Love Esquire
° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးက Philippines အခြေစိုက် Yangyang Developer ကနေ ထုတ်လုပ်ပေးထားတာတဲ့ Dating Sim / RPG အမျိုးစား Game တစ်ခုဖြစ်ပြီး PC နဲ့ Nintendo Switch မှာပါ ထုတ်ပေးထားတာမလို့ Visual Novel Fan တွေတွက် အရမ်းသဘောကျကြမှာပါ။ သဘောကျဆို Dating Simulation မလို့ Waifus 5 ယောက်စလုံးကို နည်းမျိုးစုံနဲ့ လိုက်ပိုးရမယ့် Game ဆိုလည်း မမှားပါဘူး ။ The Letter ဆိုတဲ့ Horror Game ကြီးကို ထုတ်ပေးထားတဲ့ Developer တွေကနေဘဲ ဖန်တီးထားတာမလို့ ဒီတစ်ခါ အချစ်ဇာတ်လမ်းလေးမှာကော ဘယ်လိုတွေ ဆွဲဆောင်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါ ။
° ဒီ ဇာတ်လမ်းထဲမှာတော့ သင်က သာမန်ကောင်လေးတစ်ယောက် သာသာတာဖြစ်ပြီး နာမည်ကြီး Knight တစ်ယောက်အနေနဲ့ မဟုတ်ဘဲ Squire အနေနဲ့သာ တွေ့ရမှာပါ။ လေးလအကြာမှာ လိုက်သွားရမယ့် စစ်ပွဲကြီးအတွက် ပြင်ဆင်ရင်း ကြားကာလလေးမှာ မတူညီတဲ့ နယ်ပယ်က အရမ်းချစ်စရာကောင်းတဲ့ ကောင်မလေး ၅ ယောက်ကို စုံခွင့်ရမှာပါ။ ဒါပေမယ့် Squire တစ်ယောက်အနေနဲ့တော့ သူတို့လေးတွေနဲ့ ရင်းနှီးဖို့ဆိုတာ မလွယ်ပါဘူး။ ဘာလို့ဆို သာမန်အတန်းစားကနေ အထက်တန်းစားတွေထိပါ ပါဝင်ပတ်သတ်နေတာကြောင့် ခပ်ပေါပေါ သင့်လိုကောင်လေးတစ်ယောက်အတွက် သူတို့ရဲ့ အချစ်တွေကို ရယူနိုင်မလားဆိုတာက စိတ်ဝင်စားစရာပါ။ Multiples Endings ပါဝင်တာကြောင့် သူတို့လေးတွေရဲ့ Dirty Little Secrets တွေကို ကိုယ်တိုင်ဘဲ ရအောင် ဖော်ထုတ်ကြည့်တော့နော်။ နောက်ခံစကားပြောသံတွေပါ ပါတာကြောင့် English Skill နဲ့ပတ်သတ်ပြီး Listening ကော ၊ Speaking ပါ အကုန်အထောက်အကူပြုတဲ့အပြင် ဖွန်ကြောင်တတ်တဲ့ Skill ပါ ဗဟုသုတရမှာပါ။
⚠️ Online Game လေးမလို့ လိုအပ်တဲ့ အခန်းတွေရောက်တိုင်း Voice Data ထပ်ဆွဲတတ်တာကို သတိပြုပေးပါ။ Save စနစ်ဟာလည်း Online မှာဘဲ အလုပ်လုပ်ပါတယ်။
( Romantic Scene လေးတွေပါတာမလို့ ၁၆ နှစ်အောက်နဲ့ FA တွေတွက် မဆော့သင့်ပါ / စတာနော် ဖွန်ကြောင်ရင်း E Skill ကောင်းအောင် လေ့ကျင့်လို့ရတယ် )
[- Review -]
ဒီ Game ရဲ့ MC က တကယ်ကို ဖွန်အကြီးစားပါ။ လူက အူတူတူနဲ့ စစ်ပွဲကြရင် လူပျိုဘဝနဲ့ အသေမခံနိုင်လို့ Huge ဆိုတဲ့ သူ့သူငယ်ချင်း နှာဘူးကောင် Knight နဲ့ ပေါင်းပြီး ဇာတ်လမ်းက စခဲ့တာပါ။ နေတာက ဦးလေးဆီမှာ လယ်လုပ်နေတာဖြစ်ပြီး အဲမှာ အရမ်းချစ်စရာကောင်းတဲ့ ညီမဝမ်းကွဲ AMY ပါရှိနေတာပါ။ နောက်ဆုံး အလုပ်ရတော့ သူငယ်ချင်း ဖြစ်တဲ့ Huge ဆီမှာ Squire နေရာရခဲ့ပြီး Huge ကတော့ Knight တစ်ယောက်ပေါ့။ Knight ဆိုပြီး အထင်မကြီးနဲ့ တိုင်းပြည်မှာ နှာဘူး Knight အနေနဲ့ ကျော်ကြားတာ။ ဒီတော့ MC က Bar မှာ ဖွန်သွားကြောင်တိုင်း ဟို နှာဘူးကောင် Knight အဖွဲ့ထဲမှာ ပါတော့ စော်ငြင်းကောင်ကြီးဖြစ်သွားတာပေါ့။
ဒါပေမယ့် အလုပ်စကတည်းက MC အတွက် အချောလေးတွေ တစ်ယောက်ပြီးတစ်ယောက်စုံလာတာပါ။ အဲမှာ တော်ဝင်မျိုးနွယ်ဖြစ်တဲ့ မာနကြီးကြီး မင်းသမီး Beatrice လည်းပါသလို သူနာပြုမလေးဖြစ်တဲ့ အေးတိအေးစပ် Miku တို့လို Type မျိုး Giselle ဆိုတဲ့ ကောင်မလေးလဲပါပါတယ်။ နောက် တခြားတိုင်းပြည်ကလာတဲ့ အူလည်လည် မင်းသမီး Kamal အပြင် ခပ်ပုပု ခပ်စွာစွာနဲ့ အရမ်းအရမ်း အူယားစရာကောင်းတဲ့ Vel ဆိုတဲ့ ကောင်မလေးပါ စုံခွင့်ရမှာပါ။ တစ်ယောက်တစ်မျိုးနဲ့ အရမ်းအူတက်အောင်ရယ်ရတာဖြစ်ပြီး ကြားထဲမှာ နောက်ထပ် Sexy Character တွေပါ ထပ်တွေ့ရအုံးမှာပါ။ MC ရဲ့ ချဉ်းကပ်ပုံတွေကစ အရမ်းဂွတိဂွကျဖြစ်သလို တော်တော်လည်း ရယ်ရတယ်။ အထူးသဖြင့် တခြားတိုင်းပြည်က အလည်လာတဲ့ မင်းသမီး Kamal ဆိုရင် ပိုဆိုးတယ်။
Spoiler မဟုတ်ပေမယ့် မဆော့ဖြစ်ခဲ့ရင် သိရအောင်လို့ပါ။ အဲမှာ သူမက တိုင်းပြည်ရဲ့ Culture တွေကို လိုက်လေ့လာရင်း တစ်နေ့ကျတော့ သင့်စီကနေ အကူညီလာတောင်းတာပေါ့။ ဘာလဲဆိုတော့ Communication ကောင်းအောင်လို့ ဒီဒေသရဲ့ Informal စကားတွေကို သိခြင်နေတာ။ အဲမှာ ဟို မောင်မင်းကြီးသား MC က တကယ်မဟုတ်ဘူးအထင်နဲ့ အောက်လုံးတွေသင်ပေးလိုက်တာ နောက်နေကြ ပြဿနာတက်ပါလေရော။ ဟိုက မင်းသမီးတွေရှေ့မှာ အဲအောက်လုံးတွေ ပြောလိုက်တဲ့အပြင် ၊ ဟိုက ဒီ စကားလုံးတွေ ဘယ်သူသင်ပေးတာလဲ မေးလိုက်တော့ MC က သင်ပေးခဲ့တာပါဆိုပြီး ဂုဏ်ယူစွာနဲ့တောင် လာအသိပေးလိုက်သေးတယ်။ မင်မင်ဆို အဲအပိုင်းမှာ အူကိုတက်လို့။တကယ် တကယ်ကို တစ်ယောက်တစ်ပေါက်နဲ့ ခွီးနေရတာ။ Game က The Letter လိုဘဲ နောက်ခံ Voice Actors တွေပါ ပါတော့ ဆော့ရတာ Feel ရှိတယ်။
Gameplay
=========
ဒီ Game က VN ဆိုပေမယ့် Old-School RPG ပုံစံဖြစ်ပြီး Turn Base Strategy Gameplay ပါ ပေါင်းထားတာပါ။ အထင်မသေးနဲ့နော် ပါဝါပြန်ဖြည့်တာ အဆန်းကြီး ၊ Gameplay ကစ အူတက်နေတာ။ Enemy သေလို့ Gold Bag ကျရင် ဂျွန်းပစ်ပြီး မနည်းလုရတာ။ အဆိုးဆုံးကတော့ ဟိုနှာဘူးကောင် Kinght ကို Cheer လုပ်ရင် Enemy ဘက်ကို မသိမသာ နောက်ကသွားပြီး ဆင်ဆာပါတဲ့ Waifu ပုံလေးတွေ ပြရတာလဲ အမော။ အစကတည်းက MC က ပေါက်ပန်းလေးဆယ် ခပ်နုနုဆိုတော့ Character Upgrading အပိုင်းကို Skill အစုံနဲ့ Up ရမှာပါ။ အဲမှာ Body Training ရှိတယ် ၊ Knowledge Training ရှိတယ် နောက် ဖွန်ကြောင်တဲ့ Training Point ပါ ထည့်ပေးထားတာ။ အဲအတွက် Level အမျိုးစားပေါ်မူတည်ပြီး Coin နဲ့ Time ကိုပါ ခွဲသုံးပေးရတယ်။
တစ်ခုရှိတာက အရင်က The Letter လို DLC Selling မဟုတ်တော့ဘဲ Microtransaction တွေ ပါလာတာပါ။ Gacha စနစ်လဲပါသလို Energy Limit တွေပါ ထည့်ပေးထားတော့ ဆော့ရတာ တစ်ထိုင်တည်းတော့ ပြီးမှာမဟုတ်ဘူး။ နောက်ပိုင်းကျရင်လည်း Diamond Choice တွေပါလို့ သိပ် Satisfied ဖြစ်မှာမဟုတ်ဘူး ။ Diamond ကနေ Coin ပြောင်းလို့ရပြီး Coins ကနေ Gacha နဲ့ Character Training လုပ်လို့ရတယ်။ Gacha မှာက Waifu လေးတွေကို Gift ပေးလို့ရမယ့် အသုံးဆောင်တွေကို ကံစမ်းရမှာပါ။ အကြံပေးခြင်တာက သူတို့ရဲ့ Birthday နေ့မှာ ပေးရင် ပိုပြီး Relationship Point တိုးတယ်။ တခြား Platform မှာက Paid နဲ့ထွက်ထားတာဆိုတော့ Mobile မှာ အဲလောက်တော့ရှိမှာပေါ့။ အဲတော့ ဆော့ပျော်တဲ့ Game လေးမလို့ အချိန်ပေးရတာ တန်မှာပါ။
( Screen ရှည်တဲ့ ဖုန်းတွေက ratio မမှန်သေးဘူးနော် ဆော့လို့တော့ရတယ် ၊ အသံပိုင်းမှာလည်း နည်းနည်း Volume မမှန်တာလေးတွေ တွေ့ရတယ် )
Unofficial Review
==============
ဒီ Game မှာ အားမရတာကလေ MC က စကားသွားပြောတိုင်း အလုပ်နဲ့ အကြိုက်ဆုံးနေရာတွေဘဲ မေးနေတော့ မင်းသမီး Beatrice စိတ်မရှည်တာမပြောနဲ့ ဆော့နေတဲ့ ကိုယ်တောင် ဖြတ်ရိုက်ပစ်ခြင်တာ။ Giselle ဆိုရင် Miku လိုဘဲ စကားနည်းနည်းနဲ့ အရေးကို မလုပ်တာ ကောင်းတယ်။ Vel ဆိုရင် ပိုဆိုး အေးတာဘဲ ။ MC နေရာကနေသာ ဆော့နေတာ အသံသေးအသံကြောင်နဲ့။ သူငယ်ချင်းကို ဆေးထိုးတာလည်း ကြမ်းချက်။ ဘယ်လိုပြောရမလဲ MC က Romantic Character မဟုတ်ဘဲ အရိပ်အပါးနားမလည်း အူတူတူနဲ့ ဒဲ့ပြောတတ်တဲ့ Character ကြီး။ နောက်ပိုင်းကျရင်တော့ အချိုးပြေမယ်လို့ ထင်ရတာဘဲ။ ဘာလို့ဆို All Finished မဟုတ်သေးလို့ ပြောမရဘူး။
Bonus Information ( Not For Kid )
==========================
ဒီ Game မတင်ခင်ကို Admin မှာ တော်တော် စုံစမ်းရသေးတယ်။ Dating Simulation Game ဆိုတော့ 18+ ပါမပါဆိုတာ စစ်ရတာပေါ့။ တော်သေးတယ် Mobile version က 18+ လုံးဝမပါသလို Playstore ကပါ ခွင့်ပြုမထားတာကြောင့် စိတ်ချရတယ်။ ပါတာက Unofficial Fan Mod ဖြစ်ပြီး PC မှာဘဲ ထွက်ထားတာပါ။ အဲတော့ မမှောင်ဘဲ အေးဆေးဆော့လို့ရတယ်။
Android version | 6 . 0 + |
Developer | Yangyang Mobile |
Network | Online |
Price | Free |
App version | 1.4.7 |
Release date | 19.10.2021 |
Download Link
Type | Size | Link |
Playstore |
130 MB |
Download |
Apkcombo
|
130MB ( Apk Only ) |
Download |
Apple iOS |
405 MB |
Download |
⭐ ( HELLO Rating = 7.8 / 10 ) ⭐
#HELLOYDB
Comments