Red Shoes Wood Bear World

ဒီ Red Shoes Game လေးက မကြာသေးခင်ကမှ Official ထွက်လာတာဖြစ်ပြီး Android ကော iOS မှာပါ ဆော့ကစားနိုင်မယ့် တောင်ကိုရီးယားအခြေစိုက် Casual Game ကောင်းလေးတစ်ခုပါ။ သဘောကျစရာကောင်းတာက အခု Game လေးက Movie ရဲ့ Sequel ပုံစံလေးနဲ့ ဇာတ်အိမ်တည်ပေးထားတာကြောင့် Red Shoes Fan တွေတွက် အကြိုက်တွေ့စေမှာ သေချာပါတယ်။
Movie မှာ သိတဲ့အတိုင်း Snow White နဲ့ Merlin ဟာ ဇာတ်သိမ်းမှာ လက်ထပ်သွားကြပေမယ့် အခု Game ထဲမှာတော့ နောက်ဆက်တွဲ အနေနဲ့ Villain တစ်ယောက် ကျန်နေခဲ့တာပါ။ အဲဒါကတော့ မိထွေး Regina ရဲ့ ညီမဖြစ်သူ ပေါ်လာခဲ့ပြီး မကောင်းတဲ့ အကြံစည်တွေနဲ့အတူ ခြိမ်းခြောက်လာခဲ့တာပါ။ ဖြစ်ခြင်တော့ Snow White တို့ သုံးခဲ့တဲ့ တံမြတ်စည်းပျံလေးက Apple Tree ကနေ ဖန်တီးထားခဲ့တာကြောင့် Snow White ကိုင်လိုက်တဲ့ အချိန်မှာဘဲ တံမြတ်စည်းရဲ့ Magic အစွမ်းကြောင့် Red Shoes အဖြစ်နဲ့ တစ်ဖန် မိန်းမချောလေး ပြန်ဖြစ်လာခဲ့ပြီး Regina ရဲ့ ညီမဖြစ်သူအကြံစည်တွေကို လိုက်လံတားဆီးရမှာပါ။ ဒါ့အပြင် Character အသစ်ဖြစ်တဲ့ Red Ridding Hood ဆိုတဲ့ ကျိန်စာသင့်ကောင်မလေးတစ်ယောက်ကိုပါ ထပ်ထည့်ပေးထားတာ‌ကြောင့် နောက်ထပ် မြေ‌ခွေးမလေးတစ်ယောက်ကိုပါ တွေ့ရအုံးမှာပါ။
Game ပုံစံက Archer Game တွေနဲ့ ဆင်တူပြီး ဒီ Red Shoes မှာတော့ Character သုံးယောက်နဲ့ Solo Chapter ပိုင်းတင်မကဘဲ သူငယ်ချင်းနဲ့အတူတူဆော့နိုင်မယ့် Co-op Mode ပါ ထည့်ပေးထားတာပါ။ Chapter တစ်ခုမှာ သတ်မှတ်ထားတဲ့ Stages ပြည့်အောင်ထိ အနိုင်ဆော့ရမှာဖြစ်ပြီး Exp ပြည့်တိုင်းလည်း Bonus Ability တွေ ထပ်တိုးလို့ရတာမျိုးပါ။ အစပိုင်းခက်ပေမယ့် ရလာတဲ့ Coin တွေကနေ ကိုယ့်ရဲ့ Character ကို Upgrade လုပ်ပေးရမှာဖြစ်ပြီး အဲအတွက်လည်း Farming သီးသန့် World Mode တွေပါ Auto ဆော့ခိုင်းထားလို့ရပါတယ်။
လူပုလေးတွေကတော့ ဘေးက အကူအနေနဲ့သာ အသုံးပြုလို့ရပြီး ကျန်တာ‌ကတော့ Boss Mode နဲ့ Update မှာပါလာမယ့် Character Dungeon တွေပါ တွေ့ရမှာပါ။ Graphic လည်း ကြည့်ကောင်းပြီး Mission တွေကစ ရမ်းသန်းဆော့လို့ရတာမျိုးမဟုတ်ဘဲ Challenge ဖြစ်ပါတယ်။ အဲဒါကြောင့် Red Shoes Fan တွေတွက်တော့ အပျင်းပြေစေမှာပါ။
[- Review -]

မင်မင်တော့ Red Shoes ထက် Red Ridding Hood လေးတောင် သဘောကျမိတယ်။ Archer Game တွေလိုဘဲဆိုတော့ သိပ်ပြောစရာမရှိပေမယ့် Character Dungeon ပိုင်းကိုတော့ စိတ်ဝင်စားမိတယ်။ သုံးထားတဲ့ Size ပမဏကို ကြည့်ရင် သေချာပေါက် Feature အသစ်တွေ ထပ်လာနိုင်သေးတယ်။ အစကတော့ ပျင်းစရာကောင်းပေမယ့် နောက်ပိုင်းခက်လာ‌တော့ ပေါ့သေးသေး ဆော့လို့မရတော့ဘူး။ Farming ပါပေမယ့် အချိန်ပေးဆော့ရမယ့် Game တစ်ခုပါ။

အများစု သဘောကျနိုင်မယ့် Game အမျိုးစားမဟုတ်တာကြောင့် WiFi သမားတွေသာ စမ်းဆော့ကြည့်ဖို့အကြံပေးတယ်။

Game Information

Android version 7 . 1 +
Developer NGEL Games
Network Online
Price Free
App version 1.007
Release date 29.9.2021

Download Link

Type Size Link

Playstore

81 MB

Download

Apkcombo

 

81 MB

( Apk Only )

Download

Apple iOS

1.2 GB

Download
 
⚠️ Android က In Game ကြရင် 919 MB လောက် ထပ်ပြီး Download လုပ်ရပါမယ်။⚠️

⭐ ( HELLO Rating = 5.5 / 10 ) ⭐

#HELLOYDB

Related Posts

  • Powerlust            ဒီ Game က RPG အမျိုးစားဖြစ်ပြီး Graphic Effect အတော်ကြည့်ကောင်းတဲ့ Game ပါ။ အခု Update မှာ အတော်များများ ပြင်ဆင်ထားပြီး Manna တွေပါ လျော့ထားပါတယ်။ Game က Warrior နဲ့ Ma… Read More
  • LiLi      ဒီတစ်ခါတော့ စိတ်အေးလက်အေးဆော့ရဖို့အတွက် LiLi နဲ့ အတူ စွန့်စားရတော့မှာပါ။ သုတေသနစာတမ်း အတွက်  လေ့လာရေးခရီးတစ်ခုကို ကိုယ်တိုင်ထွက်လာတာဖြစ်ပြီး Geos ဆိုတဲ့ ထူးဆန်းတဲ့ ကျွန်းကြီး… Read More
  • Royal Trouble Honeymoon Havoc              အရင်တစ်ခေါက်က Royal Trouble 1 ဆော့ပြီးသွားပြီဆိုတော့ ဒီတစ်ခါ Royal Trouble 2 တင်ပေးလိုက်ပြီ။ အစက Android မှာ ထွက်မှန်း Admin မသိခဲ့ပါဘူး။ Bro တစ်ယောက်က လာပြောမှ သိခဲ့… Read More
  • Royal Trouble             ဒီ Game က Adventure အမျိုးစားလေးဖြစ်ပြီး တကယ်ကို အထိမခံ တော်ဝင်နွယ်နှစ်ယောက်နဲ့တင် အတော်စိတ်ဝင်စားစရာကောင်းပါတယ်။ Game က တော်ဝယ်နွယ်နှစ်ယောက်လုံး အနေနဲ့ကစားရမှာပါ။ တစ်… Read More
  • A Blind Legend       ဗီဒီယိုဂိမ်းမှန်ရင် မျက်လုံးနဲ့ကြည့်ဆော့ရမှာကသဘာဝဖြစ်ပါတယ်။ဒါပေမယ့်ဒီဂိမ်းကတော့အဲ့သဘာဝကိုလွန်ဆန်ပြီး ဘယ်ဂိမ်းနဲ့မှမတူထူးထူးဆန်းဆန်းဖန်တီးထားတာဖြစ်ပါတယ်။        နာမည်မှာပါသလိ… Read More

Comments

လူကြည့်အများဆုံး GAMES