းနဲ့တောင် တကယ်ကျေနပ်အားရမိတယ်။ ဘာမှမသိသေးတဲ့ Business တစ်ခုကို Professional ရောက်အောင်ထိ ဆွဲခေါ်ပေးမှာဆိုတော့ သူ့ရဲ့ စာတွေက အားတက်စေမယ့် ချီးကျူးမှုတွေကော၊ ဆက်ပြီး စွန့်စားသင့်တဲ့ လုပ်ငန်းခွင်တွေပါ သေချာ ရေးပေးခဲ့တာ။ ဘယ်လိုပြောရမလဲ ကိုယ်နဲ့ လုံးဝမရင်းနှီးတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အခုလို တစ်ယောက်ထဲ အေးအေးချမ်းချမ်းနဲ့ စီးပွားရေးတစ်ခုကို သင်ယူရတာမျိုးဆိုတော့ အရမ်းလွတ်လပ်တယ်။ စိုက်ပျိုးရေးဆိုတော့ အကုန်လုံးက အေးအေးချမ်းချမ်းဘဲ။
Gameplay က သူက မြေကွက်တွေကို ရက်အလိုက် ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာ စီမံပေးရမှာပါ။ အရင်ဆုံး မြေကွက်သေးသေးလေးထဲမှာ စပျစ်စိုက်မယ်၊ ပြီးရင် ရိတ်သိမ်းမယ် ၊ အရေသွေးကောင်းမကောင်းစစ်မယ်၊ ပြီးရင် ဝိုင်ထုတ်ဖို့တွက် အရသာကစ ချို ၊ ချဉ် ၊ ခါး ၊ အလေး စတဲ့ အရည်သွေးမျိုစုံကို စံချိန်ကိုက်အောင် စစ်ပြီးမှာ ဝိုင်ဖောက်ရတာပါ။ ဖောက်တဲ့နေရမှာလည်း Quality နဲ့ အရေတွက်ကို သေချာစဉ်စားပြီးမှ ဖောက်ပေးရတာဖြစ်ပြီး ရောင်းတဲ့အချိန်ထိပါ ကိုယ်အသုံးပြုမယ့် ပုလင်းခွံတွေကစ Design ဆွဲပေးရတာမျိုးပါ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရာသီမရောက်ခင်ထိ မြေဆီလွှာကောင်းအောင် ပြန်ထိန်းသိမ်းပေးရပြီး စပျစ်ဝိုင်လုပ်ပြီးလို့ ထွက်လာတဲ့ အညစ်ကြေးတွေကစ အချိန်ယူပြီး Clean လုပ်ပေးရမှာပါ။ အဲဒါတွေအကုန်လုံးကို မြေကွက်လေးထဲမှာတင် နေရာလောက်အောင် စီမံပေးရမှာဖြစ်ပြီး ထပ်တိုးချဲ့ဖို့တွက်လည်း လိုအပ်တဲ့ Upgrade တွေ ၊ ကိရိယာတွေကစ စီမံပေးရအုံးမှာပါ။ ဝိုင်အသစ်ဖောက်ရင်လည်း အရင်ဆုံး စမ်းစိုက်ပျိုးပေးရတာဖြစ်ပြီး ပိုးကျရင်လည်း အထွက်မနည်းအောင်ထိ ထိန်းသိမ်းပေးရတာတွေကစ အစုံအစုံ လုပ်ပေးရမယ့် Game တစ်ခုပါ။
အဲဒါတွေပြီးလို့ တကယ် အားအရဆုံးအပိုင်းက ကိုယ်ထုတ်တဲ့ ဝိုင်တွေကို ရောင်းချတဲ့ အပိုင်းပါ။ Special Client တွေကစ Order လိုက်ရောင်းချပေးရပြီး သာမန် ဝယ်သူတွေဖြစ်တဲ့ ကုန်စုံဆိုင်နဲ့ အရပ်သားတွေကစ ကိုယ့်ရဲ့ဝိုင်ကို လာအားပေးကျမှာပါ ။ ဝယ်သူများတဲ့ နေ့ဆိုရင် ဆော့ရတာ ဘယ်လိုပျော်လို့ ပျော်မှန်းမသိတဲ့ ခံစားမှုကို ရစေပြီး အထူးသဖြင့် ကိုယ်တိုင်ဖန်တီးထားတဲ့ ဝိုင်ကော ၊ Logo ဒီဇိုင်းတွေပါ နှစ်တိုင်း နာမည်အစုံနဲ့ ထုတ်လုပ်လို့ရတော့ အရမ်းကိုမိုက်တယ်။ ပြီးတော့ Rating စနစ်တွေပါ ပါသေးတာနော်။ မင်မင် ထုတ်တဲ့ ဝိုင်‌တွေထဲက အကောင်းဆုံးဆိုရင် Violet Rose ဘဲ။ တကယ်ကို ဆော့ရတာ ပျော်စရာကြီး။ အကုန် Sell Out လို့ပြတဲ့ အချိန်ဆိုရင် လုံးဝကို ခံစားရတာ မိုက်တယ်။ တစ်ချို့ဆို ကုန်သွားလို့ ပယ်လိုက်ရတာတွေတောင် ရှိသေးတယ်။
အဲလို ပျော်စရာကောင်းတဲ့ Business Game လေးတစ်ခုက မင်မင်ကို အသိပေးသွားတဲ့ အရာတစ်ခုလည်းရှိပါသေးတယ်။ အဲဒါကတော့ အချိန်ဘဲ။ စီးပွားရေး လုပ်ရတာ အမြတ်တွေ ရရင်း ရရင်း ဆက်တိုက် ဆော့နေပေမယ့် စလုပ်လိုက်တဲ့ 2021 ခုနှစ်ကနေစပြီး ခဏလေးတွင်းမှာကို 2026 ထိ အချိန်တွေ ခဏလေးကျော်သွားတာပါ။ နှစ်တွေကြာပြီးဆိုပေမယ့် ဝင်ငွေနဲ့ပတ်သတ်ပြီး အားရလားဆိုတော့ လုံးဝ အားမရသေးဘူး။ ဆက်ပြီးတော့ တိုးချဲ့ခြင်နေသေးတာ။ Income နဲ့ Outcome ကို တွက်ကြည့်ရင် ဒီဟာရဲ့ အောင်မြင်မှုကို ရ‌မယ့်တစ်နေ့က ဘယ်နှစ်ခုနှစ်ကိုတောင် ရောက်နေမလဲဆိုတာ မတွေးရဲစရာပါ။ ဒါက Game ထဲမှာတော့ မပါပေမယ့် မင်မင်စဉ်စားမိတာလေးပေါ့။

အဲဒါကြောင့် ပိုက်ဆံတွေဘာတွေ လုံးဝ ခိုးမဆော့ပါနဲ့။ မဟုတ်ရင် ဒီ Game ရဲ့ အနှစ်သာရကို သင်ဘယ်တော့မှ နားလည်မှာ မဟုတ်တော့လို့ပါ။

Game Information

Android version 4 . 4 +
Developer Pixmain
Network Offline
Price $ 5.99
App version 1.2.6
Release date 12.10.2021

Download Link

Type Size Link

Playstore

420 MB

5.99 $

Mediafire

 

400 MB

( Apk Only )

Download

Apple iOS

400 MB

5.99 $
 
⭐ ( HELLO Rating = 8 / 10 ) ⭐

#HELLOYDB

Related Posts

  • Tierra     နောက်ထွက်တဲ့ Puzzle Adventure Game တစ်ခုဖြစ်ပြီး London အခြေစိုက် M9 Games ကနေ ထုတ်လုပ်ပေးထားတာပါ။ Android မှာ $ 3.99 နဲ့ရောင်းချတဲ့ Paid Game တစ… Read More
  • Detective Mimo    မနေ့ညကမှ ထွက်လာတဲ့ ဒီ GAME လေးက ကြောင်မလေး Mimo နေရာကနေ စုံထောက်လုပ်ပေးရမှာဖြစ်ပြီး ထင်ထားတာထက်ကို ဇာတ်လမ်းလေးက လှည့်ကွက်များပါတယ်။ Paid Game လေးလည… Read More
  • SlendyTubbies 3 Mobile Edition             လူသိနည်းတဲ့ Multiplayer Horror Game တစ်ခုဖြစ်ပြီး SlendyTubbies Series ရဲ့ နောက်ဆုံးထွက် Horror Game တစ်ခုပါ။  တကယ်တော့ မနေ့က S2 တင်တာက ဒီ Game တွက… Read More
  • Ni No Kuni Cross Worlds           မကြာသေးခင်ကမှ ထွက်လာတဲ့ ဒီ Game က Korea အခြေစိုက် Netmarble ရဲ့ နောက်ထပ် ဖန်တီးမှုတစ်ခုဖြစ်ပြီး Unreal Engine 4 ကို  သုံးပေးထားတ… Read More
  • UNHOLY NEIGHBORHOOD°         ဒီ လ ၁၇ ရက်နေ့ကမှ ထွက်လာတဲ့ Poland ကထုတ်တဲ့ Game အသစ်လေးဖြစ်ပြီး  Adventure သမားတွေတွက်တော့ လုံးဝ အကြိုက်တွေ့စေမှာပါ။ Fan တွေ မှတ်မိလားမသိပေမယ့် Lucid Deam Adventure Game… Read More

Comments

လူကြည့်အများဆုံး GAMES