Horror Station

0% COMMUNITY SCORE
LOADING...
RATE:
° ဒီနှစ်ထဲမှာ ထွက်ထားတဲ့ Horror Game လေးဖြစ်ပြီး လူသိနည်းပေမယ့် Reality ဆန်တဲ့ အဖြစ်ပျက်တစ်ခုကို ကြုံတွေ့ရမှာမလို့ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီ Game မှာဆိုရင် သင်က လူပျောက်မှုခင်းတစ်ခုနဲ့ ပတ်သတ်ပြီး လိုက်စုံစမ်းနေတဲ့ Journalist တစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး ဘူတာရုံအတွင်းမှာ သဲလွန်စလိုက်ရှာရင်းကနေ မထင်မှတ်ဘဲ လူသေမှုအထိ ဖြစ်ပွားနေခဲ့တာပါ။ ပျောက်ဆုံးနေတဲ့ လူတွေဟာ ရက်ရက်စက်စက်အသတ်ခံခဲ့ရတဲ့အပြင် သင်ရောက်လာတဲ့ အချိန်နဲ့ လူသတ်သမား ပြန်လာတဲ့ အချိန်က ကွက်တိဖြစ်သွားတာကြောင့် သင်ပါ လူသတ်သမားဆီကနေ လွတ်အောင် ရုန်းရမယ့် Survival Horror Game ကောင်းလေးတစ်ခုပါ။ Unreal Engine သုံးထားတဲ့အပြင် လူသတ်သမားရဲ့ စကားပြောသံတွေကစ အရမ်းကြောက်စရာကောင်းတာကြောင့် သည်းထိတ်ရင်ဖိုကစားခြင်တဲ့သူတွေတွက် လုံးဝကို စမ်းကြည့်သင့်တာပါ။ 
[- Review -]

ပြောရရင် သရဲထက်တောင် ပိုစိတ်လှုပ်ရှားမိတာ အမှန်ဘဲ။ လူသတ်သမားနဲ့အတူ ရထားကွင်းထဲမှာ ပိတ်မိနေရတဲ့ ခံစားချက်က တကယ်ကို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင်ထိဘဲ။ ပိုဆိုးတာက လူသတ်သမားလိုက်လာတဲ့အခါကြရင် နောက်ကနေ ကြုံးဝါးတဲ့အသံက လူပါ ကြက်သီးထတယ်။ မင်းကို မိရင် မညှာဘူးတို့ ၊ အရှေ့က သတ်ထားတဲ့ လူတွေထက်ကို ပိုခံစားစေရမယ်တို့ အစုံအစုံ Dialog ကို မထပ်ဘဲ ထည့်ပေးထားတာ။ နောက်ပြီး ရထားတွေက အပြင်မှာ ရင်းနှီးပြီးသား ပုံစံတွေမလို့ ဆော့ရတာ တစ်မျိုးခံစားရတယ်။ သွားတဲ့အခါ Reality ဆန်တဲ့ Camera Shake ကြောင့် တကယ်ရောက်နေသလိုမျိုးဘဲ။ 
စတွေ့တုန်းကဆိုရင် လူက ဓာတ်ပုံရိုက်နေတုန်း မီးက တလတ်လတ်ဖြစ်သွားတော့ အခြေနေမကောင်းဘူးဆိုပြီး ဒုန်းဆိုင်းပြေးခါမှ တည့်တည့်ကြီးကို ရင်ဘက်ထဲ ဓားနဲ့ထိုးသွားတာ။ သရဲလို ကြောက်စရာမကောင်းပေမယ့် လူပါ တုန်တက်သွားတာ အမှန်ဘဲ။ တခြား Horror တွေနဲ့မတူဘဲ Environment က ရထားတွေကြားမှာ ပုန်းရတာဆိုတော့ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတယ်။ ကိုယ်သာ အဲနေရာဆို ဘာလုပ်ရမှန်းမသိပေမယ့် တစ်ခါလေကြရင်လည်း ကိုယ်ကပြေး ၊ သူက လိုက် ဆိုတော့ ရထားကွင်းထဲ ပတ်ဆော့နေသလားတောင် မှတ်ရတယ်။ ဘယ်လိုဘဲနေနေ Horror ကိုမှ Feeling တစ်မျိုးရတာကြောင့် သဘောကျမိတယ်။ 

Game Information

Android version 5 . 1 +
Developer ST&G Studios
Network Offline
Price Free
App version 2.2
Release date 10.11.2021

Download Link

Type Size Link

Playstore

153 MB

Download

Apkcombo

 

153 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
⭐ ( HELLO Rating = 7 / 10 ) ⭐

#HELLOYDB
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
You
Replying to ... ✕ CANCEL
Loading comments...