Psyroom Horror Of Reason
° သိပ်မကြာခင်ကမှ ထွက်ထားတဲ့ ဒီ Game လေးက Pipe Head ကို ထုတ်ပေးထားတဲ့ Developer တွေရဲ့ နောက်ထပ် Game သစ် တစ်ခုဖြစ်ပြီး ဒီတစ်ခါမှာတော့ Psycho ဆန်တဲ့ အငွေ့သက်တွေနဲ့ ဖန်တီးထားတာပါ။ Game စကတည်းက အိမ်မက်လိုလို ၊ အတိတ်လိုလို ပုံစံနဲ့ Intro ဝင်ထားပြီး မိန်မတစ်ယောက် ဒဏ်ရာနဲ့ အလူးအလဲ ခံနေရတဲ့ Scene ကြီးကို ကြက်သီးထလောက်အောင်ထိ ဒီ Game ဟာ စတင်ထားတာပါ။ တခြား Game တွေထက် စိတ်ဂယောင်ခြောက်ခြားဖြစ်စေမယ့် scene တွေကို ပိုထည့်ပေးထားပြီး သဘာဝလွန်ဆန်တဲ့ ဖြစ်ရပ်တွေကို ကြုံတွေ့ရမှာမလို့ Horror Fan တွေတွက် သဘောကျမှာ သေချာပါတယ်။
° ဒီ Game မှာဆိုရင် သင်က Steve ဆိုတဲ့ တစ်ကောင်ကြွက် လူတစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး စမ်းသပ်မှုတစ်ခုမှာ ပါဝင်နေတဲ့ လူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အခန်းတစ်ခုတည်းမှာ နေရာပေးခံထားရပြီး ပတ်ဝန်းကျင်ဟာလည်း သာမန်နဲ့မတူဘဲ Psycho အငွေ့သက်တွေနဲ့ ပြည့်နေတာပါ။ Symbol တွေနဲ့ Puzzle တစ်ခုလို ကစားသူကိုပါ အပီပြင်လှည့်စားထားပြီး မသေဖို့တွက် အသက်လုပြီးပါ ကြိုးစားရမှာမလို့ Sounds Effect တွေ ၊ Graphic တွေနဲ့တင် အရမ်းစိတ်လှုပ်ရှားစရာကောင်းမှာပါ။ လွှစက်ကြီး တဗြင်းဗြင်းနဲ့ အလိုက်ခံရတဲ့ ခံစားချက်ကို ကြုံတွေ့ရမှာမလို့ Horror သမားတွေ စမ်းကြည့်သင့်တဲ့ Game ကောင်းတစ်ခုပါ။
[- Review -]
Game က ကြောက်စရာမကောင်းပါဘူး။ တစ်ခါလေ ထွက်လာတဲ့ ရုတ်တရက် Jump Scare တွေကြောင့်သာ Game က စိတ်လှုပ်ရှားစရာကောင်းတာပါ။ မထင်မှတ်ထားတဲ့ အချိန်ကျမှ လိုက်သတ်တာခံရမှာဖြစ်ပြီး အစပိုင်းကတော့ Room Explore နဲ့တင် လည်ထွက်နေမှာပါ။ အထူးသဖြင့် TV ကြီးက ရုတ်တရက် ထထ ပွင့်လာတာမျိုးတို့၊ အရုပ်ကြီးက ဟိုရွေ့၊ ဒီရွေ့လုပ်နေတာမျိုးတွေက ဘာများဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းတယ်။
ဒါပေမယ့် အစပိုင်းပြတဲ့ Scene ကြီးကတော့ ကိုယ်ပါ ကြည့်ရင်းနဲ့ တော်တော်လေး မအီမသာဖြစ်သွားတယ်။ ဓားတွေ ဘာတွေနဲ့ အထိုးခံရတာမျိုးမဟုတ်ဘဲ ခုံကြီး ဗိုက်ထဲ စိုက်ဝင်နေတာမျိုးဆိုတော့ တကယ်ကို Psycho ဆန်တယ်ပြောရမယ်။ ဒီကြားထဲ အသံနက်ကြီးနဲ့ လှုပ်ပါလှုပ်နေတော့ အဲအပိုင်းကတော့ တကယ် ရင်ထိတ်စရာဘဲ။ ကျန်တာကတော့ လွှစက်ကြီး အဖြတ်ခံရတာကလွဲရင် သိပ်ကြောက်စရာမလိုပါဘူး။
Game က Complete မဖြစ်သေးသလို Update ကျမှာ နောက် Chapter တွေ ဆက်ပါလာမှာပါ။ ဒါပေမယ့် တကယ်ဆော့ကောင်းတာကြောင့် Horror Fan တွေတွက် စမ်းကြည့်သင့်တယ်လို့ အကြံပေးတယ်။
Android version | 4 . 4 + |
Developer | Arleano Games |
Network | Offline |
Price | Free |
App version | 0.13 |
Release date | 25.10.2021 |
Download Link
Type | Size | Link |
Playstore |
43 MB |
Download |
Apkcombo
|
43 MB ( Apk Only ) |
Download |
Apple iOS |
--- |
Unavailable |
⭐ ( HELLO Rating = 6.7 / 10 ) ⭐
#HELLOYDB
Comments