Maid Master
° အခုဆိုရင် Korea Game လေးဖြစ်တဲ့ Maid Master လေးကတော့ English Language ကို Official ထည့်ပေးထားတာကြောင့် ပြန်ဆော့ကြည့်လို့ရနေပါပြီ။ အရမ်း Cute ဖြစ်လွန်းလို့ Anime Fan တွေ သဘောကျရုံတင်မကဘဲ ဇာတ်လမ်းလေးကပါ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ RPG Game ကောင်းလေးတစ်ခုမလို့ အကြိုက်တွေ့စေမှာပါ။
° အနာဂတ် 2142 ခုနှစ်မှာ လူသားတွေဟာ androids လို့ခေါ်တဲ့ မိန်းမချော Robots တွေနဲ့ အတူ အလုပ်တွေမှာ တဖြည်းဖြည်းအစားထိုးလာကြပြီး ရှေ့နေမတွေ၊ သူနာပြုတွေ၊ လေယာဉ်မယ်တွေနဲ့ အိမ်ဖော်တွေရဲ့ နေရာဟာ အရမ်းချောလွန်းတဲ့ စက်ရုပ်မလေးတွေ အဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ Virus တစ်မျိုးဟာ သူနာပြုစက်ရုပ်မတွေကို အရင် ကူးစက်ခဲ့ပြီး လူသားတွေတွက် ကပ်ဆိုက်လာခဲ့တာကြောင့် အခြေနေတွေဟာ ပြောင်းလဲလာခဲ့ပါတယ်။ အကြောင်းကတော့ Nurse androids တွေကို တိုက်ဖို့တွက်တခြား androids တွေကို အသုံးပြုခဲ့ကြပြီး ပိုဆိုးတာက Nurse တွေကို တိုက်တဲ့ androids မှန်သမျှပါ အကုန် Virus ကူးကုန်ပြီး လူတွေကို ပြန်အန္တရယ်ပြုလာကြတာပါ ။
° အဲထဲက ထူးခြားတာက androids တွေထဲမှာ Maid စက်ရုပ်မလေးတွေသာ ကူးစက်ခြင်းကို မခံခဲ့ရပြီး လူသားတွေရဲ့ နောက်ဆုံး Last Defence အဖြစ်နဲ့သာ ကျန်ရှိခဲ့တာပါ။ ဒါကြောင့် သင်က Maid ကောင်မလေးတွေကို စီမံပေးရမယ့် ကောင်လေးတစ်ယောက်ဖြစ်ပြီး Nurse တွေကလည်း Maid တွေကို Virus အကူးခံရဖို့တွက် နည်းမျိုးစုံနဲ့ ကြိုးစားကြမှာပါ။ အဲတော့ Maid လေးတွေကို သင့်အနေနဲ့ ဗျူဟာကျကျ တိုက်ပွဲမှာ အနိုင်ရဖို့တွက် စီမံပေးနိုင်ပါ့မလား ?
° ဒီ Game မှာဆိုရင် Storyline ဖြစ်တဲ့ Chapter Mission တွေအပြင် Arena Mode တွေပါ ထည့်ပေးထားပါတယ်။ တိုက်ပွဲတိုင်းမှာ ကြိုက်နှစ်သက်ရာ Character 5 ယောက်ကို ထည့်သွင်းအသုံးပြုနိုင်ပြီး Quick Speed နဲ့ Auto စနစ်တွေပါ ထည့်ပေးထားတာပါ။ Character နဲ့ Items တွက် Gacha စနစ်ပါဝင်ပြီး Skin တွေပါ ထည့်ပေးထားတာကြောင့် Free To Play ဖြစ်ပေမယ့် အနိုင်ရဖို့တွက် အတော်ရုန်းရမယ့် Game တစ်ခုပါ။ Level နဲ့ Upgrade လုပ်နိုင်စွမ်းက အရေးပါပြီး Character တွေရဲ့ Unique Ability ပေါ် အသုံးချနိုင်စွမ်းကလည်း လိုအပ်ပါသေးတယ်။ အဓိကကတော့ Waifu လေးတွေက အရမ်းချောတာကြောင့် ဇာတ်လမ်းပိုင်းတင်မကဘဲ အသံလေးတွေကပါ ဆွဲဆောင်စေတဲ့ Game တစ်ခုပါ။
[- Review -]
Game လေးက အရမ်း Cute ဖြစ်ပေမယ့် Mission ကတော့ တော်တော်ကို မလွယ်တာပါ။ Lineup မှာ Weak ဖြစ်တဲ့ Range နဲ့ Mage တွေကို အနောက်မှာ ထားပေမယ့် တစ်ခါလေ Enemy တွေကပါ ဗြုန်းစားကြီး အနောက်ကနေ ဝင်တိုက်တတ်ပါတယ်။ အဲတော့ Upgrade နဲ့ Ability တွေပေါ် အချိန်ကိုက် အသုံးချနိုင်မှုက အရေးကြီးတယ်။
ပထမဆုံး Free ရတဲ့ Ticket လေးနဲ့ တစ်ကြိမ်ဖောက်လိုက်တာ ကံကောင်းခြင်တော့ Full Star ဖြစ်တဲ့ Android မလေးပေါက်မိသွားတာ။ စိတ်ဝင်စားစရာကောင်းတာက အဲကောင်မလေးရဲ့ Ability က Android ကောင်လေးတွေကို ထုတ်သုံးတာပါ။ အသစ်ဆန်းဖြစ်သလို တခြား Character တွေမှာလည်း ထူးဆန်းတာတွေပါသေးတယ်။ Age 12+ ပြောထားပေမယ့် မင်မင် 10 Draw နှိုက်တဲ့ထဲမှာ ပါလာတဲ့ Fighter မလေး ကတော့ စဉ်းစားစရာဘဲ။ ဘာလို့ဆို သူကိုင်တဲ့ လက်နက်က...မင်မင်လည်း မသိဘူး။
ချုံပြောရရင် Game ဒီဇိုင်းနဲ့ Character လေးတွေကို သဘောကျပေမယ့် အဓိကကတော့ အပျင်းပြေဆော့ရုံလောက်ဘဲ သဘောကျကြမယ်လို့ ထင်မိတယ်။ ရေရှည်ဆော့ရင်တော့ Shops ထဲက Exp Card တွေတောင် Limit နဲ့မလို စိတ်ရှည်မှဘဲ ရမှာပါ။ ဘာဘဲဖြစ်ဖြစ် ဆော့ရတာ ပျော်စရာတော့ကောင်းတယ်။Dispatch Mode တွေပါ ပါတော့ ဆိုးတော့မဆိုးဘူး အချိန်ဘဲ ပေးရမှာ။ Event နဲ့ Quest တွေကလည်း Newbies တွေတွက် အတော်ပေးထားတာ။
Android version | 7 . 0 + |
Developer | SnipeGames |
Network | Online |
Price | Free |
App version | 1.081 |
Release date | 2021 |
Download Link
Type | Size | Link |
Playstore |
400 MB |
Download |
Apkcombo
|
345 MB ( Xapk ) |
Download |
Apple iOS |
502 MB |
Download |
⭐ ( HELLO Rating = 7.7 / 10 ) ⭐
#HELLOYDB
Comments