Final Fantasy VII The First Solider
° မနေ့ကဘဲ Official ထွက်လာတဲ့ Final Fantasy ရဲ့ ပထမဦးဆုံး Battle Royale Game တစ်ခုဖြစ်ပြီး ဂျပန်အခြေစိုက် Square Enix ကနေ Mobile Platforms တွက် သီးသန့် ဖန်တီးပေးထားတာပါ။ Final Fantasy Fan တွေတွက် အတွေ့ကြုံသစ်ရမယ့်အပြင် Battle Royale ကိုမှ သာမန်နဲ့မတူဘဲ Fantasy ဆန်ဆန် RPG Elements တွေပါ ပေါင်းစပ်ထားတာကြောင့် တခြား Game တွေထက် ပိုရှုပ်ထွေးပြီး Challenge အရမ်းဖြစ်ပါတယ်။ ဒါ့အပြင် Controller ပါ တရားဝင် Support ပေးထားတာကြောင့် Console Game တစ်ခုလိုပါ ဆော့ကစားနိုင်မှာပါ။
° Final Fantasy ရဲ့ လူကြိုက်အများဆုံး Series တွေထဲက တစ်ခုဖြစ်တဲ့ FF VII ကို အခြေခံပြီး အဲဒီမတိုင်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က အချိန်ကို ဇာတ်အိမ်တည်ပေးထားတာကြောင့် အရမ်းစိတ်ဝင်စားစရာကောင်းတာပါ။ President Shinra ဟာ သူ့ရဲ့ Electric Power Company ကို ကာကွယ်ဖို့တွက် SOLDIER Project ကို စတင်ခဲ့ပြီး သင့်အနေနဲ့ အဲဒီ Project ထဲမှာ ပါဝင်ယှဉ်ပြိုင်ရမယ့် ပုံစံမျိုး ဒီ Game ထဲမှာ ဆော့ကစားရမှာပါ ။ FF VII နဲ့ အချိန်ကွဲနေပေမယ့်လည်း Fan တွေ အရမ်းကြိုက်တဲ့ Tifa , Aerith နဲ့ Cloud တို့ရဲ့ Costume တွေပါ ထည့်ပေးထားတာကြောင့် Final Fantasy သမားတွေတွက် အရမ်းသဘောကျမှာ သေချာပါတယ်။
° Battle Royale ဆိုတော့ နောက်ဆုံးကျန်တဲ့ သူက အနိုင်ရမှာဖြစ်ပြီး တခြား Game တွေနဲ့မတူတာက Final Fantasy ရဲ့ အငွေ့သက်တွေကို အပြည့်ဝပေးမှာပါ။ UI တွေကစ ဘယ် Game နဲ့မှ မတူဘဲ အရမ်းကို သဘောကျစရာကောင်းပြီး Class Style တွေကစ 5 မျိုးထိ စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။ Fantasy Game မလို့ တခြား Battle Royale Game တွေထက် Ability တွေပိုများမှာဖြစ်ပြီး Shooting အပြင် Combat ပိုင်းတွေပါ Role အလိုက် တွေ့ရမှာပါ။ RPG ဆန်တာကြောင့် Battle ထဲမှာ Character Ability Strong ဖို့တွက် Gil ဆိုတဲ့ Money တွေရှာပြီး Upgrade တွေ လုပ်ပေးရမယ့်အပြင် Farming တွေပါ Battle တစ်လျှောက် Exp တိုးအောင် လုပ်ဆောင်ရမှာမလို့ တကယ်ကို Skill အရမ်းလိုတဲ့ Challenge အဖြစ်ဆုံး Game တစ်ခုပါ။ FF ရဲ့ အထင်ရှားဆုံးဖြစ်တဲ့ Chocobo တွေပါ ထည့်ပေးထားပြီး Vehicle တွေကစ မောင်းရင်းနဲ့ Combat Action တွေပါ လုပ်ဆောင်နိုင်တာကြောင့် အရမ်းသဘောကျကြမှာ သေချာပါတယ်။
[- Review -]
Game က မနေ့က Server ရုတ်တရက်ပြင်လိုက်တာကြောင့် တန်းပြီး မတင်ပေးဖြစ်လိုက်တာပါ။ ပြောရရင် ဒီအပတ်ထဲမှာ ထွက်တဲ့ BR Game တွေဟာ Playstore မှာတော့ Negative Reviews တွေကြောင့် တာထွက်မှာ အတော်ထိကြပါတယ်။ Pre - Download မှန်းမသိဘဲ 1 Star ပေးတဲ့သူတွေကြောင့် Official မထွက်ခင်ကို Rating ထိုးကျသွားပြီး ကံဆိုးခြင်တော့ ထွက်ပြီးသိပ်မကြာခင်မှာဘဲ Server Maintain ဖြစ်သွားတာကြောင့်ပါ Toxic အရမ်းများသွားခဲ့တာပါ။ ဒါပေမယ့် Square Enix ရဲ့ ပထမဆုံး Battle Royale Game တစ်ခုမလို့ ဒီလို ပြဿနာတွေကြုံရတာဟာ နားလည်ပေးလို့ရပြီး Release တာလည်း အရမ်းလောသွားတယ်လို့ မြင်မိတယ်။ RPG Game တွေမှာ ဆရာကျတဲ့ Final Fantasy ကို အခုလို Battle Royale ပုံစံ ထုတ်ပေးလိုက်တော့ ကြိုက်တဲ့သူကော ၊ မကြိုက်တဲ့သူပါ ကွဲကုန်ကြတာပါ။ အားမနာတန်းပြောရရင် Mobile Platforms ပေါ်ဆိုတော့ သိပ်ပြီး အားမရကြတာပေါ့။ ဒါကလည်း သေချာတွေးကြည့်ရင် BR Game မလို့ ပိုက်ပိုက်ရှာတယ်ဆိုတယ်ဆိုတာ သိသာပါတယ်။ Timeline မတူတဲ့ Tifa တို့ကိုပါ Costume အနေနဲ့ ပြန်ထည့်ပေးတာဘဲ ကြည့်ကြည့်။
ဒါပေမယ့် တစ်ဖက်ကတွေးရင်လည်း Final Fantasy ကို အခုလို Competition ပုံစံ ဖန်တီးလိုက်တာဟာ FF Fan တွေကို Challenge တစ်ခု ထုတ်ပြလိုက်သလိုပါဘဲ ။ Solo Adventure တွေကြီးဆော့လာခဲ့ရတော့ အခုလို BR Survival Game က အတွေ့ကြုံသစ်နဲ့ အရသာတစ်မျိူးတွေ့စေမယ်ဆိုတာ သေချာတယ်။ အနည်းဆုံး RPG Elements တွေပါ FF အတိုင်း စပယ်ရှယ်သုံးလို့ရတော့ ဒီ Game က Battle Royale Game တစ်ခုထက်ကို ပိုပြင်းထန်ပါတယ်။ မြှောက်ပြောတာမဟုတ်ပေမယ့် ဒီ Game က သေနတ်နဲ့ Armor လေး ရရုံနဲ့ ထောင်ထောင် ထောင်ထောင် သွားလုပ်လို့မရပါဘူး။ Exp တွက် Map ထဲမှာ Farming တွေလုပ်ရမယ် ၊ ကိုယ်နဲ့ကိုက်မယ့် Spell တွေကို ရွေးယူတတ်ရမယ့်အပြင် လိုအပ်ရင် သေနတ်နဲ့ လိုက်ပစ်နေရတာထက် Combat ပိုင်းတွေပါ အသေးစိတ်လေ့လာဖို့လိုတာပါ။ Tutorial ဒါမှမဟုတ် Training မှာ မလေ့ကျင့်ရသေးရင် လုံးဝ Battle ထဲမှာ ယောင်လည်လည်ဖြစ်နေမှာဖြစ်ပြီ သူများသတ်တာထက် ကိုယ့် Spell ကိုယ် ထိပြီးပါ မသာပေါ်နိုင်တာပါ။
နောက်တစ်ခုက AI Bot တွေကစ အရမ်း Smart ဖြစ်ပြီး သတ်ဖို့ရာတောင် သိပ်မလွယ်ပါဘူး။ ဒါပေမယ့် ဒီ Game က Real Player တွေများပြီး အထူးသဖြင့် Final Fantasy ရဲ့ အမာခံ Fan တွေများပါတယ်။ ဘယ်လောက်ထိ Map ကို Explore လုပ်ခြင်လဲဆိုရင် Church ကျောင်းကို အုပ်လိုက်ကြီး ဆင်းပြီး စုံကြတဲ့အထိပါ။ ပြောရရင် Admin လည်း ဓာတ်ပုံရိုက်ဖို့သွားတာ မသာပေါ်ပြီး ပြန်လာခဲ့ရတယ် ။ အဲဒါကြောင့် အများစုက အခုလိုမျိုး အထင်ကရ နေရာတွေကို ကြည့်ခြင်ကြတာဖြစ်ပြီး တကယ်လည်း Skill ကြမ်းတဲ့ Player တွေများပါတယ်။ ကိုယ့်မှာ ရန်သူတွေ့တိုင်း သေနတ်နဲ့ဘဲ လှမ်းပစ်ရမလိုလို ၊ ဝင်ဘဲ ခုတ်ရမလိုလို ၊ Spell တွေဘဲ ထုတ်ချရမလိုလိုနဲ့ အစပိုင်းမှာ တကယ်ပြာယာခက်တယ်။ Ability တွေ နားမလည်ရင်သေးရင်တော့ Training ထဲမှာ အရင် လေ့ကျင့်ကြဖို့ရာ အကြံပေးခြင်တယ်။ နောက်ပြီး ဒီ Game မှာ Knockout ဖြစ်သွားရင် ဖင်ကုန်းရတာမျိုးမဟုတ်ဘဲ Smart ကျကျ ထိုင်လျက်လေး ဖြစ်သွားမှာပါ။ အဲဒါကြောင့် ရုပ်ပျက်ဆင်းပျက် လေးဘက်ထောက်စရာမလိုဘူး ။
ချုံပြောရရင်တော့ ဒီ Game နဲ့ တူတဲ့ Combat BR တွေ ရှိနေပေမယ့် FF လို RPG မှာ ဆရာကျတဲ့ Spell , Ability တွေရဲ့ Graphic ကော ၊ Effect တွေပါ လိုက်မှီဖို့ရာ ရှားပါတယ် ။ လက်ပစ်ဗုံးတွေအစား မီး ၊ ရေခဲ ၊ မိုးကြိုးလိုမျိုး Spell အစုံကို သုံးရမှာမလို့ Battle တိုင်းကတော့ ဗြောင်းဆန်နေမှာ သေချာတယ် ။ ပြောရရင် Admin တော့ Game တော်တော်များများကို Purchased ဝယ်ဆော့တာရှားပေမယ့် တကယ်လို့များ Tifa တို့လို Jessie လေးသာ ပါလာခဲ့ရင်တော့ ဝယ်မိမှာ သေချာတယ်။ Final Fantasy VII ဟာ Mobile version နောက်ထပ် ထွက်လာအုံးမှာဆိုပေမယ့် Jessie လေးကိုတော့ The First Solider မှာပါ မြင်ခြင်မိသေးတယ်။ Game က လှုပ်ရှားတာကစ မြန်သလို Ability ပါ အစုံဆိုတော့ သာမန် Players တွေတွက် ခက်ခဲနိုင်တယ်။ အမှန်တိုင်းပြောရရင် လာဆော့ပါဆိုရင်တောင် ရှောင်သွားနိုင်တဲ့ထိ တွန့်သွားနိုင်တယ်။ အဲဒါကြောင့် အစပိုင်းသာ Rookie တွေနဲ့ ရုန်းရမှာဖြစ်ပြီး ကြာရင်တော့ Pro တွေကြီး ဘဲကျန်ခဲ့မှာပါ။
Android version | 7 . 1 + |
Developer | Square Enix |
Network | Online |
Price | Free |
App version | 1.0.1 |
Release date | 17.11.2021 |
Download Link
Type | Size | Link |
Playstore |
1.4 GB |
Download |
Apkcombo
|
1.4 GB ( Xapk ) |
Download |
Apple iOS |
1.6 GB |
Download |
Note
=====
In Game ကြရင် 680 MB လောက် ထပ်ပြီး Download လုပ်ရမှာဖြစ်ပြီး Game ရဲ့ Total Size ကတော့ 2.05 GB ထိရှိပါတယ်။
64 bit Devices တွေသာ ဆော့ခွင့်ရမှာပါ။ Device အချို့မှာ Requirements ထက် မြင့်နေပေမယ့်လည်း Incompatible ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။
⭐ ( HELLO Rating = 8 / 10 ) ⭐
#HELLOYDB
Comments