Area Z ( Early Access )

° ဒီတစ်ခါ Early Access အနေနဲ့ အသစ်ထွက်လာတဲ့ Game လေးက တောင်ကိုရီးယားအခြေစိုက် Developer ဖြစ်တဲ့ RisingWings ကနေ ထုတ်လုပ်ပေးထားပြီး Action Zombie Game တစ်ခုမလို့ သဘောကျကြမှာပါ။ အနာဂတ် ၂၀၃၁ ခုနှစ်မှာ အမည်မသိ Virus ပိုး တစ်ခုကြောင့် ကမ္ဘာ့လူဦးရေရဲ့ ၈၀ % ရာခိုင်နှုန်းဟာ Zombie အဖြစ်အသွင်ပြောင်းသွားကြပြီး ကျန်ရှိနေတဲ့ သူတွေတွက်တော့ အသက်ရှင်ဖို့ရာဟာ စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ရှင်သန်သူတွေတွက် ကမ္ဘာသစ်တစ်ခုကို ပြန်တည်ဆောက်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာပါ။
° Game ရဲ့ Graphic ကို Polygon အသုံးပြုပြီး ဖန်တီးထားပေမယ့် Highest Setting မှာ Lighting Effect တွေကစ တအားကြည့်ကောင်းတာပါ။ Survival Game မျိုးဖြစ်ပေမယ့် Defense ပုံစံနဲ့ Strategy ဆန်ဆန် အထိုင် Weapon Skill တွေပါ အသုံးပြုလို့ရပြီး Shooting ပိုင်းတင်မကဘဲ အနီးကပ် Combat တွေပါ ထည့်‌သွင်းပေးထားတာကြောင့် အတော်သဘောကျစရာကောင်းတာပါ။ Missions အလိုက် Difficult level မြင့်လာမှာဖြစ်ပြီး Zombie ရဲ့ Animation တွေကစ ရုတ်တရက် ခုန်ခုန်ဝင်လာတတ်တာကြောင့် တအားစိတ်လှုပ်ရှားစရာကောင်းပါတယ်။ Final Version မဟုတ်သေးပေမယ့်လည်း အခုကတည်းက Bug အတော်ရှားပြီး ဆော့ရတာလည်း ပေါ့ပေါ့ပါးပါးနဲ့မလို့ အပျင်းပြေစေမှာသေချာပါတယ်။ 

Game Information

Android version 4 . 0 +
Developer Rising Wings
Network Offline
Price Free
App version Early Access
Release date Early Access

Download Link

Type Size Link

Playstore

321 MB

Download

Apkcombo

 

321 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
Note
=====
Game က Offline ဆိုပေမယ့် ပထမဆုံးအကြိမ် စစဝင်ခြင်းမှာ Internet ခဏဖွင့်ပေးရပါမယ်။ Game ထဲရောက်ရင်တော့ Internet ပိတ်ဆော့လို့ရပါပြီ။ 

⭐ ( HELLO Rating = 6.3 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES