Just Cause Mobile ( Early Access )

° ဒီနေ့ Early Access ကိုမှ Region အကန့်သတ်နဲ့ ထွက်လာတဲ့ Square Enix ရဲ့ ပထမဆုံး Just Cause Mobile version ဖြစ်ပြီး Singapore Only သာ Test ခွင့်ပေးထားတာ‌ကြောင့် VPN နဲ့ဆော့ဖို့ရာ လိုအပ်ပါတယ် ။ Just Cause Series ဟာ Open World Action Game အဖြစ်နဲ့ PC နဲ့ တခြား Platform တွေမှာ အတော်များများ ရင်းနှီးကြမှာဖြစ်ပြီး Mobile တွက်ပါ Multiplayer Features နဲ့ ဒီဇိုင်းသစ်ကို ထုတ်ပေးလိုက်တာကြောင့် အရမ်းစိတ်ဝင်စားစရာကောင်းတာပါ။ အထူးသဖြင့် Auto Feature မပါဝင်တာကြောင့် သဘောကျမှာ သေချာပါတယ်။
° ဒါ့အပြင် Game ပုံစံက မထင်မှတ်ဘဲ Story Campaign ဘက်ကိုပါ ဦးစားပေးထားပြီး Just Cause Universe ထဲမှာတင် ဇာတ်အိမ်တည်ပေးထားတာပါ။ ဒီထဲမှာဆိုရင် သင်က မိဘတွေအသတ်ခံလိုက်ရလို့ ပြန်လက်စားချေရမယ့် Revenge ပုံစံကို အသွင်ယူထားပြီး Rico Rodriguez တို့ရဲ့ Agency Conflict ကိစ္စတွေနဲ့ပါ ဆက်နွယ်ထားတာကြောင့် ဇာတ်လမ်းကတော့ တကယ်စိတ်ဝင်စားစရာကောင်းမှာ သေချာပါတယ်။ အခုတော့ Test မလို့ အတိုချုံ့ဘဲ ပြောပြနိုင်ပြီး Official ကျမှဘဲ သေချာရှင်းပြပါမယ်။ 
° Game က Just Cause ရဲ့ Third Person View ပုံစံနဲ့ ထွက်လာတာမျိုး မဟုတ်ပေမယ့်လည်း In Game Mechanic တွေကတော့ Just Cause ရဲ့ အငွေ့သက်တွေကို ပုံစံမပျက်ဘဲ အတတ်နိုင်ဆုံး Mobile ပေါ် ယူဆောင်လာနိုင်တာပါ။ Graphic ကစ UE 4 နဲ့ တကယ်ကို ကြည့်ကောင်းအောင် ဖန်တီးပေးထားပြီး Explosion Effect တွေကစ မူလ Game နီးပါးထိ တွေ့မြင်ရမှာပါ။ Story Campaign ပါပေမယ့် Multiplayer Features နဲ့ထွက်လာတာမလို့ CO-OP MISSIONS တွေကစ ထည့်ပေးထားပြီး တခြား Multiplayer Game Mode တွေအပြင် PK Field အနေနဲ့ Open World ကြီးထဲမှာပါ သူငယ်ချင်းတွေနဲ့အတူတူ သောင်းကျန်းလို့ရပါတယ်။ Just Cause ဆိုတဲ့အတိုင်း Wingsuit တွေအပြင် လေထီးတွေ၊ Hook ဆွဲတာတွေကစ ထည့်ပေးထားတာကြောင့် တခြား Game တွေထက် Action ဆန်ဆန် ပိုတွေ့ရမှာပါ။
[- Review -]

အရင်ဆုံး အတော်များများ စိတ်တိုသွားတာက Game က Region တစ်ခုတည်းမှာတင် Early Access ပေးလိုက်တာမလို့ Playstore မှာ Rating ထိုးကျသွားတာပါ။ Test မလို့ Battle Pass တွေတောင် ပါမလာသေးတဲ့အပြင် Bug နည်းနည်းပါးပါး ရှိနေတာထက် Server လူနည်းတာကြောင့် Co-Op Mission တွေမှာ Admin ကစ အတော်များများ တိုင်ပတ်ကုန်ကြတာပါ။ ဘာလို့လဲဆိုတော့ Story Mission အချို့မှာ စစ်တပ်တစ်ခုလုံးကို ဝင်စီးရတဲ့ အခန်းတွေ ပါတာမလို့ Teammates မပါရင် နိုင်ဖို့ရာ အတော်မလွယ်ပါဘူး။ အဲဒါကြောင့် တခြား Players 3 ယောက်နဲ့အတူ 4 ယောက်အဖွဲ့ဖွဲ့ပြီးဝင်တိုက်မှ Mission က ပိုလွယ်တာပါ။ ဒါပေမယ့် အစပိုင်းကတော့ Skill ရှိရင် စစ်တပ်တစ်ခုလုံးကို တစ်ယောက်တည်း ဝင်ဗြင်းလို့ရပါတယ်။
အထူးသဖြင့် ကိုယ့်ရဲ့ ရန်သူကို အတတ်နိုင်ဆုံးမမြင်ရအောင်လို့ လေထီးနဲ့ အပေါ်စီးကနေ လျှိုဝင်သင့်ပြီး သူတို့ရဲ့ အဓိက လောင်စာစီတွေ ၊ ဆက်သွယ်ရေးတိုင်တွေကို အရင် ဖောက်ခွဲသင့်တာပါ။ အဖွဲ့နဲ့ဆိုရင် ဝုန်းဒိုင်းကျဲ ဝင်ပစ်လို့ရပေမယ့် Solo ကတော့ အဲနည်းကဘဲ တော်ရာကျတာပါ။ နောက်ပိုင်း စစ်ကားတွေနဲ့ပတ် အုပ်လိုက်ဝင်ပိတ်တတ်တာကြောင့် လေထီးနဲ့ Explosion Gas တွေကိုလည်း အချိန်ကိုက် သေချာ သုံးတတ်သင့်တယ်။ Vehicle တွေပါ ဝင်စီးလို့ရပြီး တခြား Side Mission တွေကတော့ Open World ကြီးထဲမှာ တခြား Players တွေနဲ့အတူ လုပ်ဆောင်နိုင်တာကြောင့် MMORPG ဆန်တယ်လို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် Auto Quest , Auto Combat လုံးဝ မပါဝင်တာကြောင့် ဆော့ရတာ တကယ်ကို Feel ရှိပါတယ်။ အထူးသဖြင့် Just Cause ရဲ့ အကောင်းဆုံးပိုင်းဖြစ်တဲ့ လေထီးခုန်တာတွေ ၊ Hook ဆွဲတာတွေကို ပို အသားပေးစေခြင်တာကြောင့်လို့ မြင်မိတယ်။ 
တချို့က Third Person View မဟုတ်လို့ အတော်စိတ်ပျက်နေကြပြီး Admin ကတော့ အဆင်ပြေတယ်လို့ မြင်မိတယ်။ အတွေ့ကြုံသစ်ရတဲ့အပြင် အပေါ်စီးကမလို့ Battle ကိုလည်း ကောင်းကောင်း ထိန်းချုပ်လို့ရတာကို သဘောကျတယ်။ တကယ်လို့များကံကောင်းခဲ့ရင်တော့ GC Online လို Far View ကနေ Third Person ကို Suprise တိုက်လိုက်ရင်တော့ ပိုမိုက်မှာပေါ့။ ဘာလို့ဆို တကယ်ကို Environment Graphic ပိုင်းမှာ သေချာ ခံစားကြည့်ခြင်သေးတာ။ တခြားကတော့ Gacha ပုံစံ Weapon , Armor Box တွေ ထည့်ပေးထားပြီး Upgrade အပြင် Black Market တွေပါ ထည့်ပေးထားတာပါ။ Gameplay Mode အချို့ကိုတော့ Level အလိုက် Lock လုပ်ပေးထားပြီး ကျန်တာကတော့ Story Campaign ပေါ်မူတည်ပြီး Unlock ဖြစ်မှာပါ။ 
ချုံပြောရရင်တော့ Region ကိစ္စကလွဲရင် တကယ် သဘောကျမိပြီး Official ကိုတောင် မြန်မြန်ရောက်လာစေခြင်မိတယ်။ Team ဖွဲ့ဆော့ရင် ပိုတောင် ပျော်စရာကောင်းမှာ သေချာပြီး စစ်စခန်းတွေကို Action ဆန်ဆန် ဝင်ဗျင်းရတာဆိုတော့ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတယ်။ Graphic မှာ Optimize လုပ်ပေးထားပေမယ့် Requirements ကတော့ အသင့်တင်လိုအပ်မယ်ထင်တယ်။ High Quality မှာတောင် ဖုန်းသိပ်မပူတာကြောင့် တကယ်သဘောကျစရာကောင်းတာပါ။

Game Information

Android version 7 . 0 +
Developer Square Enix
Network Online
Price Free
App version Early Access
Release date Early Access

Download Link

Type Size Link

Playstore

300 MB

Download

Apkcombo

 

298 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
Note
====
( Game ဆော့ဖို့ရာ VPN လိုအပ်ပြီး Singapore Region မှာဘဲ ဝင်ခွင့်ရမှာပါ။ In Game ကြရင် 1.25 GB လောက် ထပ်ပြီး Download လုပ်ရပါမယ် )


⭐ ( HELLO Rating = Early Access / 10 ) ⭐

#HELLOYDB

Related Posts

  • The Guardians Of Peace•                အသစ်ထွက်လာတဲ့ GAME လေးဖြစ်သလို ပညာပေး Game လေးလို့လည်း ပြောလို့ရပါတယ်။ Admin တောင် ဒီ Game ဆော့ပြီး တရားတွေဘာတွေ ကျင့်တော့မှာ။ စစ်မှန်တဲ့ စွမ်းအင်ဆိုတာ ကိုယ့်ရဲ့ င… Read More
  • Delight The Journey Home•            မကြာသေးခင်ကမှ ထွက်လာတဲ့ ဒီ Game လေးက Steam ထက် Mobile မှာ ၁ ရက်စောထွက်လာတဲ့ Game ကောင်းတစ်ခုပါ။ Steam မှာတော့ 19 ရက်နေ့ကမှ ထွက်လာပြီး Mobile ပေါ်မှာတော့  18 ရက်နေ့ကတည်… Read More
  • Bloodstained Ritual Of The Night•              ဒီ Game လေးက PC နဲ့ Console ပေါ်မှာ နာမည်ကြီးခဲ့သလို အခုဆိုရင် Mobile ပေါ်ကိုလည်း ရောက်ရှိလို့လာပါပြီ။ Pay To Play ဖြစ်တာကြောင့် တန်ဖိုးအနေနဲ့လည်း Playstore မှာဆိုရင… Read More
  • FAR Lone Sails•           Playstation 4, Xbox One, Nintendo Switch တို့မှာ ထွက်ထားတဲ့ ဒီ Game လေးက အခုဆိုရင် Mobile ပေါ်ကို ရောက်ရှိလို့လာပါပြီ။ Steam မှာဆိုရင် Rating 9 ထိ ရထားတဲ့ ဒီ Game လေးက … Read More
  • The First Tree•             ဒီ Game လေးက PS4 , PC တို့မှာ အောင်မြင်မှုရခဲ့ပြီး အခု Android ပေါ်ကို ရောက်ရှိလို့ လာပါပြီ။ သူရောက်လာတာထက် Admin မှာ ဆော့ရင်းနဲ့ ပြုံးသွားလိုက်၊ ဝမ်းနည်းသွားလိုက် နေ… Read More

Comments

လူကြည့်အများဆုံး GAMES