Slender The Arrival

° ဒီလ 13 ရက်နေ့ကြမှာ Official ထွက်မယ့် Game တစ်ခုဖြစ်ပြီး HELLO Fan တွေကတော့ Time Travelers တွေ အနေနဲ့ အစောဆုံး ဆော့ခွင့်ရတော့မှာပါ။ စတာနော် တကယ်ဆော့စေခြင်လွန်းလို့ တင်ပေးတာ။ Platforms အတော်များများမှာ နာမည်ကြီးခဲ့တဲ့ Game တစ်ခုက အခုလို Mobile version ထုတ်ပေးလိုက်တော့ တကယ် မဆော့လိုက်ရရင် သေချာပေါက် နောင်တရသွားမှာ‌နော်။ အရမ်းကြောက်စရာကောင်းသလို ဆော့ရင်းနဲ့တောင် ကိုယ့်ကိုကိုယ် အဲထဲ တကယ်ရောက်နေသလိုထိ ခံစားရတယ်။
° ဒီ Game မှာဆိုရင် ငယ်သူငယ်ချင်းတွေဖြစ်တဲ့ Lauren နဲ့ Kate တိုကို အဓိက တွေ့ရမှာဖြစ်ပြီး Slender The Eight Pages ရဲ့ နောက်ဆက်တွဲအဖြစ်ပျက်ကို တွေ့ကြုံရမှာပါ။ Kate ဟာ သူမရဲ့ အိမ်အဟောင်းကို ရောင်းဖို့တွက် Lauren ကို အကူညီတောင်းခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပြီး Lauren ရောက်သွားတဲ့ အချိန်မှာတော့ အခြေနေတွေဟာ တခြားစီဖြစ်နေခဲ့ပါတယ်။ နေဝင်ချိန်မှ Kate အိမ်ကို ရောက်ခဲ့တာဖြစ်ပေမယ့် လူသူမရှိဘဲ အိမ်တစ်ခုလုံးဟာ ဖရိုဖရဲဖြစ်နေခဲ့တာပါ။ အိမ်နံရံပေါ်မှာ ထူးဆန်းတဲ့ ခြစ်ရာတွေနဲ့အတူ အော်သံတစ်ခုကို ကြားလိုက်ရတဲ့အချိန်မှာတော့ ပြုတင်းပေါက်အပြင်ကနေ ရပ်ကြည့်နေတဲ့ ထူးဆန်းတဲ့လူတစ်ယောက်ကြောင့် သင့်ကို ဒီ Game ဆက်ဆော့ရဲလား မရဲဘူးလားဆိုတာ ဆုံးဖြတ်သွားပါလိမ့်မယ်။
° Graphic ကစ Mobile အတွက် အကောင်းဆုံးထဲမှာ ပါဝင်ပြီး အဓိက ခြောက်ခြားစေမှာကတော့ သစ်တောကြီးထဲမှာ တစ်ယောက်တည်း သွားလာရမှာပါ။ ဓာတ်မီး တဝင်းဝင်းနဲ့ ညဘက်ထဲ သွားရတဲ့ Feeling ကို အပြည့်ဝပေးမှာဖြစ်ပြီး Mobile အတွက်ပါ Camera Motion Blur Effect ထည့်ပေးထားတာကြောင့် လုံးဝကို တကယ် ကိုယ်တိုင်သွားနေရသလိုထိ ခံစားရမှာပါ။ ဓာတ်မီးကစ အနီးဝေး Focus ချိန်‌ပေးလို့ရပြီး Control ပိုင်းမှာလည်း Mobile တွက် အတော် Fix ဖြစ်ပါတယ်။ ဒါ့အပြင် Detail ကျတဲ့ Sounds Effect တွေကြောင့် Camera Shake တိုင်း ရင်ထိတ်စေမယ့် Horror Game ကောင်း‌လေးတစ်ခုပါ။
[- Review -]

PC မှာ နာမည်ရပြီးသား Horror Game တစ်ခုဖြစ်တာကြောင့် ဆော့ကို ဆော့ကြည့်သင့်တယ်လို့ အကြံပေးတယ်။ ပြောရရင် အခုလို Map အကျယ်ကြီးထဲမှာ Explore လုပ်ရတဲ့ Horror Game ဆိုတော့ ဘယ်နေရာမှာ ဘာဖြစ်မယ်ဆိုတာ အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်။ တခြားမပြောနဲ့ ကိုယ့်အရိပ်ကို ပြန်တွေ့ပြီး ဖင်တုန်ရတာ ခဏခဏဘဲ။ ဒီကြားထဲ တံခါးကြောင့် ရှေ့ဆက်မတိုးရဲတာက ပါသေးတယ်။အထူးသဖြင့် Slender Man ကြီး တောင်ပေါ်က ရပ်ကြည့်နေတဲ့ အချိန်ဆိုရင် Game ထဲမပြောနဲ့ ဆော့နေတဲ့ကိုယ်တောင် ကျောချမ်းတယ်။ ကိုယ်သာ အဲနေရာဆိုရင် မတွေးရဲစရာဘဲ ။ အဲတော့ တကယ်စိတ်မခိုင်ရင် Hero လုပ်ပြီး မဆော့ကြပါနဲ့ တော်ကြာနေ အိမ်မက်ထဲမဟုတ်ဘဲ ညဘက်ကြီး အိမ်ရှေ့လာရပ်နေမှ ဒုက္ခ။ ပြီးမှ လာမပြောနဲ့နော်။

Game Information

Android version 6 . 0 +
Developer Blue Isle Studios
Network Offline
Price $
App version 41
Release date 13.10.2021

Download Link

Type Size Link

Playstore

1 GB

Pre-register

Mediafire

 

1 GB

( Apk Only )

Download

Apple iOS

1.6 GB

Pre-register
 
⭐ ( HELLO Rating = 8.8 / 10 ) ⭐

#HELLOYDB

Related Posts

  • Trials Of Mana ° ဒီတစ်ခါ Game လေးက Hello Fan တွေ ဆော့ကိုဆော့ကြည့်သင့်တဲ့ ARPG Game ကောင်းလေးတစ်ခုဖြစ်ပြီး Console ပေါ်မှာ 1 million ထိ ရောင်းအားကောင်းခဲ့တဲ့အပြင် PC နဲ့ Nintendo… Read More
  • Phantom knocks° ဒီ Game က အခုလို Halloween နေ့မျိုးအတွက် မင်မင် ချန်ထားခဲ့တဲ့ အကောင်းဆုံး Game တွေထဲက တစ်ခုဖြစ်ပြီးထွက်ထားတာလဲ လပိုင်းဘဲ ရှိသေးတာမလို့ သိတဲ့သူ တအားနည်းပါတယ်။ လူသိနည်းတ… Read More
  • Legendary Tales Stolen Life° အသစ်ဆော့ခြင်နေတဲ့ Adventure သမားတွေတွက် Ukraine အခြေစိုက် Five BN ရဲ့ နောက်ဆုံးထွက် Hidden Object အမျိုးစား Puzzle Game တစ်ခုဖြစ်ပြီး အရင်က Game ဟောင်းတွေလို မဟုတ်တော့… Read More
  • Daddy Rabbit° ဒီ Game သစ်လေးက အရမ်းကို သဘောကျစရာကောင်းပြီး ပေါ့ပေါ့ပါးပါးနဲ့ Gameplay ကစ Unique ဖြစ်တာကြောင့် လူတိုင်းသဘောကျကြမှာ သေချာပါတယ် ။ ဒီထဲမှာဆိုရင် Daddy Rabbit ကြီးနေရာကနေ… Read More
  • Psyroom Horror Of Reason° သိပ်မကြာခင်ကမှ ထွက်ထားတဲ့ ဒီ Game လေးက Pipe Head ကို ထုတ်ပေးထားတဲ့ Developer တွေရဲ့ နောက်ထပ် Game သစ် တစ်ခုဖြစ်ပြီး ဒီတစ်ခါမှာတော့ Psycho ဆန်တဲ့ အငွေ့သက်တွေနဲ့ ဖန်တီး… Read More

Comments

Unknown said…
no in-game controls...

လူကြည့်အများဆုံး GAMES