Rappelz Mobile
° အသစ်ထွက်ထားတဲ့ MMORPG Game တစ်ခုဖြစ်ပြီး PC ကနေ Mobile ပေါ်ကို Graphic Improvement တွေနဲ့အတူ ရောက်ရှိလာတာကြောင့် အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ ဒါ့အပြင် gender-lock လည်း မပါသလို၊ VIP System နဲ့ Auto Gameplay ကို ဦးစားပေး မထားတာကြောင့် တခြား MMORPG တွေထက်စာရင် သဘောကျစေမှာပါ။ ဒါပေမယ့် Review လေး ဖတ်ကြည့်ပြီးတော့မှ ဆော့သင့်မဆော့သင့်ကို စဉ်းစားပေးစေခြင်တယ်။
° Gameplay က MMORPG ထုံးစံအတိုင်း Open World ကြီးထဲမှာ Quest တွေလုပ် ၊ Farming တွေပေး ၊ Dungeon တွေ ဝင်တိုက်ပြီး PvE or PvP ကစ Features အစုံပါပြီးသားပါ။ ထူးခြားတာက ဒီ Game ရဲ့ Pet System ဟာ အရမ်းကျယ်ပြန့်ပါတယ်။ Main Character အနေနဲ့တင်မဟုတ်ဘဲ Pet Character အဖြစ်နဲ့ပါ ဆော့ကစားနိုင်ပြီး Monster တွေကို အနိုင်ယူပြီးတိုင်း Dragon တွေကစ ပြန်မွေးလို့ရတာကြောင့် PvP လို Mode တွေမှာ အတော်အသုံးဝင်တယ်။ တခြား Character Upgrade တွေ ဘာတွေကတော့ သိပြီးသားဖြစ်မှာမလို့ သိပ်ပြောစရာမရှိဘူး။ ဆော့ရင်းနဲ့ နားလည်သွားလိမ့်မယ်။
° Graphic ကတော့ PC version ထက် ပိုကြည့်ကောင်းအောင် Skill Effect နဲ့ Shadow, Lighting တွေကစ Improve လုပ်ပေးထားတာပါ။ Option နဲ့ပတ်သတ်ပြီး အသေးစိတ်ပေးထားတာကြောင့် ဖုန်းတိုင်းနဲ့လည်း စိတ်တိုင်းကျ ချိန်ဆော့လို့အဆင်ပြေတယ်။ပြောရရင် High တိုင်းလည်း Blur တွေနဲ့ သိပ်ကြည့်မကောင်းဘူး အဲတော့ ချိန်ဆော့ဖို့ရာဘဲ အကြံပေးတယ်။ USA နဲ့ Canada မှာဘဲ Official Launch လုပ်တာကြောင့် Pin ကောင်းပေမယ့် တစ်ချက်တစ်ချက် အဆင်မပြေဘူး။ fps 60 ထိ Support ပေးပြီး High Setting တွက်တော့ Battery တအားစားပါတယ်။ Game အသစ်ဆိုပေမယ့် အရင်ကလည်း SEA ထုတ်ပေးဖူးတာကြောင့် သိပ်ပြောစရာမရှိပါဘူး။ Server ပိတ်သွားတဲ့ အကြောင်းရင်းလေးတွေလည်း ရှိခဲ့သေးတယ်။
Note
====
In Game ကျရင် 2.87 GB လောက် ထပ် Download လုပ်ရပါမယ်။
[- Review -]
အမှန်တိုင်းပြောရရင် ဒီ Game က Next Generation Graphic တွေ Mobile မှာ ထွက်မလာခင်ကတည်းက စောထွက်လာရမှာ။ Graphical Improvement လုပ်ထားတယ်ဆိုပေမယ့် Mobile ရဲ့ Latest MMORPG တွေစာရင် အတော် Weak တယ်ပြောရမယ်။ Engine ကြောင့်လည်း ပါမှာပေါ့။ အထူးသဖြင့် Game က အကုန် ချုံကြည့်ရင် ကြည့်ကောင်းတယ်ထင်ရပေမယ့် Character Skin ရဲ့ Bloom Effect တွေက အရမ်း သိသာနေတယ်။ ဆွဲဆောင်မှု မရှိတော့သလို ခံစားရတာ။
နောက်တစ်ခုက VIP System သုံးမထားတာတော့ သဘောကျပေမယ့် No Full Auto Gameplay ဆိုတာက လှည့်စားထားတာပါ။ ဒီ အချက်ကြောင့် နည်းနည်းစိတ်ပျက်သွားနိုင်ပေမယ့် အကြောင်းရင်းကတော့ ရှိပါတယ်။ ပြောရရင် ဒီ Game က Auto System ကြီးကို ပေါ်တင်ကြီး ပြထားတာမျိုးမဟုတ်ဘူး။ Navigation Arrow တွေနဲ့ ကိုယ်တိုင် Manual သွားရသလို လုပ်ပေးထားပေမယ့် မင်မင်ကလိကြည့်မှ Auto Feature ကြီးကို တွေ့မိသွားတာပါ။ Quest ထောက်ရုံနဲ့ သွားတာမျိုးမဟုတ်ဘဲ Movement ကို အကြာကြီးဖိ ပေးထားမှ Auto Unlock ဖြစ်တာမျိုးပါ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်ဘူး Auto Attack ကြီးပါ မသိမသာ သုံးလို့ရတော့ မင်မင်ကတော့ နည်းနည်း စိတ်ပျက်မိသွားတယ်။ ပြောရရင် Graphic အားမရတဲ့ ကြားထဲ အခုလိုဆိုတော့ စိတ်နှစ်လို့ မရတော့တာပေါ့။
ဒါကလည်း စိတ်နဲ့ ဆိုင်ပါတယ်။ Auto Feature ကြီးကို ကိုယ်မသုံးခြင်ရင်လည်း ရတာဘဲလေ။ နောက်ပြီး ပေါ်တင်ပြထားတာမှ မဟုတ်တာ။ ပြီးတော့ Mobile လို User တွေက Quick Play သမားတွေများတယ်။ Game တစ်ခုတည်း Focus ထည့်ဆော့တာထက် Auto ထားပြီး အလုပ်နှစ်ခုပြိုင်လုပ်တာများတယ်။ သွားလေရာလည်း အဆင်ပြေတော့ အချိန်သက်သာတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက အဲအချက်က ကြာရင် Game ကို ပေါ့ပေါ့တန်တန်ဖြစ်သွားစေတာ။ လွယ်တော့ ပျင်းသွားတာမျိုးပေါ့။ MMORPG တွေ Mobile မှာ ဗြောင်းဆန်တာဘဲကြည့်။ Korea တွေကြတော့လည်း Cross-platform လုပ်ပေးထားတော့ သူ့ Fan သူ ထိန်းထားနိုင်တယ်။ အမျိုးအမျိုးပေါ့။
Game ကို မကောင်းဘူးပြောတာမဟုတ်ဘူးနော် ဖြစ်နေတဲ့ အခြေနေကို ပြောပြပေးတာ။ သူ့အကြိုက် ကိုယ့်အကြိုက်ဘယ်တူမလဲ။ င
Android version | 5 . 0 + |
Developer | GALA |
Network | Online |
Price | Free |
App version | 1.7606 |
Release date | 28.10.2021 |
Download Link
Type | Size | Link |
Playstore |
173 MB |
Download |
Apkcombo
|
161 MB ( Apk Only ) |
Download |
Apple iOS |
2.9 GB |
Download |
⭐ ( HELLO Rating = 5 / 10 ) ⭐
#HELLOYDB
Comments