XF Football Arena ( Early Access )

° ဒီနေ့ Early Access အနေနဲ့ အသစ်ထွက်လာတဲ့ Game လေးကတော့ တောင်ကိုရီးယားအခြေစိုက် 9M Interactive ကနေ ထုတ်လုပ်ပေးထားတာဖြစ်ပြီး Sports Game အများစုကို ဖန်တီးတတ်တဲ့ Developer မလို့ Extreme Football နဲ့ Tennis ကစားဖူးတဲ့သူတွေဆိုရင် သိကြမှာပါ။ ဒီ တစ်ခါ Game ကလည်း Extreme Football ရဲ့ နောက်ထပ် ပုံစံတူ Type မျိုးကို ဖန်တီးပေးထားပြီး Street Football အမျိုးစားမလို့ Fan တွေတွက် အရမ်းသဘောကျမှာ သေချာပါတယ်။
° Game ပုံစံက တစ်ဖက် 4 ယောက်စီပါဝင်တဲ့ Street Football အမျိုးစားဖြစ်ပြီး စည်းမျဉ်းစည်းကမ်းတွေ လုံးဝမပါတဲ့ Free Play ပုံစံမျိုးနဲ့ ဆော့ရမှာပါ။ Goalkeeper ကတော့ Computer က ကူဆော့ပေးမှာဖြစ်ပြီး ကျန်တဲ့ သုံးယောက်ကတော့ Real Player တွေနဲ့ တိုက်စစ် ၊ ကွင်းလယ် ၊ နောက်တန်းဆိုပြီး Role အမျိုးမျိုး ရွေးချယ်လို့ရပါတယ်။ တစ်ယောက်ခြင်းစီမှာ မတူညီတဲ့ Unique Skill ကိုယ်စီကို အသုံးချနိုင်ပြီး ပြိုင်ပွဲကတော့ အချိန်ကုန်မှ အနိုင်ရတာမျိုးတင်မကဘဲ 5 goals ပြတ်အနိုင်ရရင်လည်း ပွဲအပြီးပါ။
° ဒီ Game ရဲ့ အဓိက ဆွဲဆောင်စေတာကတော့ Character ဒီဇိုင်းတွေဖြစ်ပြီး ကျားမ မရွေး ကိုယ်ဆော့ရင်ဆော့တတ်သလို Powerful ဖြစ်ပါတယ်။ Teamwork ကလည်း အရေးကြီးသလို အပေးအယူကစ Goal ပေါက်တည့်အောင် ကန်နိုင်တဲ့ထိ တိကျနေဖို့လိုပါတယ်။ ပုံမှန်ဆော့နေကျ ဘေး Camera view ထက် ပိုအဆင်ပြေပြီး မဆော့တတ်ရင်တောင် Camera angle အမျိုးမျိုးကို ပွဲထဲမှာတင် ချိန်းပေးလို့ရပါတယ်။ Control ကစ တခြား Game တွေနဲ့မတူဘဲ Pass Target တွေပါ ချိန်တင်လို့ရတာကြောင့် အရမ်းမိုက်တယ်လို့ပြောရမယ်။ Early Access မလို့ Bug လေးတွေ ပါနေသေးပေမယ့် Pin ကတော့ Asia မှာ တင် အတော်အဆင်ပြေတဲ့ Game ကောင်းလေးတစ်ခုပါ။
[- Review -]

Game က အစပိုင်မလို့လားမသိဘူး Polish မဖြစ်သလို ခံစားရတယ်။ အရင် Extreme Football တုန်းကလည်း Update တွေကျမှ Better ဖြစ်လာတာဆိုတော့ သိပ်စိတ်ပူစရာ‌တော့မလိုဘူး။ ထူးဆန်းတာက ဘာလို့ Titles အသစ်နဲ့ ထပ်ထုတ်လိုက်တယ်ဆိုတာပါ။ Character အသစ်တွေ ပါပေမယ့် တစ်ချို့ Character တွေက EF က လူတွေ ပြန်ထည့်ပေးထားတာ တွေ့ရတယ်။ လောလောဆယ် Early Access မလို့ Game ရဲ့ ပုံစံက အတိကျ သတ်မှတ်လို့ မရပေမယ့် ဒီတိုင်းဆိုရင်တော့ ဆော့ရတာ တော်တော် Fair ဖြစ်မယ်ထင်တယ်။
Money က ပုံစံတစ်မျိုးတည်းသာ ပါဝင်ပြီး Premium Box တွေ ၊ Character တွေကစ အကုန်ဝယ်လို့ရပါတယ်။ အခုလောလောဆယ် Character Upgrade စနစ်မပါဘဲ Rare , Epic , Legend ဆိုပြီး Skill Booster Card တွေသာ ပါတာပါ။ အဲကောင်တွေကလည်း Limit နဲ့ သုံးရတာဖြစ်ပြီး ကိုယ်သုံးချင်တဲ့ ပွဲမှသာ အကန့်သတ်နဲ့ သုံးလို့ရတာမျိုးပါ။ ပြောခြင်တာက ပြိုင်ပွဲတိုင်းက အကုန် ညီတူမျှတူ ယှဉ်ပြိုင်ရမှာ ပိုများပါတယ်။ ကိုယ့်ရဲ့ Rating နဲ့ တူညီတဲ့သူတွေသာ ပြိုင်ပွဲမှာ တွေ့ရမှာဖြစ်ပြီး Skill Cooldown Energy Drink တွေကလည်း Team ကောင်းရင် လုံးဝ မတတ်နိုင်ပါဘူး။
Character Skill တွေကစ Level အလိုက် အကုန် Unlock ရမှာဖြစ်ပြီး ကိုယ်နဲ့ သင့်တော်မယ့် Skill ကိုသာ အသုံးပြုဖို့ အကြံပေးတယ်။ လောလော Gameplay Mode က Training နဲ့ Rank သာ ပါသေးပြီး Feature မှာ ထပ်ပါလာမလားဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမယ့် Character နဲ့ Ball Skin တွေ ထပ်ပါလာနိုင်ပြီး တခြားစိတ်ဝင်စားစရာကောင်းမယ့် အပိုင်းတွေပါ ပါလာလိမ့်မယ်လို့ထင်ရတယ်။ အားနည်းတဲ့ အပိုင်းကတော့ ရှိနေသေးပေမယ့် ဆော့ရတာ Fun ဖြစ်စေတာမလို့ သဘောကျမှာပါ။ လောလောဆယ် Solo သာ Play လို့ရပြီး Multiplayer ပါမပါကတော့ Official ကျမှ ပိုသိရမှာပါ။
မင်မင်ကတော့ အစပိုင်းမှာ လည်ထွက်ပေမယ့် နောက်ကျတော့ အတော်လေးကို ဆော့ကောင်းလာတာပါ။ Extreme Football လို Emoji တွေ မပါသေးတော့ နည်းနည်းတော့ အားမရဘူး‌‌ပေါ့။ အဓိက ဒီ Game က ကိုယ့်ရဲ့ Team ထဲမှာ ယောင်လည်လည်လုပ်တဲ့သူတွေ မပါဖို့ဘဲ အရေးကြီးတယ်။ သိတယ်မလား လူမကပ်ဘဲ ဘောလုံးနောက်ဘဲ အုပ်လိုက်ကြီး လိုက်တတ်တဲ့ အကျင့်မျိုးပေါ့။ အဲဒါက ဒီ Game မှာ အရမ်းသိသာပြီး လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့်ရရင်တောင် ဂိုးပေါက် မချိန်တတ်ရင် အလကားပါ။ အဲထဲကမှ Unique Skill တွေကပါ ရှယ်အသုံးဝင်တော့ ဒီ Game ကစားရတာ Team ကောင်းရင် လုံးဝ ရှယ်ဘဲ။ မဟုတ်ရင်တော့ ပို့စို့ပတ်စပ် လောင်ရမှာပါ။ တစ်ချို့ဆို လိုက်မလုဘဲ ရှေ့မှာ ထွက်လာမယ့် ဘောကို စောင့်နေတဲ့သူက ရှိသေးတယ်။ မကောင်းဘူးမဟုတ်ပေမယ့် အဲတစ်ယောက် ကန်တာ ဂိုးပေါက်မတည့်ရင်တော့ အလကားပါ။ အဓိကက Teamwork ဘဲ။ ပေးသင့်တာကို ပေး ၊ နေရာယူတတ်အောင် ယူ ၊ ဘောလုံးထုတ်ပေးတာကစ အကွက်ကျကျ မြင်နေမှ တော်‌ရာကျမှာ။ တစ်ခါလေ တစ်ကိုယ်ကောင်းဆန်သင့်ရင်လည်း ဆန်ရမယ်။

Game Information

Android version 6 . 0 +
Developer 9M Interactive
Network Online
Price Free
App version Early Access
Release date 15.10.2021

Download Link

Type Size Link

Playstore

320 MB

Download

Mediafire

 

323 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
⭐ ( HELLO Rating = 7.9 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES