FIFA Mobile 22 ( Beta )

° FIFA Mobile Fan တွေတွက် အရမ်းကျေနပ်စရာကောင်းတဲ့ 2022 ရဲ့ Beta version ကို EA က ချပြပေးလိုက်တာဖြစ်ပြီး အရင်ကနဲ့မတူဘဲ တကယ်ကို Update အကြီးစားနဲ့ ထွက်လာတော့မှာပါ။ လက်ရှိအချိန်မှာတော့ India, Canada နဲ့ Romania Region တွေမှာ အခုလ 22 ရက်နေ့ကနေစပြီး 3 ပတ်စာ Test ခွင့်ပေးထားပြီး Android Users တွေတွက်သာ အခု Beta version ကို ဆော့ကစားခွင့်ရမှာပါ။ တကယ်ကို အရင်ကနဲ့မတူဘဲ Features အသစ်တွေနဲ့ မြင်တွေ့ရမှာမလို့ အရမ်းသဘောကျကြမှာ သေချာပါတယ်။
° FIFA ဆိုတဲ့အတိုင်း Team , Logo တွေနဲ့ပတ်သတ်ပြီး လူစာရင်းတွေကစ တရားဝင်ရထားတဲ့ Game တစ်ခုဖြစ်တာကြောင့် Kits တွေကစ အခုလက်ရှိ ရာသီအတိုင်း မြင်တွေ့ရမှာပါ။ ဒါ့အပြင် အရင် FIFA Mobile ရဲ့ Version အဟောင်းထက် အများကြီးကို Improve လုပ်ပေးထားပြီး Graphic ကစ သိသိသာသာကြီးကို ပြင်ဆင်ပေးထားတဲ့အပြင် နောက်ခံ စကားပြောတွေဖြစ်တဲ့ Commentary Language တွေကစ Audio Settings ပိုင်းတွေမှာ ထပ်တိုးပေးထားတာပါ။ ဒါ့အပြင် Graphic Setting ကစ ကျယ်ကျယ်ပြန့်ပြန့်နဲ့ Options အစုံပါဝင်လာပြီး Game ရဲ့ Menu Design နဲ့ UI တွေကစ တကယ်ကို ကျေနပ်စရာကောင်းအောင်ထိ Fan တွေရဲ့ တောင်းဆိုမှုအတိုင်း ပြင်ဆင်လာခဲ့တာပါ။
° အထူးသဖြင့် Intro Scene နဲ့ Replays Features တွေ ပါဝင်လာခဲ့တဲ့အပြင် ကစားကွင်းရွေးချယ်မှုနဲ့ Day , Night System တွေကစ Player တွေစိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်ပေးထားတာပါ။ လက်ရှိ Beta မှာ Purchasing စနစ်တွေဖျောက်ပေးထားတဲ့အပြင် FIFA Points တွေကစ အချိန်ကန့်သတ်နဲ့ Free ပေးနေတာမလို့ တကယ်ကို ဆော့ပျော်စေမယ်ဆိုတာ သေချာပါတယ်။ 
[- Review -]

အရင် Admin ဆော့တုန်းက အတွေ့ကြုံနဲ့ ယှဉ်ပြောရရင် EA ဘက်က တကယ်ကို Player တွေစိတ်ကြိုက် အတော်ကို ပြင်ဆင်ပေးလိုက်တာပါ။ အရင်ဆုံး Game Menu တွေကစ ရိုးရိုးလေးနဲ့ Smart ဖြစ်ပြီး ကြည့်ရတာလည်း တကယ်သဘောကျစရာကောင်းတယ်။ အရင်ကထက်စာရင် အခုလာမယ့် version က အများကြီးကို အားရစရာကောင်းပြီး အထူးသဖြင့် Features အသစ်တွေ ထပ်တိုးပေးလိုက်တာကိုက ပိုသဘောကျမိတာပါ။ 
Audio ပိုင်းမှာဆိုရင် Sounds Effect သီးသန့်ကိုက 475 MB ထိ ဆွဲပေးရမှာဖြစ်ပြီး Commentary Language Voice တွေကစ အမျိုးစားလိုက် သီးသန့် Download လုပ်ခွင့်ပေးထားတာပါ။ အကြိုက်ဆုံးကတော့ Official Team တွေရဲ့ နာမည်တွေအတိုင်း Chant လုပ်ပေးတဲ့ စနစ်တွေပါ ပါဝင်လာတာမလို့ Mobile Player တွေတွက်တော့ တကယ်ကို ဘောလုံးပွဲကြည့်နေရသလိုထိ Audio ပိုင်းမှာ ခံစားရမှာပါ။ အသင်းနာမည်တွေပါ ခေါ်ပေးတော့ တကယ်ဆော့ရတာ Feel ရှိတယ်။ 
နောက်တစ်ခုက Graphic ပိုင်းဖြစ်ပြီး Character တွေထက် Stadium Environment တွေက သိသိသာသာ ပိုကြည့်ကောင်းလာတာပါ။ အထူးသဖြင့် Stadium တွေကို ပွဲမစခင် ရွေးချယ်လို့ရပြီး နေ့ ၊ ည တွေပါ ရွေးချယ်ခွင့်ပေးထားတာကြောင့် နေ့ခင်းဘက် ကန်ရတဲ့ ကွင်းတွေမှာ Graphic ပိုင်းကို သိသိသာသာပိုမြင်တွေ့ရမှာပါ။ အရင်ကလို Saturation ပိုသုံးတဲ့ Color မျိုးမဟုတ်တော့ဘဲ Nature Color ပိုင်းကို ဦးစားပေးထားတာကြောင့် ကြည့်ရတာလည်း တကယ်ကို အဆင်ပြေလာတယ်ပြောရမယ်။ 
နောက်တစ်ခုက ကစားနေချိန်အတွင်းမှာကို အမြန် လူစား‌လဲပေးလို့ရပြီး အဲအတွက် Cutscene တွေကစ Intro Scene အကုန် ပိုပါလာတာပါ။ Vs Attack Mode မှာ Replays Features မပါပေမယ့် Full Time Gameplay Mode ဖြစ်တဲ့ Head To Head မှာတော့ ပွဲပြီးတိုင်း သွင်းဂိုးတစ်ခုခြင်းစီတိုင်းကို သီးသန့် ပြန်ကြည့်လို့ရပါတယ်။ အဲအချက်က တကယ်သဘောကျစရာကောင်းပြီး အကောင်းဆုံး သွင်းဂိုးတွေကို Recording ပြန်လုပ်နိုင်တာကြောင့် တကယ်မိုက်တာပါ။ 
နောက် အခု version မှာက Skill ပိုင်းကို ပိုအသားပေးလာပြီး ပြကွက်တွေတွက် ကစားသမားတစ်ယောက်ခြင်းစီရဲ့ Skill တွေကို စိတ်ကြိုက် ပြင်ဆင်ခွင့်ပေးထားတာပါ။ ကျန်တဲ့ Feature အသစ်တွေပါသေးပေမယ့် အမိုက်ဆုံးကတော့ Player Pack ဖောက်တိုင်း ဝင်လာတဲ့ Intro Scene ကြီးက လူပုံစံထုတ်မပြပေမယ့် တခြား Platforms ပေါ်က FIFA 22 Game တွေအတိုင်း ထည့်သွင်းပေးထားတာပါ။ အဲဒါကြောင့် FIFA Mobile Fan တွေတွက်တော့ တကယ်သဘောကျမှာ သေချာတယ်။ 

လက်ရှိ Beta က FIFA Points တွေပါ အချိန်နဲ့ Free ပေးနေတော့ Season Pass တွေကစ ဝယ်လို့ရတယ်။ Pay To Win ဆန်ပေမယ့် လက်ရှိ Beta ကတော့ အမုန်းဆွဲလို့ရတာပါ။ 

Game Information

Android version 6 . 0 +
Developer EA
Network Online
Price Free
App version Beta
Release date Beta

Download Link

Type Size Link

Playstore

90 MB

Download

Taptap

 

90 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
Note
====
Game ဆော့ရင် Canada ဒါမှမဟုတ် India ကို VPN ကျော်ပေးဖို့ လိုအပ်မှာဖြစ်ပြီး Account အနေနဲ့ Guest Mode သာ ချိတ်ဆော့လို့ရမှာပါ။Free VPN အနေနဲ့ အကြံပေးတာကတော့ Super VPN သုံးကြည့်ပါ။ 

FIFA Mobile ရဲ့ ထုံးစံအတိုင်း In Game ကျမှ Gameplay Resources File တွေကို Download လုပ်တာကြောင့် Mobile Data သမားများ သတိပြုပေးပါ။ Sounds Effect နဲ့ English Commentary ရဲ့ Audio နှစ်ခုပေါင်းစာကို 685 MB လောက်ထိ သီးသန့်ဆွဲလို့ရပြီး Admin ရဲ့ လက်ရှိ Data ဆွဲမှုပမာဏကတော့ အကုန်လုံးစာကို 1.23 GB ထိ Download လုပ်ပါတယ်။

⭐ ( HELLO Rating = Beta / 10 ) ⭐

#HELLOYDB

Related Posts

  • FIFA Mobile 22 ( Beta )° FIFA Mobile Fan တွေတွက် အရမ်းကျေနပ်စရာကောင်းတဲ့ 2022 ရဲ့ Beta version ကို EA က ချပြပေးလိုက်တာဖြစ်ပြီး အရင်ကနဲ့မတူဘဲ တကယ်ကို Update အကြီးစားနဲ့ ထွက်လာတော့မှာပါ။ လက်ရှိ… Read More
  • Desert Nomad x Raft Survival ( Early Access )° ဒီနေ့ Early Access အနေနဲ့ ထွက်လာတဲ့ Game သစ်လေးကတော့ Mobile မှာ လူကြိုက်အများဆုံး Survival Game တစ်ခုဖြစ်တဲ့ Raft Survival Ocean Nomad ကို ဖန်တီးပေးထားတဲ့ TREASTONE LT… Read More
  • Retro Commander ° Early Access အနေနဲ့ အသစ်ထွက်လာတဲ့ ဒီ Game လေးက ရေနံ Game နဲ့ General တို့လို Strategy ပုံစံမျိုးတွေ သဘောကျရင်တော့ အကြိုက်တွေ့စေမယ့် Game ကောင်းလေးတစ်ခုပါ။ USA အ… Read More
  • Legendary Football ° Mobile Player တွေတွက် Suprise တိုက်ခံလိုက်ရတဲ့ Football Game သစ် တစ်ခုဖြစ်ပြီး Singapore အခြေစိုက် Studio Vega ကနေ Test အနေနဲ့ 10 ရက်တိတိ Android User တွေတွက် က… Read More
  • F Sim | Space Shuttle 2° ဒီတစ်ခါ အသစ်ထွက်လာ‌တာလေးကတော့ Premium Game လေးဖြစ်ပြီး R$30.99 နဲ့ရောင်းချပေးနေတဲ့ Space Simulation Game ကောင်းလေးတစ်ခုပါ။ အရမ်းသဘောကျစရာကောင်းတာက ဒီထဲမှာပါတဲ့ Map တွေ… Read More

Comments

လူကြည့်အများဆုံး GAMES