UNDECEMBER ( Beta )

° ဒီတစ်ခါ CBT အနေနဲ့ အသစ်ထွက်လာတဲ့ Game ကြီးက‌ တောင်ကိုရီးယားအခြေစိုက် LINE Games ကုမ္ပဏီကနေ ထုတ်လုပ်ပေးထားတာဖြစ်ပြီး Hack & Slash RPG အမျိုးစားဖြစ်တာကြောင့် အရမ်းသဘောကျကြမှာပါ။ Unreal Engine 4 ကို အသုံးပြုထားပြီး Graphic ကစ PC နဲ့ Level နီးပါးထိ သေချာဖန်တီးထားတာကြောင့် Mobile အတွက်တော့ အကောင်းဆုံးထဲက Game တစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။ လက်ရှိ CBT version ကို October လ 13 ရက်နေ့ကနေ 19 ရက်နေ့ထိ 6 ရက် စမ်းသပ်ခွင့်ပေးသွားမှာပါ။
° အရမ်းမိုက်တာက ဒီ Game မှာ Gender သာ ရွေးချယ်ရတာဖြစ်ပြီး Classes အမျိုးစားတွေ ၊ သီးသန့် Weapon တွေရယ်လို့ လုံးဝ မရှိပါဘူး။ Game ထဲမှာတင် ကြိုက်ရာ လက်နက်ကို ကောက်ကိုင်နိုင်ပြီး Farming ကရတဲ့ items တွေ ၊ armor တွေကစ Character Look ပြောင်းသွားသည်အထိ စိတ်ကြိုက်ချိန်းလို့ရပါတယ်။ Lobby ကျဉ်းကျဉ်းလေးမှာသာ Quest ကို Auto သွားလို့ရပြီး Battle Zone ထဲရောက်သွားရင်တော့ ကိုယ့်ဘာသာကို Map ကြည့်ပြီး လိုက်ရှာ သွားရမှာပါ။ Level 7 ရောက်တာနဲ့ Basic Attack ကို Auto လုပ်ဆောင်ခွင့်ရမှာဖြစ်ပြီး ကျန်တဲ့ Skill တွေကတော့ ကိုယ်တိုင်ဘဲ Manual အနေနဲ့ အသုံးပြုရမှာပါ။ဒါ့အပြင် Spell တွေအများကြီးနဲ့ Combo တွေပါ အသုံးပြုနိုင်တာကြောင့် တော်တော်ကြီးကို အားရတယ်ပြောရမယ်။ Main Quest ၊ Side Quest အကုန်လုပ်ဆောင်နိုင်ပြီး နယ်မြေတွေပါ စိတ်ကြိုက် Farming ပေးထားတာကြောင့် Explore လုပ်ရတာ အတော်ကောင်းတဲ့ Game ကောင်းတစ်ခုလို့ မြင်မိတယ်။
° Graphic ကတော့ Mobile အတွက် အတော်ကို Improve ဖြစ်လာပြီး အရမ်းကိုအားရစရာကောင်းတာပါ ။ Lighting Effect တွေ၊ Shadow Accurate တွေကစ PC နီးပါးထိ ခံစားရမှာဖြစ်ပြီး Blood Effect တွေအပြင် အပိုင်းပိုင်း ပြုတ်ထွက်သွားတာတွေထိ Detail ဖန်တီးထားတာ‌ဆိုတော့ အရမ်းမိုက်တယ်ပြောရမယ်။ ဒါ့အပြင် Freeze ဖြစ်သွားတာတွေ၊ Skill Particles Effect တွေကစ Realistic ဖြစ်တာကြောင့် Graphic နဲ့တင် ဆော့ရတန်တဲ့ Game ကောင်းတစ်ခုလို့ အကြံပေးတယ်။ ဒါ့အပြင် UI တွေကစ ရှင်းရှင်းလင်းလင်းနဲ့ Game View ကို ပိုတွေ့ရတာဆိုတော့ အရမ်း သဘောကျစေမှာ သေချာပါတယ်။ နောက်ပြီး PvE ပုံစံမလို့ တခြား Player တွေနဲ့ပါ Battle ထဲမှာ ရှုပ်ရှက်ခက်မနေတာကြောင့် ဆော့ရတာ သက်တောင့်သက်သာဖြစ်စေမှာပါ။
( In Game ကြရင် 2.9 GB လောက် ထပ်ပြီး Download လုပ်ရမှာပါ။ အခု CBT version ကို Playstore မှာ Korea VPN ကို ကျော်လို့ရပြီး မရတဲ့သူတွေတွက်လည်း Apks ဖိုင်ကို Link သက်သက် ထုတ်ပေးထားတာပါတယ်။ Apks Zip မလို့ Install တင်နည်းကို သေချာကြည့်ပေးနော် )
[- Review -]

Game က Beta မှာကတည်း English Language ကို တစ်ခါတည်း Support ပေးတာ‌ဖြစ်ပြီး ဖုန်းအမျိုးစားရွေးတာကြောင့် English Language ကို အတော်များများချိန်းမရပါဘူး။ မင်မင်ထင်တာမမှားဖူးဆိုရင် China Phone တွေ ပိုမရတာဖြစ်နိုင်တယ်။ အရင်ကတည်းက Korea MMORPG တို့လို Game တွေက System Language ကို အတည်ပြုတတ်တာကြောင့် Official ကျမှာဘဲ သေချာစောင့်ကြည့်ရမှာပါ။
ပြောရရင် Game ကို Official တောင် အမြန်ထွက်စေခြင်နေပြီ။ ဆော့ရတာ အရမ်းသဘောကျစရာကောင်းပြီး Graphic ကစ Optimize ဖြစ်တော့ Battery စားရုံကလွဲရင် ဖုန်း Over Heat တက်တာ သိပ်မရှိဘူး။ Graphic Level အလိုက် Environment က သိသိသာသာ ပြောင်းလဲသွားတာကြောင့် ဖုန်းပေါ်မူတည်ပြီး စိတ်ကြိုက် Graphic Option ကို ချိန်းဆော့ရုံဘဲ။ ဒါ့အပြင် Story Campaign ပိုင်းကိုဘဲ ဦးစားပေးထားတာတင်မဟုတ်ဘဲ Multiplayer Contents တွေနဲ့ တခြား Feature တွေပါ ပါဝင်သေးတာကြောင့် အားရစေမှာပါ။
Gameplay ပိုင်းမှာဆိုရင်လည်း Exp , Level နဲ့ Coin တွေက amount အများကြီးမဟုတ်ဘဲ သတ်မှတ်ထားတဲ့ နှုန်းက သဘာဝကျတယ်။ HP ပုလင်းတွေကစ နင်းကန် ရတာမျိုးမဟုတ်ဘဲ တကယ်ကို အလကားမဖြစ်အောင်လို့ ထိန်းကစားရတာပါ။ Boss Fight တွေမှာ အရမ်းသိသာပြီး Skill လည်း လိုအပ်တာကြောင့် ဆော့ရတာ ပျင်းစရာမကောင်းဘူးဆိုတာ အာမခံတယ်။

Game Information

Android version 5 . 0 +
Developer LINE GAMES
Network Online
Price Free
App version Close Beta Test
Release date 13.10.2021

Download Link

Type Size Link

Playstore

---

Coming Soon

Mediafire

 

401 MB

( Apks )Zip

Download

Apple iOS

---

Coming Soon
 

⭐ ( HELLO Rating = 8 / 10 ) ⭐

#HELLOYDB

Related Posts

  • CarX Drift Raing 3 ကဲ အားလုံးစောင့်နေတဲ့ ဂိမ်းကလည်း ထွက်လာပြီဆိုတော့ First Impression အရ စပြောရမယ်ဆိုရင် လုံးဝကို Mobile Game မှ ဟုတ်တောင်ဟုတ်ရဲ့လားလို့တောင် သံသရဝင်မိတဲ့အထိပါပဲ… Read More
  • The Coma Cutting Class° ဒီ Game ဟာ Playstation , Xbox နဲ့ Nintendo Switch တို့မှာ ထုတ်ပေးထားတဲ့ Survival Horror Game တစ်ခုဖြစ်ပြီး Mobile မှာပါ Release လုပ်ပေးခဲ့တာပါ။ တောင်ကိုရီးယားအခြေစိုက်… Read More
  • Livingmare           ဒီဂိမ်းအသစ်နဲ့ ပတ်သတ်ပြီး မင်မင် သေချာပြောနိုင်တာ တစ်ခုကတော့ လုံးဝကို ကြောက်တတ်တဲ့သူဆိုရင် ထိတောင် မထိကြည့်သင့်ဘူးလို့ အကြံပေးချင်ပါတ… Read More
  • Maid Of Sker ❝ ဖြစ်ရပ်မှန်နဲ့ Mythology ပေါင်းထားတာမလို့ ဂိမ်းက တကယ်ကောင်းပေမယ့် Mobile Version မှာ ပြီးပြီးရော ဖြစ်သလို ထုတ်ပေးလိုက်တာကြောင့် အတော်လေး စိတ်ပျက်မိတာ အမှန်ပါပဲ ❞ " Hi Everyone ..… Read More
  • Forgotten Memories Remastered Edition             Mobile မှာ Horror Game တွေ များစွာရှိတဲ့အထဲကမှ အကောင်းဆုံးတစ်ခုကို ရွေးပြပါဆိုရင်တော့ မင်မင်ကတော့ Forgotten Memories က… Read More

Comments

လူကြည့်အများဆုံး GAMES