Laid Back Camp Virtual
° စိတ်ညစ်နေတဲ့သူတွေတွက် အပန်းဖြေစေမယ့် Camping Game လေးဖြစ်ပြီး အထူးသဖြင့် Anime Fan တွေတွက် ပိုအကြိုက်တွေ့စေမှာပါ။ Laid Back Camp Series ကို ကြည့်ဖူးသူတိုင်း ရင်းနှီးကြမှာဖြစ်ပြီး Season 1 ရဲ့ အထင်ကရနေရာတွေကို ကိုယ်တိုင်ရောက်နေသလိုထိ ခံစားစေရမယ့် Game လေးမလို့ အရမ်းသဘောကျစရာကောင်းပါတယ်။ Playstore မှာ 15.99 $ နဲ့ ရောင်းချပေးနေပြီး Paid Game လေးမလို့ ဈေးလည်း အရမ်းကြီးပါတယ်။ နောက်ပြီး နှစ်ခုထွက်ထားတာဆိုတော့ ပေါင်းလိုက်ရင် 30 $ ကျော်လောက်ထိ ပေးဝယ်ရမှာပါ။
° ပထမအပိုင်းမှာဆိုရင် သင်က Nadeshiko နေရာကနေ မြင်တွေ့ရမှာဖြစ်ပြီး Rin နဲ့အတူ Lake Motosu မှာ Camping လုပ်ရမှာပါ။ ဒုတိယတစ်ခုကတော့ Rin နေရာကနေ မြင်တွေ့ရမှာဖြစ်ပြီး Nadeshiko နဲ့အတူ Fumoto မှာ Camping လုပ်ရမှာပါ။ နှစ်ခုလုံးက ညနေခင်း ဆည်းဆာ ၊ ညရဲ့ အလှတွေအပြင် မနက်ခင်း နေထွက်ချိန်ထိ အရမ်းအရမ်းကို အေးချမ်းလွန်းတဲ့ ရှူခင်းတွေကို မြင်တွေ့ရမှာမလို့ တကယ်ကို Relaxing ဖြစ်ပါတယ်။ Camping မလို့ ကြားထဲမှာ ဓာတ်ပုံတွေရိုက်လိုက် ၊ ချက်ပြုတ်စားသောက်လိုက်နဲ့ အရမ်းပျော်စရာကောင်းတာပါ။ ဒါအပြင် Gyroscope အပိုင်းတင်မကဘဲ VR features နဲ့ပါ ကိုယ်တိုင်ရောက်နေသလိုထိ ဝင်ကစားလို့ရတာကြောင့် Laid Back Camp Fan တွေတွက် တကယ်ကိုသဘောကျစရာ ကောင်းပါတယ်။
[- Review -]
ဒီ Game မတင်ခင်ကို Admin မှာ Series အရင် ပြေးကြည့်ရသေးတယ်။ Season 1 ကော 2 ကော Special Episode တွေပါ ကြည့်ပြီးတော့မှ ဒီ Game လေး နှစ်ခုကို တင်ပေးဖြစ်ဝာာ။ ပြောရရင် Series သာ မကြည့်ဖြစ်ခဲ့ရင် ဒီ Game က ပေးတဲ့ Vibes ကိုလည်း ခံစားရမှာမဟုတ်ဘူး။ တကယ်ကို ပျင်းစရာကြီးလို့ ထင်သွားမိမှာ။
ဇာတ်လမ်းက လုံးဝကို သာသာယာယာနဲ့ Pure ဖြစ်တယ်။ အမုန်းတွေ ၊ Depression ဝင်စရာတွေ ၊ မနာလိုတာတွေ လုံးဝ မပါဘူး။ အဓိကက သဘာဝရှူခင်းတွေကို ဦးတည်ပြီး ကျောင်းသူလေးတွေ Camping လုပ်တာကိုဘဲ ရိုက်ပြထားတာပါ။ ကိုယ်မရောက်ဖူးတဲ့နေရာတွေကို အစုံရိုက်ပြပေးတဲ့အပြင် Camping လုပ်တိုင်း သိထားသင့်တဲ့ ဗဟုသုတလေးတွေကိုပါ ဟာသအစုံနဲ့ ဖော်ပြထားတာပါ။
ဒါပေမယ့် တစ်ချို့အတွက်တော့ ပျင်းစရာကောင်းနိုင်တယ်။ ဘာလို့ဆို Camping ကြီးလုပ်နေရတာကို။ ဒါပေမယ့် ကိုယ်တွေတွက်တော့ Camping ဆိုတာကို အဲ Series လေးနဲ့မှ စသိဖြစ်တာလို့ ပြောရမယ်။ အားလည်းကျမိသလို Solo Camping လေးတွေပါ လုပ်ခြင်တဲ့ စိတ်လေးတွေ ပေါ်လာမိတယ်။ ချုံပြောရရင် အရမ်းသဘောကျမိသလို အဲ Series ထဲက Sensei နဲ့ Nadeshiko ရဲ့ အမကိုဘဲ အရမ်းကြွေမိတာ။ တကယ်ကို ကိုယ်တွေ Type နဲ့တူတယ်။ Series တစ်ခုလုံး ( Sensei )ဆရာမပါတိုင်း အူတက်နေရတာ။
အဲတော့ Series ကြည့်ပြီး ကိုယ်တိုင် သွားခြင်လာတဲ့ ခံစားချက်ကို အခု Game လေးက VR နဲ့ ဖြည့်ဆည်းပေးမှာမျိုးဖြစ်ပြီး ခဏလေးဆိုပေမယ့် စိတ်ကျေနပ်မှုကတော့ အရမ်းကို သဘောကျစရာကောင်းတယ်။ Rin နဲ့ Nadeshiko တို့ကို 3D ပုံစံနဲ့ ကိုယ်တိုင်တွေ့ရမယ့်အပြင် အတူတူပါ Camping လုပ်ရမှာဆိုတော့ တကယ်ကို သင့်ရဲ့ Virtual World က ကျေနပ်စရာလေးပါ။ လှိုင်းသံတွေ ၊ လေပြေလေးတွေကစ ကိုယ်တိုင်ရောက်နေသလိုထိ ခံစားလို့ရတာကြောင့် မင်မင်အကြံပေးခြင်တာကတော့ နားကြပ်နဲ့ VR Box ကို တွဲကြည့်ဖို့ရာ အကြံပေးခြင်တယ်။ ခေါင်းမူးတတ်ရင်တော့ ရိုးရိုးနဲ့ဘဲ ဆော့ကြည့်ပါ။
( အစက တစ်ခုခြင်းတင်ဖို့ရာဆိုပေမယ့် Size သိပ်မရှိတာကြောင့် နှစ်ခုပေါင်းပြီးဘဲ တင်ပေးလိုက်တော့တယ်။ Android သမားတွေကတော့ Apk နှစ်ခုလုံးကို Zip ဖိုင်တစ်ခုတည်းမှာ ချုံ့ပေးထားတာပါ။ အဲဒါကြောင့် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ )
Android version | 5 . 0 + |
Developer | Gemdrops, Inc. |
Network | Offline |
Price | 18.99$ / 18.99$ |
App version | 1.2.1 |
Release date | 2021 |
Download Link
Type | Size | Link |
Playstore |
152 MB 142 MB |
18.99$ 18.99$ |
Apkcombo
|
221 MB ( Both Zip ) |
Download |
Apple iOS |
155 MB 174 MB |
15.99$ 15.99$ |
⭐ ( HELLO Rating = 7.7 / 10 ) ⭐
#HELLOYDB
Comments