SLIME ISEKAI Memories

° ဒီတစ်ခါ Official စောထွက်လာတဲ့ Game လေးက Anime Series တစ်ခုဖြစ်တဲ့ That Time I Got Reincarnated as a Slime ကို 3D Battle RPG Game အဖြစ်နဲ့ ပြန်တွေ့ရမှာမလို့ Anime Fan တွေတွက် အရမ်းသဘောကျမှာပါ။ Light Novels ရဲ့ Original Author ကနေဘဲ ဒီ Game ရဲ့ ဇာတ်အိမ်ပိုင်းကို တာဝန်ယူပေးထားပြီး Season 1 ရဲ့ Moments တွေ့အပြင် အရမ်းစိတ်ဝင်စားစရာကောင်းတာက Rimuru ရဲ့ သမီးဖြစ်သူ Shinsha ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ဒီ Game မှာ ထုတ်ပြလိုက်တာပါ။ Series ကြည့်ပြီးသားသူတွေတွက်လည်း ထူးဆန်းနေမှာဖြစ်သလို မကြည့်ရသေးတဲ့သူတွေတွက်လည်း ဇာတ်လမ်းအစနဲ့တင် သွားကြည့်ခြင်လောက်အောင်ထိ ဖြစ်သွားမှာပါ။
° Gameplay က command-based ပုံစံ Strategy RPG Game တစ်ခုဖြစ်ပြီး ကိုယ်ပိုင်မြို့တည်ဆောက်လို့ရတဲ့ nation-building system ပါ ထည့်ပေးထားတာကြောင့် အရမ်း စိတ်ဝင်စားစရာကောင်းတယ်။ ကိုယ်ဖန်တီးထားတဲ့ မြို့ထဲကို Third Person အဖြစ်နဲ့ ကိုယ်တိုင်သွားလာလို့ရပြီး မြို့နေလူဦးရေ တိုးလာတာနဲ့အမျှ ဒီဇိုင်းအသစ်တွေကို Level အလိုက် တည်ဆောက်ခွင့်ရမှာပါ။ Quest အပိုင်းမှာလည်း Story Chapter ပိုင်းတွေအပြင် Farming လုပ်လို့ Training Quest တွေနဲ့ Character သီးသန့် Request Quest တွေပါ လုပ်လို့ရပါတယ်။ Gacha စနစ်ပါဝင်ပြီး Character တွေကို Battle နဲ့ Protection ဆိုပြီး ခွဲထားပါတယ်။ Mission တိုင်းမှာ Battle 5 ယောက် ၊ Protection တစ်ယောက်ပါဝင်မှာဖြစ်ပြီး Character Upgrade or Support တွေကစ Equipment Armor တွေထိ အစုံပါဝင်ပါတယ်။ Competition မပါဝင်ဘဲ Friends System ရဲ့ အားသာချက်အဖြစ် Building Time Reduction လုပ်ပေးထားတာကြောင့် Story အဓိက အသားပေးထားတဲ့ Game တစ်ခုဆိုလည်း မမှားပါဘူး။
Note
=====
In Game ကျရင် 2.22 GB လောက် ထပ်ပြီး Download ဆွဲအုံးမှာဖြစ်တာကြောင့် Total Size အနေနဲ့ 3.32 GB ထိ ရှိပါတယ်။ လောလောဆယ် Friends List Error အချို့ တက်နေတယ်။
[- Review -]

အမှန်တိုင်းပြောရရင် အစတုန်းက ပျင်းစရာကောင်းမယ်ထင်ခဲ့တာ။ ဆော့ရင်း ဆော့ရင်း ဇာတ်လမ်းက တစ်ခုပြီးတစ်ခု အရှိန်တက်လာတော့ မနေ့က Page မှာ ဘာမှမတင်ဖြစ်တာဘဲ ကြည့်။ Turn Base RPG တွေ ဆော့လေ့ဆော့ထ မရှိတဲ့ မင်မင်တောင် တော်တော်စိတ်ဝင်စားသွားတာ။ ပြောရရင် Gacha မှာလည်း Extremely Rare Character တွေကို တော်တော်လေးပေါက်ထားတော့ ကံကောင်းတယ်ပြောရမယ်။
ဇာတ်လမ်းကို ပြောရရင် သင်က လူ့ပြည်မှာ ဓားထိုးမှုနဲ့ အရင်သေသွားတာဖြစ်ပြီး Great Sage ကြောင့် တခြားကမ္ဘာမှာ လူဝင်စားအဖြစ်နဲ့ ပြန်ရောက်လာတာပါ ။ ဒါပေမယ့် လူတစ်ယောက်အနေနဲ့ မဟုတ်တော့ဘဲ အဆင့်နိမ့်တဲ့ Slime အဖြစ်နဲ့ ရောက်လာတာဖြစ်ပြီး ကံကောင်းခြင်တော့ Verudora ဆိုတဲ့ နဂါးကြီးတစ်ကောင်နဲ့အတူ သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။ တစ်ယောက်ကို တစ်ယောက် နာမည်တွေပေးရင်း ရင်းနှီးခဲ့ကြပြီး နောက်ဆုံး Great Sage အကူညီနဲ့ နဂါးကြီးကို သင့်ကိုယ်ထဲမှာ နှစ်ဦးသဘောတူ ချိတ်ပိတ်ခဲ့တာပါ။ အဲချိန်ကနေစပြီး သာမန်ထက်ပိုတဲ့ စွမ်းအားတွေနဲ့အတူ သင်ဟာ ဒီ ကမ္ဘာကြီးထဲမှာ စွန့်စားရမှာဖြစ်ပြီး ခေါင်းဆောင်မရှိတဲ့ ရွာငယ်လေးကို မထင်မှတ်ဘဲ ဦးဆောင်ရင်းကနေ စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်ပျက် အစုံကို TV Series မှာကော အခု Game ထဲမှာပါ တွေ့မြင်ရမှာပါ။ ထူးခြားတာကို ပြောရရင် MC က Sexless မလို့ တခြားဇာတ်လမ်းတွေနဲ့မတူဘဲ အရမ်း စိတ်ဝင်စားစရာကောင်းပြီး ရယ်လည်းရယ်ရတယ်။ ( ဟို သုံးယောက် အကောင်လိုက်ခံရတဲ့ အခန်းဆိုရင် တစ်ယောက်က ပြောတာ Leader အသုံးမကျလို့ သူသေရင် Leader ကို သရဲလာခြောက်မှာတဲ့ ၊အဲမှာ Leader ကလည်း ပြန်ပြောတာ မဖြစ်နိုင်ဘူးတဲ့ ဘာလို့ဆို ငါပါ နင်တို့နဲ့အတူ သေနိုင်တာဆိုပြီး ပြန်ပြောတော့ ရယ်ရတာ အူကိုတက်နေတာဘဲ )
Gameplay ပိုင်းကို ကြည့်ရင်လည်း Easy Types ထဲမှာ ပါတာမဟုတ်ကြောင့် ကိုယ်တိုင် Skill ကျကျနဲ့ Strategy ကောင်းကောင်းဆော့နိုင်မှ တော်ရာကျတာပါ။ Power က စကားပြောပေမယ့် Farming နိုင်ရင် အတိုင်းတာတစ်ခုထိ အဆင်ပြေမှာဖြစ်ပြီး Enemy Wave ပေါ်မူတည်ပြီးလည်း Team Management ကို ကောင်းကောင်း အသုံးချနိုင်မှ အနိုင်ရမှာပါ ။ Auto Play ပါပေမယ့် လုံးဝကို သွားမသုံးမိစေနဲ့လို့ အကြံပေးခြင်တယ်။ Ability Power ပြည့်သွားတဲ့ အခိုက်တန့်ဆိုရင် ဆော့ရတာ လုံးဝကို အားရစရာကောင်းပြီး Gacha ဖောက်တိုင်း ထွက်လာတဲ့ Animation Scene တွေကိုလည်း တော်တော်လေး သဘောကျမိတယ်။ Graphic ပိုင်းမှာလည်း မဆိုးဘူးလို့ပြောလို့ရပြီး Voice Actor တွေပါ Series ကအတိုင်း ထည့်ပေးထားတော့ ဇာတ်လမ်းနဲ့တင် ဆော့ရတာ တော်တော်အဆင်ပြေတယ်လို့ပြောရမယ်။ မင်မင်တောင် Game ဆော့ပြီးမှ Anime Series သွားကြည့်ဖြစ်တာ။ အဲတော့ ဇာတ်လမ်းမကြည့်ရသေးရင်လည်း စိတ်ပူစရာမလိုဘူး။
{ Spoiler Alarm }

ပြောရရင် စဆော့ကတည်းကိုက Slime ကို အထီးလား၊ အမ လားကို မသိတာ။ အသံက ချစ်စရာကောင်းတော့ ဝေခွဲရခက်တယ်။ ဒီ ဇာတ်လမ်းမှာ Admin ကို စိတ်ဝင်စားအောင်လို့ ရိုက်ချသွားတာက Shizu ဆိုတဲ့ ကောင်မလေးပါ။ လုံးဝကို မထင်ထားသလို ဇာတ်ညွှန်းကြီးက အဲအတိုင်း ဖြစ်သွားတော့ ကြည့်ရတာ ဘယ်လိုခံစားလို့ခံစားရမှန်းကို မသိဘူး။ ပြောရရင် သူမကလည်း Timeline မတူတဲ့ နေရာကနေ ဒီကမ္ဘာထဲကို ဆွဲအခေါ်ခံခဲ့ရတော့ အရမ်းသနားမိတယ်။ အဲချိန်ကြီးမှ မင်းသားကော ၊ မင်းသမီးပါ တစ်ယောက်တည်း ပုံစံနဲ့ တွေရတော့ ဂွတော့ကျသား။ တော်သေးတယ် နောက်ပိုင်းကျမှ Shuna တို့လို့ Waifu လေးတွေ ပေါ်လာတော့ ‌ဖြေသာသွားတာ။ ပြောရရင် Zero Two တောင် သွားသတိရတယ်။ မဟုတ်ရင် Sexless ကြီးကို ထိုင် Crush နေရမှာ အဆင်မပြေဘူး။ ဒါပေမယ့် ချစ်စရာကောင်းနေတုန်းဘဲ။ လောလောဆယ် Series ကို အကုန်မကြည့်ရသေးပေမယ့် ဒီ Game ကြောင့် Series ကို ကြည့်ဖြစ်သွားတာတော့ ဝန်ခံရမယ်။

ဒါနဲ့ Shizu က တကယ် သေသွားတာလားဟင် ?

Game Information

Android version 8 . 0 +
Developer BANDAI NAMCO Entertainment Inc.
Network Online
Price Free
App version 1.0.0
Release date 28.10.2021

Download Link

Type Size Link

Playstore

903 MB

Download

Apkcombo

 

907 MB

( Apk Only )

Download

Apple iOS

3.1 GB

Download

 ⭐ ( HELLO Rating = 7.9 / 10 ) ⭐

#HELLOYDB

Related Posts

  • The Letter              လူတိုင်း ဒီစာရွက်ကို ဖတ်မိရင် နောက်ထပ် လူ ဘယ်နှစ်ယောက်ကို ဆက်ဝေပါ ၊ မဝေဖြစ်ရင် ဘာဖြစ်မယ်ဆိုပြီး စာရွက်အစုံ အကြောင်းရာအစု… Read More
  • Idol Queens Of K-pop          အသစ်ထွက်လာတဲ့ Korea အခြေစိုက် ဒီ Game လေးက Kpop Fan တွေတွက် အရမ်းသဘောကျစေမှာဖြစ်သလို Kpop နဲ့ မရင်းနီးရင်တောင် တကယ် … Read More
  • A Certain Scientific RailGun Spectrum Story           ဒီ Game လေးက A Certain ဆိုတဲ့ Anime Series ကို အခြေခံထားတဲ့ Visual Novel Game လေး ဖြစ်ပြီး ပိုသဘောကျစေမှာက ရိုးရိုး Chat တောင… Read More
  • KonoSuba Fantastic Days             လောလောဆယ် Global ကို Official Release မလုပ်သေးပေမယ့် Australia မှာတော့ ဒီ Game လေးကို စတင်ကစားလို့ရနေပါပြီ ။ Korea အခြေစိုက် NEXON Company ကနေ ထုတ်လုပ်ပေးထားပြ… Read More
  • Epic Raft       Mobile ပေါ်နောက်ထပ် အပျင်းပြေစေမယ့် Survival Game ကောင်းလေးတစ်ခုပါ။ Game က ကမ်းမမြင် လမ်းမမြင် ပင်လယ်ကြီးထဲမှာ ငမန်းတွေကြားကနေ အသက်ရှင်အောင် ကြိုးစားရမယ့် စိတ်လှုပ်ရှားစရာကေ… Read More

Comments

လူကြည့်အများဆုံး GAMES