DogLife BitLife Dogs

° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက Simulation အမျိုးစားတစ်ခုဖြစ်ပြီး ထူးထူးခြား ခွေးဘဝအနေနဲ့ ကစားရမှာပါ။ အရင်က ထုတ်ပေးထားတဲ့ BitLife မှာတင် အောင်မြင်မှုအတော်ရခဲ့ပြီး USA အခြေစိုက် Candywriter LCC ကနေဘဲ ဖန်တီးပေးထားတာပါ။ လူ့ဘဝ ပုံစံနဲ့မဟုတ်ဘဲ ခွေးဘဝပုံစံနဲ့ ကျင်လည်ရမှာမလို့ အရမ်းစိတ်ဝင်စားစရာကောင်းမှာတော့ သေချာပါတယ်။
° Android တွက် Initial release လုပ်ပေးထားတာဖြစ်ပြီး iOS ကတော့ သိပ်မကြာခင်မှာဘဲ ရောက်လာမှာပါ။ ဒီတော့ အရင်က BitLife ဆော့ဖူးတဲ့သူတိုင်း Game ရဲ့ Life Cycle ကို အတော်များများရင်းနှီးကြမှာဖြစ်ပြီး ဒီ ခွေးဘဝကတော့ လုံးဝကို Unique ပုံစံနဲ့ တွေ့မြင်ရမှာပါ။ ဘာလို့ဆို လူ့သက်တမ်းထက် တိုတဲ့ ‌ခွေးဘဝကို ဖြတ်သန်းရမှာဖြစ်ပြီး ဘယ်နိုင်ငံမှာ ဘယ်လိုပုံစံမျိုးနဲ့ မွေးလာဖို့ထိ ရွေးချယ်ခွင့်ရှိပါတယ်။ အခု Free Version မှာတော့ Dog နေရာသာ ကစားလို့ရပြီး Apparent နဲ့ ကြောင်လေးတွေကတော့ Purchased လုပ်ပေးမှ ရွေးချယ်ခွင့်ရမှာပါ။ အဲတော့ ခွေးဘဝတင်မဟုတ်ဘဲ ကြောင်ဘဝ အနေနဲ့ပါ ဆော့လို့ရပါတယ်။

( Sexual Content ပါလို့ 14 နှစ်အောက် ကလေးတွေ Review လာမဖတ်နဲ့နော် )
[- Review -]

Game က ရှင်းရှင်းပြောရရင် ခွေး Game ပေါ့နော်။ Text Chat ပုံစံလေးဆိုပေမယ့် အရမ်းမိုက်တယ်။ လူ့ဘဝမှာ ဖြတ်သန်းရတာ ပျင်းလာရင်တော့ ဒီ ခွေးဘဝကို လာဆော့ကြည့်ဖို့ရာ အကြံပေးပါတယ်။ အမိုက်ဆုံးကတော့ ခွေးဥပဒေ မရှိပါဘူး။ အရင်ဆုံး ခွေးအနေနဲ့ မွေးလာမယ် ၊ ပြီးရင် လမ်းဘေး‌ ခွေးတွေနဲ့ ပြိုင်ကိုက်မယ် ၊ စိတ်ပေါက်ရင် လာတဲ့ လူပါ ဖြတ်ကိုက်လို့ရမယ် ၊ နောက် ဟိုဒင်းဟိုဟာပြုပြီး ဟိုဟာလေးတွေပါ မွေးလို့ရမယ် မျိုးစုံပေါ့ ။ တစ်ခုရှိတာက ရွေးချယ်မှုတိုင်းက သင့်ရဲ့ ခွေးဘဝကို အကျိုးသက်ရောက်စေမှာဖြစ်ပြီး ဝမ်းသာစရာကတော့ ခွေးဘဝမှာ FA ဖြစ်ဖို့ရာ ရှားပါတယ်။ တစ်ရက်ပြီးတစ်ရက် ခွေးအစုံနဲ့ တွေ့ရမှာဖြစ်ပြီး ကံမကောင်းရင်တော့ ကြောင်ကုဒ်တာ ခံရမှာပါ။ 
အဲဒါက လမ်းဘေးခွေးရဲ့ တစ်ခန်းဇာတ်ပေါ့။ တကယ်လို့ ကိုယ်က လူတစ်ယောက်ရဲ့ မွေးစားခြင်းကို ခံလိုက်ရပြီဆိုရင် အိမ်ပိုင်ယာပိုင်ဖြစ်လာမယ်။ လမ်းဘေးကလို အစာလိုက်ရှာစရာမလိုဘဲ ကျန်းမာရေးကစ ပိုင်ရှင်တွေက စောင့်ရှောက်ပေးမှာပါ။ ဒါပေမယ့် အဲဒါကလည်း သင့်အပေါ်ဘဲ မူတည်ပါတယ်။ ပိုင်ရှင်က ကားနဲ့ခေါ်သွားရင် ဖြစ်နိုင်ချေအများကြီးရှိပြီး ဆေးရုံ ဒါမှမဟုတ် စွန့်ပစ်ခံရတာမျိုးဖြစ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ပိုင်ရှင်က အိမ်ထောင်ကျသွားတာမျိုးတို့ ၊ ကလေးမွေးလာတာမျိူးတို့ဆိုရင် သင့်ရဲ့ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုပေါ်ဘဲ မူတည်တာပါ။ နောက်ဆုံး သေသွားရင်တောင် သင်ဟာ ခွေးဘဝမှာ ဘယ်လောက်အတိုင်းတာထိရောက်ခဲ့လဲဆိုတာ စိတ်ဝင်စားစရာကောင်းတယ်။

လုံးဝ အထင်မသေးနဲ့နော် ခွေးဗဟုသုတရတယ်။ ခွေးဖြစ်ရတာ လွယ်တယ်များမှတ်နေလား ။ အဲဒါကြောင့် ဒါဆော့ကြည့်ရင် သူတို့ရဲ့ Life Style ဟာလည်း ခက်ခဲတယ်ဆိုတာ ပိုသိသွားလိမ့်မယ်။ ရွေးချယ်မှုတိုင်းက ကိုယ့်ရဲ့ နောက်ဆုံးထွက်သက်ဖြစ်နိုင်ပြီး ဘဝသင်ခန်းစာတောင်ရနိင်သေးတယ်။ ဘာလို့ဆို အနားကအပေါင်းပါတွေက တစ်ကောင်ပြီးတစ်ကောင် သေသွားတာမျိုးတွေပါ ရှိတတ်တယ်။ ခွေးဘဝဆိုတော့ ဘယ်နှစ်ယောက်ယူယူ ကိစ္စမရှိပေမယ့် မွေးလာတဲ့ ပေါက်စလေးတွေကတော့ အခြေနေအမျိုးမျိုးပါ ဖြစ်သွားနိုင်တယ်။ တအားကြီး ခံစားရမှာမျိုးတော့ မဟုတ်ဘဲ ခွေးဘဝဆိုတော့ အဖြစ်ပျက်တွေက မြန်နေတတ်တယ်။ အနည်းဆုံးတော့ အတွေ့ကြုံသစ်ရမှာမလို့ စမ်းဆော့ကြည့်သင့်တယ်လို့ အကြံပေးတယ်။ ခွေးဘဝတောင် FA ဆိုရင်တော့ ဆေးမမှီတော့ဘူးနော် ။ 

Game Information

Android version 4 . 4 +
Developer Candywriter LCC
Network Offline
Price Free
App version 1.0
Release date 1.11.2021

Download Link

Type Size Link

Playstore

89 MB

Download

Apkcombo

 

88 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
⭐ ( HELLO Rating = 7.6 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES