No Rest Horror Game ( Alpha )

° အခုမှ Alpha အဆင့်သာရှိသေးတဲ့ Game သစ်လေးဖြစ်ပြီး မင်မင်ကိုယ်တိုင်လည်း တကယ်ကို သဘောကျမိတဲ့ Horror Game လေးတစ်ခုမလို့ အကြိုက်တွေ့စေမှာ သေချာပါတယ်။ Indie Developer ဖြစ်တဲ့ DarkGamesSCB ရဲ့ ပထမဆုံး ပွဲဦးထွက် Game လေးဖြစ်တဲ့အပြင် Alpha အဆင့်မလို့ Complete မဖြစ်သေးပေမယ့်လည်း Playstore မှာတော့ Rating အပြည့်နဲ့ အားပေးမှုအခိုင်မာဆုံးရထားတာပါ။
° ဒီ Game မှာဆိုရင် သင်က David ဆိုတဲ့ လူတစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး အကြွေးကြောင့် တရားဥပဒေနဲ့ ရင်မဆိုင်ခင် မထင်မှတ်ဘဲ လမ်းမှာကြုံခဲ့ရတဲ့ Accident တစ်ခုကြောင့် စွန့်ပစ်ခံမြို့လေးထဲမှာ သောင်တင်နေတဲ့ ပုံစံမျိုးလေးနဲ့ ဆော့ရမှာပါ။ အရေးကြီးတာက ဒီ မြို့ဟာ သဘာဝလွန်မှုခင်းတွေ ဖြစ်ပွားခဲ့ဖူးတာကြောင့် David တစ်ယောက် ဒီပတ်ဝန်းကျင်မှာ ဘယ်လို အသက်ရှင်အောင်ကြိုးစားမလဲဆိုတာ ကိုယ်တိုင်ဘဲ ဆော့ကြည့်လိုက်တော့နော်။
[- Review -]

Game က တကယ်ကို မထင်မှတ်ဘဲနဲ့ အတော်သဘောကျစရာကောင်းပြီး Cutscene တွေကစ တစ်ခုမကျန် Animation နဲ့ Detail ဖန်တီးထားတာကြောင့် အရမ်းမိုက်တယ်။ Control ကစ Mobile တွက် Unique ဖြစ်တဲ့အပြင် ခလုပ်အများကြီးနဲ့မဟုတ်ဘဲ ရိုးရှင်းတဲ့ ပုံစံလေးဖန်တီးထားတာကြောင့် ထိန်းချုပ်ရတာလည်း အရမ်းလွယ်ကူတာပါ။ Graphic ပိုင်းမှာလည်း Environment ကစ အရမ်း Chill ဖြစ်ပြီး အမှောင်ကို ဦးစားပေးထားတာကြောင့် အရမ်းစိတ်လှုပ်ရှားစရာကောင်းမှာ သေချာတယ်။ Setting ပိုင်းမှာလည်း Option များများနဲ့ 60 fps ထိ Support ပေးတာမလို့ ဖုန်းတိုင်းနဲ့လည်း အဆင်ပြေမှာပါ။ 
Admin တကယ် သဘောကျတာက Game က Item pick တာတွေ ၊ အံဆွဲဖွင့်တာတွေကစ သေချာ Animation အသေးစိတ်ထိ ပြပေးထားတာကြောင့် တကယ်ကို အထင်ကြီးမိတယ်။ Mobile Horror Game တွေမှာ အဲလိုအသေးစိတ်ပါတာက အတော်ရှားပြီး Developer အသစ်ဆိုပေမယ့် သေချာ အားစိုက်ထားတာကို တွေ့ရတယ်။ Horror game အနေနဲ့ ကြည့်ရင်လည်း တကယ်ကို ရင်တုန်စရာကောင်းတဲ့ ဒီဇိုင်းမျိုးကို ဖန်တီးထားတာပါ။ ဓာတ်မီးအစား ဖယောင်းတိုင်ကို အသုံးပြုထားပြီး အလင်းအကွာဝေးက အနီးနားတစ်ဝိုက်မှာဘဲ မြင်ရတာမျိုးမလို့ ရှေ့မှာ ဘာတွေ့ရမလဲဆိုတဲ့စိတ်က အရမ်း Feel လို့ကောင်းတယ်။ အထူးသဖြင့် ဖယောင်းတိုင်ကို တစ်ယောက်ယောက်က လေနဲ့ မှုတ်လိုက်သလို အသံကြားလိုက်ရတဲ့ အပိုင်းဆိုရင် လုံးဝကို Crush နဲ့ တွေ့လိုက်ရတဲ့အတိုင်းဘဲ။ မိုးကလည်း ရွာ ၊ တောကြီးထဲမှာ လမ်းကလည်းပျောက် ၊ တွေ့တဲ့ အိမ်ထဲမှာလည်း ပုန်းလို့ရတဲ့ နေရာတွေပေးထားတော့ တကယ်ကို သည်းထိတ်ရင်ဖို ကစားရမှာ အမှန်ဘဲ။ 
( Game က Chapter တစ်ခုပြီးတိုင်း နောက်တစ်ခန်းတွက် Ads 2 ခါ ကြည့်ပေးရပါမယ်။ Free To Play မလို့ အဲလောက်တော့ လုပ်ပေးသင့်ပြီး Game Complete ဖြစ်ဖို့ရာ တွက်Support ပေးသင့်တာပါ။ No ads ကိုလည်း Purchased လုပ်လို့ရပြီး လောလောဆယ် Alpha အဆင်ဘဲရှိသေးတာမလို့ တကယ်ကို Mobile တွက် Horror Game ကောင်းလေးတစ်ခုဖြစ်လာမှာ သေချာပါတယ်။ )

Game Information

Android version 5 . 0 +
Developer DarkGamesSCB
Network Offline
Price Free
App version 0.2
Release date Alpha

Download Link

Type Size Link

Playstore

175 MB

Download

Apkcombo

 

175 MB

( Xapk )

Download

Apple iOS

---

Coming Soon
 

⭐ ( HELLO Rating = 8 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES