Rocket League Sideswipe

° ဒီတစ်ခါ အသစ်ထွက်ထားတဲ့ Game လေးက US အခြေစိုက် Psyonix ကနေ တရားဝင်ထုတ်ပေးလိုက်တဲ့ Rocket league ရဲ့ သီးသန့် Mobile Version တစ်ခုဖြစ်ပြီး Rating အပြည့်ရထားတဲ့ Game ကောင်းလေး တစ်ခုဆိုလည်း မမှားပါဘူး။ Esport ဝင်တဲ့ Rocket league ကို အတော်များများသိကြမှာဖြစ်ပြီး Mobile version ကိုတော့ Developer တွေကိုယ်တိုင်ကိုက အသစ်ဆန်းအနေနဲ့ Side View ပုံစံကို ထုတ်ပေးထားတာပါ။ အရမ်းသဘောကျစရာကောင်းသလို သူငယ်ချင်းနဲ့ပါ အတူတူကစားနိုင်တာကြောင့် အကြိုက်တွေ့စေမှာသေချာပါတယ်။ 
° Game ပုံစံက ဘောလုံးကို ကားနဲ့ တိုက်ကန်ရမှာဖြစ်ပြီး တစ်ဖက်နဲ့တစ်ဖက် အချိန်တိုလေးအ‌တွင်းမှာ အများဆုံး Goals ရအောင် ကြိုးစားရမှာပါ။ သဘောကျစရာကောင်းတာက Rocket league လိုမျိုး ကွင်းထဲမှာ ပတ်‌မောင်းစရာမလိုတော့ဘဲ Side View နဲ့မလို့ Mobile Player တွေတွက် အရမ်းအရမ်းကို လွယ်ကူတာပါ။ တစ်ဖက်ကို နှစ်ယောက်စီနဲ့ မျှမျှတတ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး Physics အသားပေး Game တစ်ခုမလို့ အနိုင်ရဖို့ရာတွက် အခြေနေတွေကို Smart ကျကျ Skill ထုတ်သုံးနိုင်ဖို့လည်း လိုအပ်ပါတယ်။ လုံးဝ Pay To Win Game မျိုးမဟုတ်ဘဲ Skin တွေ Car Customization တွေသာ ပါဝင်တာမလို့ မျှမျှတတဆော့ခြင်နေတဲ့ Mobile Player တွေတွက် Skill တစ်ခုသာ လိုအပ်တဲ့ Game ကောင်းတစ်ခုပါ။
[- Review -]

အစကတော့ Rocket league ကို Side view ကြီးနဲ့ဆိုတော့ ပေါ့သွားသလို ခံစားခဲ့ရပေမယ့် တကယ်ဆော့ကြည့်လိုက်တော့ တော်တော်လေးကို အားရစရာကောင်းတာပါ။ လုံးဝကို အထင်သေးလို့မရသလို လွယ်လွယ်လေးနဲ့ Challenge တအားဖြစ်တာကြောင့် နောက်ဆုံး Second အချိန်ထိ ပြိုင်ဘက်ကို လျော့တွက်လို့ မရတာပါ။Rocket league ရဲ့ Developer တွေကနေဘဲ ဖန်တီးထားတာမလို့ Graphic ကစ အတော်ကို ကြည့်ကောင်းပြီး ဆော့ရတာလည်း တော်တော်လေး Perfect ဖြစ်တယ်လို့မြင်မိတယ်။ Control ကစ Mobile တွက် အတော်ကို အဆင်ပြေတာမလို့ ခက်ခက်ခဲခဲလဲ ဆော့စရာမလိုဘူး။ 
တစ်ချို့က Rocket league ကို သိခြင်မှသိနိုင်ပေမယ့် တကယ်ကို Fun ဖြစ်တဲ့ Game ဆိုတာကိုတော့ အာမခံတယ်။ အခု Mobile version ရဲ့ Side view ဒီဇိုင်းဆိုရင် ခေါင်းတောင် မမူးတော့ဘူး။ အဓိကက Team ကောင်း‌ဖို့လိုအပ်ပြီး ဘောလုံးကို သေချာထိန်းနိုင်ဖို့လိုအပ်ပါတယ်။ ခြေထောက်နဲ့ကန်တာမဟုတ်ဘဲ Rocket Engine တပ်ထားတဲ့ ကားတွေနဲ့ ကန်ရမှာမလို့ အသစ်ဆန်းဖြစ်စေမယ်ဆိုတာ အာမခံတယ်။ တစ်ခုတော့ ရှိတာပေါ့ တစ်‌ခါလေ Nitro အသုံးလွန်ပြီး ကိုယ့် ဂိုးကိုလည်း ပြန်သွင်းမိနေအုံးမယ်။ 1v1 , 2v2 ဆွဲလို့ရတာကြောင့် Rank စနစ်မှာ တအားပျော်စရာကောင်းမှာ သေချာတယ်။ 

Game Information

Android version 6 . 0 +
Developer Psyonix Studios
Network Online/Offline
Price Free
App version 1.0
Release date 16.11.2021

Download Link

Type Size Link

Playstore

871 MB

Download

Apkcombo

 

871 MB

( Apk Only )

Download

Apple iOS

1 GB

Download

 Note
=====
Account ကတော့ Epic Account နဲ့ဝင်ဆော့ရမှာဖြစ်ပြီး Online Ranking စနစ်တင်မကဘဲ Offline Practice Mode တွေပါ ထည့်သွင်းပေးထားတာပါ။

⭐ ( HELLO Rating = 7.9 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES