Modern Gun

° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက Cyprus နိုင်ငံအခြေစိုက် XDEVS LTD Developer တွေကနေ ဖန်တီးပေးထားတဲ့ First Person Shooter Game တစ်ခုပါ။ စစထွက်ခြင်းမလို့ Bug လေးတွေ ရှိနေသေးပေမယ့် Graphic အတော် ကြည့်ကောင်းတဲ့ Game တစ်ခုဆိုလည်း မမှားပါဘူး။ လောလောဆယ် Android တွက်သာ ရရှိသေးပြီး iOS တွေကတော့ မသေချာပါဘူး။
° Gameplay က Team နဲ့ Death Match သာပါဝင်ပြီး Map ကတော့ သုံးခုပေးထားပါတယ်။ Solo Playing သာ လောလောဆယ်မှာ ကစားနိုင်ပြီး Weapon နဲ့ Upgrade စနစ်အပြင် Character အစုံပါ ဝယ်ယူလို့ရမှာပါ။ Graphic ကတော့ Option သိပ်မပါပေမယ့် လောလောဆယ်တော့ Gun Sound ပိုင်းမှာတစ်ခါလေ Error တက်နေသေးပါတယ်။ တအားအဆိုးကြီးမဟုတ်ဘဲ ဆော့လို့ရတဲ့ အခြေနေမှာရှိတာကြောင့် Graphic စမ်းကြည့်ခြင်တဲ့သူတွေတွက် အပျင်းပြေစေမယ့် Game တစ်ခုပါ။
[- Review -]

Graphic ကို သဘောကျပေမယ့် သိပ်တော့ အားမရသလို ခံစားရတယ်။ Feature အသစ်တွေ Update မှာ ထပ်ပါလာရင်တော့ လူကြိုက်များနိုင်မယ့် Game တစ်ခုပါ။ ပြောရရင် Enemy Death ရင်တောင် Gun ကောက်မရဘဲ armor ဘဲပေးတာဆိုတော့ နည်းနည်းတော့ မမိုက်ဘူး။ သေနတ်အကောင်းသမားတွေနဲ့ တိုးရင်တော့ ယှဉ်ပစ်ရင်တောင် မလွယ်ပါဘူး။ အဓိကက Head shot ဆိုပေမယ့် Movement or Bullet Hit တွေကစ သိပ်မသိသာသလို ခံစားရတယ်။

Game Information

Android version 5 . 0 +
Developer XDEVS LTD
Network Online
Price Free
App version 1.0.0
Release date 6.10.2021

Download Link

Type Size Link

Playstore

417 MB

Download

Apkcombo

 

417 MB

( Apk and Obb )

Download

Apple iOS

---

-
 
⭐ ( HELLO Rating = 5 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES