Nun Massacre

° ဒီ‌နေ့ အသစ်ထပ်ထွက်လာတဲ့ Game လေးကတော့ Hello Fan တွေ အရမ်းကြိုက်လွန်းလို့ ကျော်သွားမယ့် Horror Game လေး တစ်ခုဖြစ်ပြီး PC ကနေ Mobile ပေါ်ရောက်ရှိလာတာကြောင့် လုံးဝကို သဘောကျမှာပါ။ 2018 တုန်းက PC မှာ လူကြိုက်များခဲ့တဲ့ Puppet Combo ရဲ့ Survival Horror Game တစ်ခုဖြစ်ပြီး Ending အမျိုးမျိုးနဲ့ Player တွေရဲ့ ကြောက်စိတ်ကို ဆွဲဆောင်ခဲ့တာကြောင့် အခု Mobile version မှာလည်း ဘယ်လိုတွေ ရင်တုန်စရာကောင်းမလဲဆိုတာ စိတ်ဝင်စားစရာပါ။
° ရေချိုးနေတဲ့ ညတစ်ညမှာ သင့်အိမ်ကို ထူးဆန်းတဲ့ စာတစ်စောင်ရောက်လာခဲ့ပြီး ဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ သင့်သမီးလေးဟာ ကျောင်းမှာ နေမကောင်းဖြစ်နေတယ်ဆိုတာ သိလိုက်ရတာပါ။ အဲဒါကြောင့် ညတွင်းချင်း ကားနဲ့ လိုက်သွားပေမယ့် ကျောင်းနားရောက်ခါနီးကျမှ မုန်တိုင်းကြောင့် လမ်းဟာ ပျက်ဆီးသွားခဲ့ပြီး သင်ကတော့ သမီးဇောနဲ့ မရမက လမ်းလျှောက်လာခဲ့ပါတယ် ။ အဲအချိန်ကနေစပြီး မိုးတွေချိန်းနေတဲ့ ညဘက်ကြီးမှာ လျှပ်တပြင်းပြင်းနဲ့အတူ ထူးဆန်းတဲ့ ပုံရိပ်တွေကို လမ်းတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရပြီး ကျောင်းကိုလည်း ရောက်သွားတဲ့ အချိန်မှာတော့.....ဘာတွေဆက်ဖြစ်မလဲဆိုတာ သိခြင်ရင် ကိုယ်တိုင်ဘဲဆော့ကြည့်တော့နော်။
° Game က Graphic အားနည်းတယ်ထင်ရပေမယ့် သုံးထားတဲ့ Color Effect နဲ့ Environment ဖန်တီးမှူက လုံးဝကို စိတ်ခြောက်ခြားစရာကြီးပါ။ မိုးခြိမ်းသံတွေကစ တကယ်ရောက်နေသလိုထိ နားထဲမှာ အသက်ဝင်ပြီး လျှပ်စီးလက်တိုင်းလည်း အမှောင်ထဲမှာ ထင်းကနဲဖြစ်သွားတဲ့ ပုံရိပ်တွေကြောင့် ဘာများတွေ့နိုင်မလဲဆိုတဲ့ စူးစမ်းခြင်စိတ်က အရမ်းစိတ်လှုပ်ရှား‌စရာ ကောင်းတယ်။ ပိုဆိုးတာက အမှောင်ထဲမှာ စိတ်ကြောင့် ပုံသဏ္ဍာန်အမျိုးမျိုးပေါ်နေတဲ့ သစ်ပင်တွေကလည်း လူတစ်ယောက် ကိုယ့်ကို ရပ်ကြည့်နေသလိုထိ ကျောချမ်းစေအုံးမှာပါ။ အဲဒါကြောင့် Ending 5 မျိုးထိပါဝင်တဲ့ Game ရဲ့ ဇာတ်သိမ်းဟာလည်း စိတ်ဝင်စားစရာကောင်းသလို ဘယ်ချိန်မှာ ဓားကြီးတရမ်းရမ်းနဲ့ ရုတ်တရက် ဝင်ခုတ်မလဲဆိုတာကလည်း အရမ်း အူယားစရာကောင်းပါတယ်။
[- Review -]

Game က တကယ်မထင်ရဘူး လူပါ အရှက်ကွဲတာ။ အသံချဲ့ ဆော့တတ်တဲ့ မင်မင်ရဲ့ အကျင့်ကြောင့် သေခါနီး ထွက်လာတဲ့ ညဉ်းသံကြီးက လုံးဝကို မထင်ထားတာပါ။ ဒီကြားထဲ ရုတ်တရက် ခေါင်းကြီး ထွက်လာတဲ့ အပိုင်းဆိုရင် ခုနက ညဉ်းသံကြောင့် ရှက်စိတ်ကော၊ ကြောက်စိတ်ပါ ရောထွက်သွားတာ။ ဒါတောင် မမှတ်ဘဲ မကျေနပ်လို့ ပြန်ဆော့ကာမှ ဘီးလူးသရဲစီးသလို အသားကုန် ဓားနဲ့ လိုက်ထိုးလို့ လူကို ပြာယာခက်နေတာဘဲ။ Live သာ လွှင့်ဆော့ရင်တော့ မတွေးရဲစရာဘဲ...

Game Information

Android version 4 . 4 +
Developer Puppet Combo
Network Offline
Price Free
App version 1.3
Release date 7.10.2021

Download Link

Type Size Link

Playstore

149 MB

Download

Mediafire

 

149 MB

( Apk Only )

Download

Apple iOS

300 MB

Download
 
⭐ ( HELLO Rating = 6.3 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES