Iron Warfare Theatre Assault
° Myanmar Developer တွေဖန်တီးထားတဲ့ Story Campaign ဦးစားပေး Tank Game လေးဖြစ်ပြီး World War II ကို အခြေခံထားတာကြောင့် သဘောကျကြမှာပါ။ Mission အလိုက် US , German နဲ့ Russian ကိုယ်စီကို စိတ်ကြိုက်ကစားနိုင်ပြီး Garage ပိုင်းမှာလည်း History Fact အတိကျနဲ့ Tank မျိုးစုံကို ထည့်ပေးထားတာပါ။ Environment Graphic ကတော့ တအားကြီး မကောင်းပေမယ့် Tank Body တွေကတော့ အကောင်းဆုံးဖန်တီးပေးထားပြီး Sound Effects တွေကစ သဘာဝကျပါတယ်။ Explosion Effect တွေ ကြည့်ကောင်းပြီး တအားကြီး လွယ်တဲ့ Game မျိုးလည်း မဟုတ်တာကြောင့် အပျင်းပြေစေမှာပါ ။ Myanmar Developer တွေ ကြိုးစား ဖန်တီးထားတဲ့ Game တစ်ခုမလို့ Game အမျိုးစား မကြိုက်ရင်တောင် Download လုပ်ပြီး အားပေးကြပါလို့ တိုက်တွန်းခြင်ပါတယ်။
[ Review ]
Game က Engine Sound တွေ သဘောကျပေမယ့် Environment လေးကို Improve လုပ်ပေးစေခြင်တယ်။ နောက်တစ်ခုက Battle ထဲရောက်သွားရင် Setting ထဲကို ဝင်မရတာတွေ့ရတယ်။ HP Bar နဲ့ Machine Gun Button မှာလည်း အလွတ်ကြီးထက်စာရင် Icon လေး ထပ်ထည့်ပေးစေခြင်မိတယ်။ ကျန်တာကတော့ အကောင်းဆုံးကြိုးစားထားတာမလို့ သဘောကျပါတယ်။ နောက်ပြီး ဇာတ်လမ်းဖန်တီးထားတာကလည်း စိတ်ဝင်စားစရာကောင်းတယ်။
Android version | 4 . 0 + |
Developer | Armor Piercing Indie Game Productions |
Network | Offline |
Price | Free |
App version | 0.0.3 |
Release date | 11.11.2021 |
Download Link
Type | Size | Link |
Playstore |
125 MB |
Download |
|
Please Support |
|
Apple iOS |
|
#HELLOYDB
Comments