ArceForce ( Early Access )

° ဒီနေ့ Early Access အနေနဲ့ နောက်ထပ် ထွက်လာတဲ့ Game လေးက Cyprus နိုင်ငံ အခြေစိုက် Tetrox Limited ကနေ ဖန်တီးပေးထားပြီး 3v3 Casual Shooter Game လေးမလို့ သဘောကျမှာပါ။ Game ပုံစံက တစ်ဖက်ကို သုံးယောက်စီနဲ့ အမှတ် 100 ရအောင်ထိ ပြိုင်ဘက်ကို အနိုင်တိုက်ရမှာဖြစ်ပြီး တစ်ယောက်ခြင်းစီမှာလည်း Character ပုံသဏ္ဍာန်မျိုးစုံနဲ့ Ability တွေကစ မတူကြပါဘူး။ Battle ထဲမှာ HP နဲ့ Energy Item တွေ ပေးထားပြီး Team အနေနဲ့ Support , Fighter Role ကွဲသေးတာကြောင့် အတွဲညီမှ အနိုင်ရမယ့် Game တစ်ခုပါ။
° အနိုင်ရတိုင်း ရလာမယ့် အမှတ်တွေနဲ့အတူ Batte Pass ပုံစံ Character အသစ်တွေကို Free ရမှာဖြစ်ပြီး တစ်ယောက်ခြင်းစီတိုင်းကိုလည်း Upgrade , Customization တွေကစ လုပ်ဆောင်ခွင့်ရမှာပါ။ Control ကစ ရိုးရှင်းပြီး Graphic ပိုင်းမှာလည်း တကယ်ကို Quality ကောင်းတာကြောင့် Ability တွေ Used တိုင်း Effect တွေတအားကြည့်ကောင်းတာပါ။ Server Issues ကလွဲရင် Bug သိပ်မတွေ့ရတာကြောင့် Casual သမားတွေတွက် သဘောကျမှာပါ။ 

( Philippines Server တစ်ခုတည်းသာ Test လုပ်တာကြောင့် Matching မကြာအောင် VPN နဲ့ ကစားသင့်ပါတယ် )
[- Review -]

Game က Graphic ကော Gameplay ပါ သဘောကျပေမယ့် Server လူနည်းတာက တအားဆိုးပါတယ်။ ပြောရရင် Features သိပ်မပါတာကြောင့် လူစိတ်ဝင်စားမှု နည်းသွားနိုင်မယ် အခြေနေမျိုးပါ ။ Matching Time က Philippines ကို VPN ကျော်မှ ‌လူတွေ့တာဖြစ်ပြီး အဲထက်ပိုဆိုးတာက Bot စနစ်မပါဘဲ Real Players တွေနဲ့ လုပ်ပေးထားတော့ Battle တွင်း တစ်ယောက်ထွက်သွားရင် ကျန်တဲ့သူတွေက Fair မဖြစ်တော့ပါဘူး။ Admin ဆို အစက သူတွယ်ကိုယ်တွယ်နဲ့ ဟုတ်လှပြီထင်နေတာ ၊ ကိုယ့်ဘက်ကလူတွေက သူတို့လည်း သေရော Game ကနေ အကုန်ထွက်သွားကြတော့ ကိုယ့်မှာ 3v1 ကြီးကို Support Role နဲ့ မနည်း ထိန်းဆော့ရတာ။ ပြောရရင် အဲပွဲလည်း မနိုင်ပါဘူး။ နောက်ပွဲတွေကြတော့လည်း နိုင်တော့နိုင်ပေမယ့် ခုနကပြောသလို တစ်ဖက်သင်းက AFK ဖြစ်သွားတာများတယ်။ 

ဒီတော့ Game သစ်လေးမလို့ သိရအောင် တင်ပေးတာဖြစ်ပြီး Size လည်းများတာကြောင့် အကြံတော့ မပေးတော့ဘူး။ In Game SS တွေကို Download link ကနေ တစ်ဆင့် Blog ‌ထဲမှာ ပိုကြည့်လို့ရတယ်။ 

Game Information

Android version 5 . 0 +
Developer Tetrox Limited
Network Online
Price Free
App version Early Access
Release date Early Access

Download Link

Type Size Link

Playstore

951 MB

Download

Apkcombo

 

951 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
⭐ ( HELLO Rating = Early Access / 10 ) ⭐

#HELLOYDB

Related Posts

  • Final Fantasy 7 The First Solider ( Beta ) •              အခုဆိုရင် Final Fantasy 7 ရဲ့ The First Solider Game ဟာ Beta အနေနဲ့ ဒီလ ၁ ရက်နေ့ကနေ့ ၇ ရက်နေ့အထိ NA server… Read More
  • A New Revolution•            ဒီ Game က အခုမှ Early Access ဘဲရှိသေးပြီး အများစုကတော့ Developer လက်အောက်မှာဘဲ ဖန်တီးနေတုန်းပါ။ Game က စထွက်တုန်းက ဆော့ဖြစ်ပေမယ့် သိပ်သဘောမကျလို့ ပစ်ထားရာကနေ မနေ့ကထပ်ပ… Read More
  • Agent Z       ဒီ Game လေးက Shooter အမျိုးစားဖြစ်ပြီး Action အခန်းတွေ အတော်လေးထည့်ပေးထားတဲ့ Game ကောင်းလေးပါ။ Action Move ပုံစံနဲ့ ဆော့ရမှာဖြစ်ပြီး Mission တိုင်းကလည်း ထပ်မနေပါဘူး။ Physics… Read More
  • Misk Schools Quest•          ဒီ GAME က India Developer တွေရဲ့ နောက်ထပ် လက်ရာတစ်ခုဖြစ်ပြီး High Phone တွေတွက်ဘဲ အဆင်ပြေစေမှာပါ။ Game က Optimized မဖြစ်ပေမယ့် Graphic ကတော့ အတော်ကြည့်ကောင်းတယ်။•       … Read More
  • The Guardians Of Peace•                အသစ်ထွက်လာတဲ့ GAME လေးဖြစ်သလို ပညာပေး Game လေးလို့လည်း ပြောလို့ရပါတယ်။ Admin တောင် ဒီ Game ဆော့ပြီး တရားတွေဘာတွေ ကျင့်တော့မှာ။ စစ်မှန်တဲ့ စွမ်းအင်ဆိုတာ ကိုယ့်ရဲ့ င… Read More

Comments

လူကြည့်အများဆုံး GAMES