Cartoon Cat Game Horror
° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Horror Game လေးကတော့ SCP 1923 ကို အခြေခံပြီး ထုတ်ပေးထားတဲ့ Escape Game မျိုးဖြစ်ပြီး Official မဟုတ်ပေမယ့်လည်း Fan Made အနေနဲ့ကတော့ အတော်သဘောကျစရာကောင်းတဲ့ Game တစ်ခုပါ။ SCP ကို အတော်များများသိကြမှာဖြစ်ပြီး အဲထဲက Code နံပတ် 1923 ဟာ Cartoon Horror Cat ကို ကိုယ်စားပြုထားပြီး ခြေတံရှည်လက်တံရှည်နဲ့ တကယ်ကြောက်စရာကောင်းတဲ့ မျက်လုံးပြူပြူ သွေးသံရဲရဲ Monster အကောင်မျိူးကို တွေ့ရမှာပါ။ အခု Game ထဲမှာတော့ Challenge ဖြစ်အောင်လို့ တစ်ခန်းခြင်းစီတိုင်းကို Puzzle ပုံစံနဲ့ အဖြေရှာပေးရမှာဖြစ်ပြီး ကံမကောင်းရင်တော့ Cartoon Cat ရဲ့ သတ်ဖြတ်ခြင်းကို ခံရမှာပါ။ Graphic လည်း ကြည့်ကောင်းပြီး fps ပါ ဖုန်းကောင်းရင်ကောင်းသလို 120 ထိ ထွက်တာကြောင့် Horror Fan တွေတွက် အပျင်းပြေစေမယ်ဆိုတာ သေချာပါတယ်။ အထူးသဖြင့် အသံနက်ကြီးတွေနဲ့ ဆွဲဆောင်ထားတာကြောင့် ရုတ်တရက်မြင်တိုင်း သိပ်မလန့်မိစေနဲ့နော်။
Android version | 4 . 4 + |
Developer | Laplace Games |
Network | Offline |
Price | Free |
App version | 1.0.1 |
Release date | 18.11.2021 |
Download Link
Type | Size | Link |
Playstore |
134 MB |
Download |
Apkcombo
|
134 MB ( Apk Only ) |
Download |
Apple iOS |
--- |
Coming Soon |
⭐ ( HELLO Rating = 6.4 / 10 ) ⭐
#HELLOYDB
Comments