Sclerosis Mobile
ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game က လုံးဝကို မထင်ထားသလို မင်မင်ကိုယ်တိုင်လည်း အရမ်းလည်း Suprise ဖြစ်မိတယ်။ PC ရဲ့ နာမည်ကြီး Horror Game တစ်ခုကို Mobile ပေါ်မှာ Full Experiment နီးနီးဆော့ရမှာဆိုတော့ တကယ်ကို ကြမ်းတယ်ပြောရမယ် ။ တစ်ခု သိထားရမှာက ဒီ Game က Mobile မှာ Unofficial တစ်ခုဖြစ်ပြီး Stream ကနေ Official ဝယ်ပြီးသား Game Folder ကို Android Port ထဲ Load ပြီးမှ ဆော့လို့ရမှာပါ။ ဒါက Legal မဟုတ်တော့ Copyright ကို အတတ်နိုင်ဆုံး ကာကွယ်ထားတာမျိုးပေါ့။ အပြည့်စုံသိခြင်ရင် Review ဖတ်ပေးပါ။
ဒီ Game မှာဆိုရင် သင်က Daniel ဆိုတဲ့ မှတ်ဉာဏ်တွေ ဘာမှမရှိတော့တဲ့ သာမန်လူတစ်ယောက်နေရာကနေ ကစားရမှာပါ။ ရဲတိုက်ဟောင်းကြီးရဲ့ တစ်နေရာမှာ သောင်တင်နေခဲ့ပြီး အတိတ်ကို ပြန်သိဖို့တွက် အမှောင်ထုတွေကြားမှာ ကြောက်မက်ဖွယ်ကောင်းအောင်ထိ ရင်တထိတ်ထိတ်နဲ့ ကစားရမယ့် Game ကောင်းတစ်ခုပါ။ Sclerosis ဆိုတဲ့အတိုင်း တကယ်ကို ကစားသူရဲ့ အာရုံကို အကြပ်ရိုက်စေမှာဖြစ်ပြီး လွယ်လွယ်နဲ့ ခေါင်းမူးတတ်သူတွေ၊ အမှောင်ကြောက်သူတွေ၊ ဒါမှမဟုတ် အော်သံတွေနဲ့ပတ်သတ်ပြီး Psycho ရှိတဲ့သူတွေကတော့ မဆော့ကြည့်ကြဖို့ အကြံပေးတယ်။ အတည်ပြောတာ နောက်နေတာမဟုတ်ဘူး မင်မင်တောင် စကတည်းက အညှို့ခံလိုက်ရသလို dizzy ဖြစ်သွားလို့ တော်တော်နဲ့ ဆက်မဆော့ရဲဘူး။
Game က Horror Adventure ပုံစံဖြစ်ပြီး Puzzle တွေ ၊ twist hint တွေကစ အရမ်းမိုက်တယ်။ တစ်ခါလေ Puzzle စဉ်းစားဖို့ထက် ရုတ်တရက် မိုက်ကနဲ မူးမူးသွားလို့ ရင်ထိတ်ရတာ အမော။ မီးအိမ်တွက် Oil တွေ၊ မီးထွန်းဖို့တွက် items တွေကို တတ်နိုင်သမျှ ရှာပေးရမှာဖြစ်ပြီး မှောင်သွားတာနဲ့ လုံးဝကို မတွေးရဲစရာကောင်းအောင်ထိ ခြောက်ခြားစေတာပါ။ Object တွေကစ လိုသလို ကိုင်ပေါက်နိုင်ပြီး အထင်ကြီးစရာကောင်းတာက Mobile တွက် Control Fix အတော်ကောင်းတာပါ။Graphic ကလည်း Texture , Resolution , Shadow စတဲ့ Option အစုံထည့်ပေးထားပြီး Lighting Effect တွေကစ တအားကောင်းတယ်။ Screen Effect ကြောင့် Game က ကစားသူကိုယ်တိုင် တကယ်ခံစားရအောင်ထိ Realistic ဖြစ်ပြီး Sounds Effect တွေကစ ခြောက်ခြားစရာကောင်းတဲ့ Horror Game တစ်ခုပါ။
[- Review -]
Game က official မဟုတ်တာကြောင့် Title တောင် Sclerosis ဆိုပြီး ပေးထားတာပါ။ Playstore မှာတော့ အပေါ်ဆုံးက ပြောသလို လုပ်ပေးရမှာဖြစ်ပြီး အခု မင်မင်ပေးထားမယ့် Link ကတော့ ဘာမှလုပ်စရာမလိုဘဲ Fully ရမှာပါ။ ပြောရရင် Apk Only မလို့ Install တင် ကစားရုံဘဲ။
Game က Fan Made ဆိုပြီး လမ်းလွဲထားပေမယ့် PC ကအတိုင်း Fully Experience ရမှာပါ။ အဲဒါကြောင့် Creator ဖက်ကလည်း ဒီ Game နဲ့ ပတ်သတ်ပြီး အတတ်နိုင်ဆုံး သိုသိုသိပ်သိပ် Support ပေးကြဖို့ တောင်းဆိုထားတာပါ။ တကယ်လို့ သူ့ရဲ့ လိုအပ်တဲ့ Donate ပမဏကို ရခဲ့ရင် Mobile တွက် VR version နဲ့အတူ တခြား Title တွေပါ ယူဆောင်ပေးလာမယ်လို့ ကတိပေးထားပါတယ်။
Game ဘက် လှည့်ရရင် PC Game တစ်ခုကို Mobile တွက် UI , Control ကစ တော်တော်အဆင်ပြေအောင်လုပ်ပေးထားတာပါ။ တစ်ခုရှိတာက ဒီ Game မှာ Error or Bug အကြီးကြီးတစ်ခုရှိနေပါတယ်။ အဲဒါကတော့ Graphic Port Error ဖြစ်တတ်တာပါ။ Save Progress ကနေ ဆက်ကစားတာဖြစ်ဖြစ် Continue ကနေ ဆက်ကစားတာဖြစ်ဖြစ် Graphic Glitch တန်းဖြစ်သွားတာမျိုးပါ။ အဲဒါကြောင့် Update မှာ Fix မဖြစ်မခြင်း Game ကို တောက်လျှောက် ဆော့သွားဖို့ အကြံပေးတယ်။
မင်မင်ကတော့ အရမ်းသဘောကျတယ်။ ပြီးတော့ HELLO Fan တွေလည်း သူများတွေထက် အစောဆုံးဆော့ခွင့်ရလို့ ကျေနပ်တယ်။ Horror သမားတွေတွက် လုံးဝကို လက်မလွတ်သင့်တာနော်။
Android version | 4 . 4 + |
Developer | CreaTeam Mobile |
Network | Offline |
Price | Free |
App version | 1.0.0 |
Release date | 27.9.2021 |
Download Link
Type | Size | Link |
Playstore |
700 MB |
Download |
Mediafire
|
721 MB ( Apk Only ) |
Download |
Apple iOS |
--- |
Coming Soon |
⭐ ( HELLO Rating = 8 / 10 ) ⭐
#HELLOYDB
Comments