Special Forces Group 3 ( CBT )
° အရမ်းချစ်ရတဲ့ Fan တွေတွက် Admin ကတော့ S.F.G 3 ရဲ့ Beta Test ကို မရမက ယူလာပေးပြီနော်။ Offline ကော Online ပါ ကစားလို့ရတဲ့ အပြင် LAN ပါ တကယ်ကို ပြန်ထည့်ပေးထားတာကြောင့် သဘောကျကြမှာပါ။ ပြောရရင် အားမရတဲ့ အပိုင်းတွေ ရှိနေသေးပေမယ့် Developer တွေကိုယ်တိုင်ကိုက Final Version မဟုတ်သေးတာကြောင့် အပြီးဆုံးဖြတ်လို့မရသေးပါဘူး။ အဲတော့ အခြေနေသိခြင်ရင် Review လေး ဖတ်ကြည့်ပါ။
° Gameplay ကတော့ ထုံးစံတိုင်း သိပြီးသားမလို့ ပြောစရာမလိုလောက်ဘူးထင်ပါတယ်။ First Person Shooter Game တစ်ခုဖြစ်ပြီး Different Mode မျိုးစုံနဲ့ Counter Strike ပုံစံ ကစားရမယ့် Game မျိုးပါ။ Mobile မှာ အလားတူပုံစံတွေ အပြိုင်ဆိုင်ထွက်နေကြပေမယ့် ဒီ Game လိုမျိုး LAN Multiplayer WiFi Hotspot ပါဝင်တာက ရှားပါတယ်။ ကောင်းတဲ့အချက်က Internet မရှိတဲ့အချိန်မှာပါ သူငယ်ချင်းတွေနဲ့အတူ အဖွဲ့ဖွဲ့ပြီး ကစားလို့ရတာကြောင့် FPS Fan တွေတွက် တကယ်ကို သဘောကျစရာကောင်းတာပါ။
[- Review -]
အရင်ဆုံး ကောင်းတဲ့ အပိုင်းတွေကို ပြောရရင် UI က တော်တော်လေးကို ကြည့်ကောင်းတာပါ။ အရင်ကထက် ပိုမိုက်ပြီး Graphic Setting မှာလည်း Option အတော်များများကို ထည့်ပေးထားတယ်။ fps ကတော့ 60 ထိဘဲ Support ပေးပြီး Map ကတော့ လက်ရှိ CBT မှာ 32 ခုထိ ပါဝင်ပါတယ်။ အသစ်တွေလည်း ပါသလို Map အဟောင်းတွေကိုပါ Dynamic Shadows နဲ့ Remaster ပုံစံ Unreal Engine 4 ပေါ်မှာ ပြန်ထည့်ပေးထားတာပါ။ Microtransaction ပါဝင်ပြီး Skin တွက် Supplies Pack ပုံစံမျိုးနဲ့ဘဲ တွေ့ရမှာပါ။ လက်ရှိ CBT version မှာတင် Supplies Pack ဒါဇင်ကျော်ထိ Free ပေးထားပါသေးတယ်။ Clan စနစ်တွေပါ ပါဝင်တာကြောင့် Online Features တွက်ပါ တော်တော်လေးကို ပြင်ဆင်ထားတယ်ပြောရမယ်။
အမှန်တိုင်းပြောရရင် သိပ်တော့ အားမရသေးဘူး။ ဘယ်လိုဖြစ်နေလဲဆိုရင် အစကတည်းက Update Features ပုံစံနဲ့ စီစဉ်ထားတာဆိုတော့ ဗြုန်းစားကြီး Engine အသစ်ပေါ်ကို ကောက်တင်လိုက်သလိုမျိုး ဖြစ်နေတာ။ Texture Resolution တွေကတော့ အရင်ကထက်ကို Strong ဖြစ်ပြီး Shadow Effect လေးတွေပါ နည်းနည်း Accurate ဖြစ်အောင် ဖန်တီးထားတာတွေ့ရတယ်။ Old Map တွေကတော့ အရင်ကထက် သိသိသာသာကြီးတော့ ကွာမသွားပါဘူး။ ဒါပေမယ့် New Map တွေထဲမှာတော့ UE 4 ပေါ်မှာ Create လုပ်ထားတဲ့ Map တွေကို တွေ့ရတယ်။ တစ်ချို့ Snow တို့လို Map တွေဆိုရင် အတော်သဘောကျစရာကောင်းပြီး အားလုံးချုံကြည့်ရင်တော့ Nex-Generation Graphic လို့ ပြောလို့မရသေးပါဘူး။
အထူးသဖြင့် အပေါ်ကပြောသလို တခြား Engine ပေါ်ကို ရုတ်တရက်ပြောင်းလိုက်တာဆိုတော့ Character နဲ့ Weapons အချို့ကလွဲရင် ကျန်တာတွေက Old version အတိုင်းဘဲ။ အသိသာဆုံးကတော့ Blood Effect တွေ Weak သလို Bullet Fire Effect တွေပါ Improve လုပ်ပေး မထားတာပါ။ Sound တွေကော ပါတာပေါ့။ အဲအတွက် Developer တွေကို Request အတော်လုပ်ထားပြီး သေချာလေးကို Official မှာ ထွက်လာစေခြင်ကြတာပါ။ Developer တွေက လောနေပေမယ့် နှစ်တွေကြာပြီးမှ ပြန်လာတာမလို့ ကောင်းကောင်းလေးဖြစ်စေခြင်ကြတာ။ ခန့်မှန်းရရင် New Year ထိတောင် Official က ကူးသွားနိုင်တယ်။ ဒီအတိုင်းသာ ထွက်လာရင်တော့ နည်းနည်းလေး စိတ်ပျက်မိမှာသေချာတယ်။
တစ်ဖက်ကတွေးရင်လည်း Classic အငွေ့သက်ကိုဘဲ ပြန်ရတာမလို့ စိတ်ပျက်စရာတော့ မလိုပါဘူး။ Upgrade စနစ်မပါသလို LAN နဲ့ပါ ဘယ်သွားသွား အုပ်စုဖွဲ့ ဆော့လို့ရတာကြောင့် အဲအချက်က အားသာနေတုန်းပါ။ အခုဟာက Online Feature ကို ပို အသားပေးထားတာကြောင့် Official ရဲ့ ရေရှည်မှာ Cheater တွေ များမလာပါစေနဲ့လို့ဘဲ စိုးရိမ်ရမှာဘဲ။ မဟုတ်လဲ Offline နဲ့ LAN က အဓိကဆိုတော့ စိတ်ပူစရာတော့ မလိုပါဘူး။ နောက်ပိုင်း Game တွေနဲ့ ယှဉ်ပြီး တအားကြီး မျှော်လင့်မထားစေခြင်ဘူး။
Android version | Unknown |
Developer | ForgeGames |
Network | Offline/Online |
Price | Free |
App version | CBT |
Release date | CBT |
Download Link
Type | Size | Link |
Playstore |
--- |
Unavailable |
Mediafire
|
932 MB ( SAI File ) |
Download |
Apple iOS |
--- |
Unavailable |
>> Install တင်နည်း <<
⭐ ( HELLO Rating = CBT / 10 ) ⭐
#HELLOYDB
Comments