Daddy Rabbit

° ဒီ Game သစ်လေးက အရမ်းကို သဘောကျစရာကောင်းပြီး ပေါ့ပေါ့ပါးပါးနဲ့ Gameplay ကစ Unique ဖြစ်တာကြောင့် လူတိုင်းသဘောကျကြမှာ သေချာပါတယ် ။ ဒီထဲမှာဆိုရင် Daddy Rabbit ကြီးနေရာကနေကစားရမှာဖြစ်ပြီး တွင်းထဲမှာ ကျန်ခဲ့တဲ့ ယုန်ပေါက်လေးတွေကို Zombie တွေမလာခင် အကုန်လိုက်ကယ်ရမယ့် ပုံစံမျိုးနဲ့ စွန့်စားရမှာပါ။ Maze ပတ်လမ်းထဲမှာ ယုန်ပေါက်လေးတွေကို လိုက်ရှာရုံတင်မကဘဲ Daddy Rabbit ကြီးနောက်ကိုပါ ယုန်ပေါက်လေးတွေ အကုန်ပါလာဖို့က အရေးကြီးပါတယ်။
° လမ်းအချိုးကွေ့တွေတိုင်း ယုန်ပေါက်လေးတွေက ကျန်နေခဲ့တတ်တာကြောင့် Game က ထင်ထားတာထက်ကို သွက်လဲသွက် အရမ်းလည်း စိတ်လှုပ်ရှားစရာကောင်းတာပါ။ အခြေနေမဟန်ရင် ယုန်ပေါက်လေးတွေကို အစာကျွေးပြီး အိပ်ခိုင်းခဲ့လို့ရသလို Level တစ်ခုခြင်းစီတိုင်းကို ပြီးမြှောက်ဖို့ဆိုတာကလည်း ပတ်လမ်းအားလုံးကို ခပ်မြန်မြန်သွားနိုင်မှ ထွက်လမ်းကို ရှာတွေ့မှာပါ။ ဒါ့အပြင် Visual Graphic ဒီဇိုင်းကစ အရမ်းသဘောကျစရာကောင်းပြီး တခြား Game တွေနဲ့ ကွဲထွက်နေတာမလို့ Animation တွေနဲ့တင် သဘောကျစေမယ်ဆိုတာ သေချာပါတယ်။ 
[- Review -]

ဒီလို Game မျိုးလေးတွေ မတင်တာ အတော်ကြာပြီဖြစ်သလို အခု Game လေး ဆော့ကြည့်မှာဘဲ အရင်က Game အဟောင်းလေးတွေကိုတောင် ပြန်သတိရနေမိတယ်။ တစ်ဖက်နဲ့တစ်ဖက် ယှဉ်ပြိုင်ရတဲ့ Multiplayer Games တွေ များလာတာနဲ့အမျှ အခုလို Game လေးတွေက အတော်ကို ရှားသွားကြတာဖြစ်ပြီး အရင်က Internet မကျယ်ပြန့်ခင်တုန်းကလိုမျိုး Popular ဖြစ်ဖို့ဆိုတာ ဝေးသွားကြပါပြီ။ ဒါပေမယ့် အခုချိန်ထိ ပုံစံသစ်တွေနဲ့ မြင်တွေ့နေရပြန်တော့ အချိန်ပေးမဆော့ဖြစ်ခဲ့ရင်တောင် အပျင်းပြေစေမယ်ဆိုတာ သေချာပါတယ်။ 

Game Information

Android version 8 . 0 +
Developer Wopa Interactive
Network Offline
Price Free
App version 1.0.0
Release date 18.11.2021

Download Link

Type Size Link

Playstore

49 MB

Download

Mediafire

 

49 MB

( Apk Only )

Download

Apple iOS

54 MB

Download 

⭐ ( HELLO Rating = 7 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES