Shadow Hunter Lost World

° ဒီတစ်ခါ Suprise အနေနဲ့ အသစ်ထွက်လာတာလေးကတော့ Shadow Hunter ရဲ့ Premium version အနေနဲ့ ထွက်လာတဲ့ Hack and Slash Game ကောင်းလေး တစ်ခုပါ။ အရမ်းမိုက်တာက R$ 14.99 နဲ့ ရောင်းချမယ့် Paid Game တစ်ခုကို Developer တွေက အခုလက်ရှိ စစထွက်ခြင်းမှာတင် Android ကော iOS မှာပါ Free အနေနဲ့ ရက်အကန့်သတ် Download လုပ်ခွင့်ပေးထားတာကြောင့် သဘောမကျရင်တောင် ခပ်မြန်မြန်လေး သွားယူထားသင့်တယ်လို့ အကြံပေးပါတယ်။
° Premium version မှာ Gift အနေနဲ့ Claire Character ကြီးကို Suprise အနေနဲ့ လက်ဆောင်ပေးထားတဲ့ အပြင် Diamond 500 နဲ့ Random Ticket 5 ခုကိုပါ အလကားရအုံးမှာပါ။ အထူးသဖြင့် ဒီ Game က Hardcore အမျိုးစားဖြစ်လို့ Character အသစ် Unlock ဖြစ်ဖို့ဆိုတာ လုံးဝ လုံးဝကို မလွယ်ပါဘူး။ အရင်က Male ဘဲ ဆော့ခွင့်ရတာကြောင့် Female သုံးခြင်တဲ့သူတွေတွက် အရမ်းသဘောကျမယ် ထင်တယ်။ ဒါ့အပြင် အခု Premium Version မှာ Character အသစ်တစ်ယောက် ထပ်တိုးလာပြီး ထုံးစံတိုင်း $ နဲ့ မဝယ်ခြင်ရင်တော့ သတ်မှတ်ထားတဲ့ Rank Mission ထိ ပြီးအောင် ဆော့ရမှာပါ။ Graphic ပိုကြည့်ကောင်းလာပြီး Costume အသစ်ဖြစ်တဲ့ Skin တွေပါ ထပ်တိုးလာတာပါ။
° လက်ရှိအချိန်ထိ အရင် Version ကအတိုင်း Chapter 3 ခုစာဘဲ ပါသေးပြီး 4 ကတော့ Coming Soon အနေနဲ့ဘဲ ရှိပါသေးတယ်။ Platform အမျိုးစား Game တစ်ခုဖြစ်ပေမယ့် ခုတ်ရထစ်ရတာတွေကို Skill ကျကျ ဆော့ခြင်ရင်တော့ အရမ်းသဘောကျမှာပါ။ Unique Skill Combat တင်မကဘဲ Counter Attack တွေကစ အရမ်းမိုက်တာကြောင့် မျက်စိကော လက်ပါ လျင်နေဖို့လိုပါတယ်။ အစပိုင်း Enemy တွေက လွယ်သလို ရှိပေမယ့် Chapter တက်လာတာနဲ့ အမျှ ပိုပိုခက်လာသလို Boss တွေ ၊ Environment တွေအပြင် Enemy Type တွေကစ ပုံစံမျိုးစုံနဲ့ အရမ်းကြမ်းလာတာပါ။ အဲအတွက် မိမိရဲ့ Character ကို Strong ဖြစ်အောင်လို့ Mission တိုင်းကရတဲ့ Weapon တွေ ၊ Armor တွေအပြင် သင့်တော်မယ့် Skill တွေပါ ချိန်ပြီးသုံးရမယ် Game ကောင်းတစ်ခုပါ။ Animation တွေ ၊ Blood Effect တွေကစ အားရစရာကောင်းတာကြောင့် Hack and Slash သဘောကျတဲ့ Fan တွေတွက် လက်မလွတ်သင့်ဘူးလို့ အကြံပေးပါတယ်။
[- Review -]

Game က အရင်က Beta version တင်ပေးထားတာကြောင့် Fan အများစုလည်း သိကြမှာပါ။ Premium version ဆိုတော့ ပြန်ဆော့ရတာလည်း တန်တယ်။ အထူးသဖြင့် Claire လေးကို Free ရတော့ ဆော့ရတာ ပိုအားရှိတာပေါ့။ Ability တွေလည်း မတူသလို Slow Motion တွေကစ Claire ဆီမှာပါတယ်။Sword Effect လေးတွေ ပိုသိသာလာသလို အကြပ်ရိုက်သွားစေမှာက Skin တွေက တော်တော် ဂေါ်နေတာပါ။ ပြောရရင် Claire ရပေမယ့် Skin ကို အားကျမိတယ်။
Lady Freya ကို ရဖို့ဆိုရင်တော့ တော်တော်ကြီးကို အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့ ဆော့ရမှာ။ သူမလည်း Power ကြမ်းသလို Spear နဲ့ဆိုတော့ တော်တော်ရမ်းလို့ကောင်းတယ်။ အဲတော့ Challenge ဖြစ်တဲ့ Game တစ်ခုဖြစ်တာကြောင့် ရလာတဲ့ Rewards တွေကလည်း Diamond တင်မကဘဲ Ticket တွေပါ ပါသေးတာနော်။

Game Information

Android version 5 . 0 +
Developer Enigmasoft JSC
Network Offline
Price R$ 12.99
App version 1.0.2
Release date 6.10.2021

Download Link

Type Size Link

Playstore

236 MB

Download

Apkcombo

 

936 MB

( Apk Only )

Download

Apple iOS

403 MB

Download
 
Playstore ပေါ်မှာ Size နည်းတယ် ထင်ရပေမယ့် Additional File ကြောင့် Size များနိုင်တာကို သတိပြုပါ။ အထူးသဖြင့် ဖုန်းဘေလ်သမားတွေ Data မလောက်ဖြစ်မှာစိုးလို့ပါ။ ဒုတိယ Link ကတော့ Original Size အတိကျပါ။ 

⭐ ( HELLO Rating = 7.9 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES