LANCE
° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက အခုမှ Early Access သာရှိသေးပြီး သာမန် Developer လေးတစ်ယောက်ကနေ လက်စွမ်းပြထားတဲ့ Unique Game ကောင်းလေးတစ်ခုလို့လည်း ပြောလို့ရပါတယ်။ တကယ်ကို လူသိနည်းတာကြောင့် ရှာရခက်သလို တခြား Game တွေနဲ့ မတူတာက Sci-Fi ဆန်ဆန်ကိုမှ သာမန်ကားတွေနဲ့ မဟုတ်ဘဲ Flying Car တွေနဲ့ Battle ဆိုင်ရမှာပါ။ Game ပုံစံလေးက တော်တော်လေးရိုးရှင်းပြီး သဘောကျစရာကောင်းတာကြောင့် အသစ်ဆန်းဆော့ခြင်တဲ့သူတွေတွက် အန်ကိုက်ဖြစ်စေမှာ သေချာပါတယ်။
° Game ပုံစံလေးက Team နှစ်ဖက် Diamond တွေကို သတ်မှတ်အချိန်တွင်း လိုက်လုရမှာဖြစ်ပြီး Challenge ဖြစ်စေတာကတော့ ကန့်သတ်နယ်မြေတွေနဲ့ အပီပြင်ကစားရမှာပါ။ Game စကတည်းက သာမန်လူတစ်ယောက်အနေနဲ့ Gun တွေပါ ပစ်လို့ရပြီး Car Zone ရောက်သွားတာနဲ့ Flying Car တစ်စင်းကို ပုံစံပြောင်းပြီး မြေပေါ်မြေအောက် Action ဆန်ဆန် အဖွဲ့လိုက် ကစားရမှာပါ။ တစ်ခုရှိတာက Car ပုံစံပြောင်းထားရင် ဓာတ်ဆီအကန့်သတ်နဲ့သာ မောင်းလို့ရပြီး တစ်ချို့ ကန့်သတ်နေရာတွေဆိုရင် လူပုံစံတန်းပြောင်းသွားမှာပါ။ အမြင့်တွေထိပါ တက်မောင်းလို့ရပြီး Car တိုင်းရဲ့ Weapon Gun တွေကစ တစ်ခုနဲ့ တစ်ခု အားသာချက်ချင်း မတူကြပါဘူး။
° Character အနေနဲ့ Male ကော Female ပါ ကိုင်လို့ရပြီး ဝတ်စုံတွေကစ Color စိတ်ကြိုက်ချိန်းလို့ရပါတယ်။ Car တွေကတော့ Box စနစ်နဲ့လာတာဖြစ်ပြီး Battle Pass လည်း ထည့်ပေးထားတာပါ။ တစ်ခုမိုက်တာက Car တစ်စီးရဲ့ အသုံးပြုချိန် experience ပေါ်မူတည်ပြီး Level အလိုက် အားသာချက်တွေပါ တိုးလို့ရတာပါ။ သူငယ်ချင်းတွေနဲ့အတူ Invite လုပ်ပြီး ကစားလို့ရတဲ့အပြင် Graphic ပိုင်းမှာလည်း Option မပါပေမယ့် Optimize ကောင်းတယ်လို့ ပြောလို့ရပါတယ်။ fps 60 ထိ Support ပေးထားပြီး Shadow တွေကစ ကြည့်ကောင်းတဲ့ Game လေးတစ်ခုဖြစ်တာကြောင့် Game အသစ်ဆန်းဆော့ခြင်တဲ့သူတွေတွက် အကြိုက်တွေ့စေမှာပါ။
[- Review -]
ဒီ Game ကို အစက သိပ် Fix မှာမဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် ဆော့ကြည့်လိုက်တော့ ပုံစံတစ်မျိုးနဲ့ အရသာတွေ့စေတာ အမှန်ဘဲ။ Game တွေ အများကြီးထဲကမှ အခုလို လူကနေ Car ပုံစံပြောင်းပြီး Battle ဆိုင်လို့ရတဲ့ Online Game ဆိုတာရှားပါတယ်။ နောက်ပြီး Flying Car တွေဆိုပြီး Physical မကျဘူးလို့ မထင်လိုက်နဲ့ သူက Magnet Energy ကို သုံးထားသလိုမျိုး Power တွန်းပေးမှ အပေါ်ထိ မြှောက်တက်သွားတာမျိုးပါ။ သာမန်ဆိုရင် ကားမောင်းသလိုဘဲ မြေပြင်နဲ့ အနည်းငယ်သာ ကွာတာဖြစ်ပြီး ထိန်းရတာလည်း မဆိုးဘူးပြောရမယ်။
Game စကတည်းက Diamond တွေ လိုက်စုလို့ရပေမယ့် Map ထဲမှာပါ HP နဲ့ Diamond အစလေးတွေပါ လိုက်ရှာလို့ရပါသေးတယ်။ အကောင်းဆုံးကတော့ Diamond များများရထားတဲ့သူတွေစီက Loot တာ အကောင်းဆုံးဘဲ။
အားနည်းချက်ကတော့ Game က တအားရိုးရှင်းပြီး Reload ပုံစံတွေ သိပ်အားမရဘူး။ ပြောရရင် ရယ်စရာကြီးလိုဖြစ်နေတာ။ အုပ်လိုက်ကြီး ဝင်တိုက်ပြီး သူပစ်ကိုယ်ပစ်နေရင်းကနေ ကျည်ကုန်သွားတော့ အားလုံးက ရပ်ပြီး reload ပြီးတဲ့ထိ ဒီတိုင်းကြီး ရပ်နေကြတာ။ ပြီးမှ ပြန်ပစ်ကျတော့ ဆော့ရင်းနဲ့တောင် ကိုယ့်မှာ ရယ်နေရတာ။ မသိရင် တိုင်ပင်ခေါ်ထားကြတဲ့အတိုင်းဘဲ။
ဒီတော့ Size လည်းနည်းတာကြောင့် စမ်းကြည့်သင့်တယ်လို့ မင်မင်ကတော့ မြင်တယ်။ ပုံစံတူ Game တွေ ဆော့တာထက်စာရင် Experience အသစ်ရတာပေါ့။
Android version | Unknown |
Developer | Vionis |
Network | Offline |
Price | Free |
App version | Early Access |
Release date | Early Access |
Download Link
Type | Size | Link |
Playstore |
218 MB |
Download |
Apkcombo
|
218 MB ( Apk Only ) |
Download |
Apple iOS |
--- |
Unavailable |
⭐ ( HELLO Rating = 7.2 / 10 ) ⭐
#HELLOYDB
Comments