The Quintssential Quintuplents
° ဒီ Game လေးက သက်သက်မဲ့ Halloween အမှီလေးမလို့ သီးသန့် တင်ပေးတာပါ။ The Quintssential Quintuplents ဆိုတဲ့ Anime Series လေးကို အမှီပြုပြီး ထုတ်ပေးထားတာကြောင့် အမွှာ Fan တွေတွက်တော့ အရမ်း သဘောကျစေမှာ သေချာတယ်။ မူရင်း Series အတိုင်း ဒီ Game ထဲမှာ Visual Novel အဖြစ်ပြန်ထည့်ပေးထားပြီး ခုနကပြောသလို Halloween Event အသစ်လေးတွေပါ ပါလာတာကြောင့် Costume အသစ်လေးတွေနဲ့ ရင်ခုန်အောင်ထိ တွေ့ရအုံးမှာပါ။ အထူးသဖြင့် Miku ဆိုရင် Genshi ထဲက Lisa လေးနဲ့တောင် သွားတူနေတယ်။
° မသိသေးတဲ့ သူတွေတွက် ဇာတ်လမ်းအကျဉ်းကို ပြောရရင် Uesugi Futaro ဆိုတဲ့ သာမန်ကောင်လေးတစ်ယောက်က အတန်းတူဖြစ်တဲ့ စာအရမ်းညံ့တဲ့ အမွှာညီမ ၅ ယောက်ကို စာပြပေးရင်းကနေ အလွဲတွေ ၊ ဟာသတွေ ၊ ရင်ခုန်စရာကောင်းတဲ့ အခိုက်တန့်တွေနဲ့အတူ နာကျဉ်စရာကောင်းတဲ့ အချစ်ရဲ့ အဓိပ္ပာယ်တွေကိုပါ ဖော်ပြပေးထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။ ဒီ Game မှာဆိုရင်လည်း သင်က Futaro နေရာကနေ ကစားရမှာဖြစ်ပြီး အမွှာညီမတွေဖြစ်တဲ့ Ichika , Nino , Miku , Yotsuba နဲ့ Itsuki တို့ကိုပါ 3D version အနေနဲ့ ပြန်တွေ့ရမှာဆိုတော့ သဘောကျမှာပါ။
° Gameplay ပုံစံက Match 3 ဒီဇိုင်းဆိုပေမယ့် နည်းနည်းလေး Unique ဖြစ်ပါတယ်။ အထူးသဖြင့် ထပ်ဆင့် ပုံစံလေးတွေနဲ့ အမွှာ 5 ယောက်ရဲ့ ကိုယ်စားပြု Icon လေးတွေ ဖန်တီးပေးထားပြီး သတ်မှတ်ထားတဲ့ Limit or Time အတိုင်း ကစားပေးရမှာပါ။ Halloween Event မလို့ Challenge အသစ်လေးတွေပါ ကစားခွင့်ရအုံးမှာပါ။ Mode ကတော့ Story တိုင်းလည်း သွားလို့ရသလို တစ်ယောက်ခြင်းစီ ဒါမှမဟုတ် Event အတိုင်းလည်း ကြိုက်ရာကစားလို့ရပါတယ်။ စိတ်မကောင်းစရာက Japan နဲ့ Korea version သာ ထုတ်ပေးထားပြီး အခုတင်တယ်ဆိုတာကလည်း ဇာတ်လမ်းကြည့်ပြီး သဘောကျလို့ promote လာဆင်းတာပါ။ Review ဖတ်ခြင်ရင်ပေါ့။
[- Review -]
Game က ပျင်းစရာကောင်းတယ်ထင်ရပေမယ့် တော်တော်လေး ဆွဲဆောင်မှုရှိတယ်။ Match 3 Type တွေ အဆော့နည်းတဲ့ Admin တောင် ပေပြီးထိုင်ဆော့နေတာ။ ပြောရရင် Character အဆွဲကြောင့်လား Game ကြောင့်လားဆိုတာတော့ မသိဘူးပေါ့။ ဒါပေမယ့် ဆော့ရတာ ပျော်စရာကောင်းတယ်။ ပြီးတော့ Rating ကလည်း နေရာတိုင်းမှာ အခုထိ အကောင်းဆုံးထဲမှာ ဝင်နေတာနော် လျော့မတွက်သင့်ဘူး။
ထုံးစံတိုင်း တစ်စုံတစ်ရာကို သဘောကျတိုင်း Game လိုက်ရှာတတ်တဲ့ မင်မင်ရဲ့ အကျင့်ကြောင့် တွေ့ခဲ့ရတာဖြစ်ပြီး ဇာတ်လမ်းနဲ့တင် အားမရလို့ Game ထဲမှာ နောက်လာမယ့် ဇာတ်လမ်းတွက် သဲလွန်စလေးတွေ ရနိုင်မလား လိုက်ရှာရင်းကနေ ဆော့ဖြစ်ခဲ့တာပါ။ မဖြစ်နိုင်ဘူးဆိုပေမယ့် အခု Event အပိုင်းတိုလေးတွေနဲ့တင် ကျေနပ်မိတယ်လို့ ပြောလို့ရတယ်။
ပြောရရင် အမွှာ 5 ယောက်ထဲက တစ်ယောက်ကို ရွေးဆိုရင်တောင် တော်တော်ကြီးကို တွေဝေခဲ့ရတဲ့ အဖြစ်ကို ကြုံခဲ့ရတာမလို့ ဒီဇာတ်လမ်းလေးကို သဘောကျမိခဲ့တာ။ S 1 တုန်းက အဲလောက်မဖြစ်ပေမယ့် S 2 ရဲ့ နောက်ဆုံးပိုင်းကျမှ လုံးဝကို ရင်ဘက်ထဲ ဒဲ့ထိခဲ့ရလို့ နာကျင်မှုတွေနဲ့ အတူ Game လေးကို ရှာဆော့ဖြစ်ခဲ့တာပါ။ 5 ယောက်စလုံးက ရွေးချယ်စရာ အကြောင်းရင်းတွေ အများကြီးရှိနေပေမယ့်လည်း တကယ်လို့ တစ်ယောက်တည်းကိုသာပြောပါဆိုရင်တော့ အကြီးမ ဖြစ်တဲ့ Ichigo လေးကိုဘဲ ရွေးခြင်မိတယ်။ အချစ်ဆိုတာ ချစ်ရင်ချစ်မိသလောက် မိုက်ရူးရဲဆန်သလို တန်ပြန်တဲ့ နာကျင်မှုတွေကိုလည်း ခံစားရတတ်တယ်။ မဖြစ်နိုင်တော့မှန်းသိပေမယ့် .... ချီ.. ပြန်တွေးရင်း ငိုခြင်လာပြီ ....
Android version | 7 . 0 + |
Developer | enish Inc |
Network | Online |
Price | Free |
App version | 1.14.316 |
Release date | 2020 |
Download Link
Type | Size | Link |
Playstore |
83 MB |
Download |
QooApp
|
89 MB ( Apk Only ) |
Download |
Apple iOS |
213 MB |
Download |
⚠️ In Game ကြရင် 1 GB လောက် ထပ် Download လုပ်ရပါမယ်နော် ။
⭐ ( HELLO Rating = 7.9 / 10 ) ⭐
#HELLOYDB
Comments