Phantom knocks

° ဒီ Game က အခုလို Halloween နေ့မျိုးအတွက် မင်မင် ချန်ထားခဲ့တဲ့ အကောင်းဆုံး Game တွေထဲက တစ်ခုဖြစ်ပြီးထွက်ထားတာလဲ လပိုင်းဘဲ ရှိသေးတာမလို့ သိတဲ့သူ တအားနည်းပါတယ်။ လူသိနည်းတယ်ဆိုပေမယ့် လုံးဝ အထင်မသေးစေခြင်သလို ကြက်သီးထစရာကောင်းလောက်အောင်ထိ ဇာတ်အိမ်ကစ ဖန်တီးပေးထားတာကြောင့် အရမ်းကို မိုက်တယ်။ သတိပေးခြင်တာက နှလုံးရောဂါရှိတဲ့သူတွေ နဲ့ အသက် 16 နှစ်အောက် ကလေးတွေကို မဆော့ဖို့ရာတော့ အကြံပေးခြင်တယ်။ 
° သရဲ Game အများစုက အခြောက်ခံရတဲ့ သူရဲ့နေရာမှာဘဲ ဆော့ကြရတာ များပြီး ဒီတစ်ခုကတော့ လိုက်ရှာသူအဖြစ်နဲ့ ကစားရမှာပါ။ သင်ဟာ နာမည်ကြီး Ghost Hunter တစ်ဦးဖြစ်ပြီး တစ်နေ့ မိသားစုတစ်စုရဲ့ သဘာဝလွန်ဖြစ်ရပ်တစ်ခုကို လိုက်စုံစမ်းပေးဖို့တွက် အကြောင်းဖန်လာခဲ့တာပါ။ အဲဒီ မိသားစုက သိပ်မကြာခင်ကမှ အိမ်ပြောင်းလာကြတာဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာတင် သမီးဖြစ်သူ Janet ဟာ ရုတ်တရက် Coma ဝင်ခဲ့ပါတယ် ။ အဲဒီမတိုင်ခင်ကတည်းက ထူးဆန်းတဲ့ အဖြစ်ပျက်တွေကို မိဘတွေက သတိထားမိခဲ့ကြပြီး သံသယဖြစ်စရာအကောင်းဆုံးကတော့ Ruby ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို သူတို့သမီးက အမြဲတွေ့နေရတယ်ဆိုတာပါ။ သမီးဖြစ်သူ Janet ဟာ ဒီ အိမ်ကိုရောက်ကတည်းက အဲဒီကောင်မလေးကို မြင်နေရတယ်လို့ ပြောဖူးပြီး သူမနဲ့လည်း အတူတူဆော့ဖူးတယ်လို့ ပြောဖူးတာ‌ကြောင့် ဒီကိစ္စဟာ သက်မှန်ထက်ပို‌နေတယ်ဆိုတာ ရိပ်မိခဲ့ပါတယ် ။
° မိဘတွေလည်း Ruby ဆိုတဲ့ ကောင်မလေးကို ဘယ်သူဘယ်ဝါဆိုတာ မသိပေမယ့် တစ်နေ့ သူ့တို့သမီးကို 6 Book အကြောင်း ဖတ်ခိုင်းခဲ့ပြီး သိပ်မကြာခင်မှာဘဲ သမီးဖြစ်သူ Janet ဟာ အခုလို Coma အဖြစ်နဲ့ အိပ်ယာပေါ်ကနေ နိုးမလာတော့တာပါ။ စာအုပ်နဲ့ ပတ်သတ်ပြီး ဘယ်သူမှလည်း လိုက်ရှာလို့မတွေ့သလို Ruby ဆိုတဲ့ ကောင်မလေးကိုပါ အစနကစ ဘယ်လိုမှ စုံးစမ်းလို့ မရခဲ့ပါဘူး။ ဒါကြောင့် ဒီကိစ္စဟာ သာမန်နားလည်ရခက်တဲ့ သဘာဝလွန်အဖြစ်ပျက်တစ်ခုကို ကြုံ‌နေရတယ်လို့ ယူဆခဲ့တာကြောင့် Janet ကို ပြန်ကယ်ဖို့တွက် သင်ဆီကို အကူညီတောင်းခဲ့တာပါ။ ဒါပေမယ့် ဒီကိစ္စဟာ သေချာ အကွက်ကျကျ ပြင်ဆင်ပြီးမှ လုပ်သွားခဲ့တာကြောင့် လွယ်လွယ်နဲ့တော့ အဖြေရှာလို့ရမှာမဟုတ်ပါဘူး။ နောက်ပြီး အခုလို လိုက်စုံစမ်းနေတဲ့ သင့်ကိုလည်း Ruby က ဒီတိုင်းကြည့်နေမှာ မဟုတ်ဖူးဆိုတာ သေချာပါတယ်။ အဲတော့ သင့်အနေနဲ့ ရင်ဆိုင်ဖို့ သတ္တိရှိပါ့မလား ?
[- Review -]

ပြောရရင် Game က စာရေးရင်းကို တကယ် ကြက်သီးတွေထနေတာ။ Unreal Engine ကို သုံးပြီး ဖန်တီးပေးထားတာကြောင့် Graphic ကတော့ တကယ်ကို ကြည့်ကောင်းတယ်။ တခြား Game တွေနဲ့ မတူတဲ့ အချက်က ဒီ Game မှာ အာရုံခံစက်လေးကို ကိုင်ပြီး ရင်တထိတ်ထိတ်နဲ့ ဆော့ရတာမျိုးပါ။ အသံမြည်လာတာနဲ့အမျှ ကြက်သီးတွေ တဖျင်းဖျင်းထလာတဲ့ Vibe ကို ခံစားရမှာဖြစ်ပြီး ရုတ်တရက် ထွက်လာတဲ့ Jump Scare တွေကြောင့်ပါ ကြက်သေသေတဲ့ထိ ဖြစ်သွားနိုင်တယ်။ ပြောရရင် ဇောက်ထိုးကြီးကို လာတာ။
Control ကစ အတော်ကို အဆင်ပြေပြီး Game တစ်ခုလုံးရဲ့ အငွေ့သက်ကလည်း တကယ်ကို Horror ဆန်တယ်။ အမှန်တိုင်းပြောရရင် ဒီ Game ရဲ့ MC ကိုက သရဲတွေကို လိုက်စုံစမ်းနေတာမလို့ Player ကိုယ်တိုင်ကိုက ကြောက်မနေဖို့လည်း လိုပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ Scene တွေဆိုရင် သရဲကားထဲက အဖြစ်ပျက်ကို ကိုယ်တိုင်သွားရောက်နေသလိုမျိုးကို ခံစားရတာ။ ဥပမာ အာရုံခံစက်လေးကို အမှောင်ဘက် လှည့်လိုက်တဲ့အခါကြရင် အသံက ပိုပိုမြည်လာပြီး Danger အဆင်ထိပါ သတိပေးလာတာမျိုးပေါ့။ အဲချိန်ကြရင် ဘာများထွက်လာမလဲဆိုပြီး ခံစားရတဲ့ Feeling ကြီးက တအားမိုက်တယ်။

Game Information

Android version 5 . 1 +
Developer ST&G
Network Offline
Price Free
App version 1.6
Release date 28.10.2021

Download Link

Type Size Link

Playstore

243 MB

Download

Mediafire

 

243 MB

( Apk Only )

Download

Apple iOS

---

Coming Soon

⭐ ( HELLO Rating = 7.7 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES