Star Wars Hunters ( Early Access )

° ဒီနေ့ ထပ်ပြီး Early Access အနေနဲ့ ထွက်လာတဲ့ Game ကြီးက Star War Fan တွေတွက် ပိုသဘောကျစေမှာဖြစ်ပြီး Nintendo Switch နဲ့ Mobile Platforms တွက်သာကြေငြာခဲ့တာပါ။ 2021 မှာ ထွက်ရှိမယ်လို့ ကြေငြာခဲ့ပေမယ့် Delay ဖြစ်သွားတာကြောင့် 2022 မှသာ Official ထုတ်ပေးတော့မှာဖြစ်ပြီး အခု Early Access version ဟာလည်း Android တွက် Region အကန့်သတ်နဲ့သာ Test ခွင့်ပေးထားတာပါ။ ဒီ Game ကို London အခြေစိုက် Zynga ကနေ UK မှာ Developed လုပ်ပေးထားပြီး Nex-Generation Graphic နဲ့ ပွဲထွက်မှာမလို့ အရမ်းမိုက်ပါတယ်။
° Game ပုံစံက Third Person PvP အမျိုးစားဖြစ်ပြီး တစ်ဖက်ကို လေးယောက်စီနဲ့ ယှဉ်ပြိုင်ရမှာပါ။ Character တွေအနေနဲ့ Star War Fan တွေ ရင်းနှီးပြီးသား Wookiee တို့ ၊ Jedi တို့ပါ ပါဝင်မှာမလို့ အရမ်းသဘောကျမှာပါ။ တစ်ယောက်ခြင်းစီတိုင်းမှာလည်း မတူညီတဲ့ Ability ကိုယ်စီပါဝင်ပြီး Tank နဲ့ Support လို Role တွေကစ ခွဲထားပါသေးတယ်။ Physical နဲ့ Range တိုင်းမှာလည်း မတူညီတဲ့ အားသာချက်တွေပါဝင်တာမလို့ ဆော့ရတာလည်း Challenge ဖြစ်ပါတယ်။ Character နဲ့ပတ်သတ်ပြီး Customize အနေနဲ့ Post တွေကစ မတူအောင် ရွေးချယ်လို့ရသေးတာပါ။ Early Access မလို့ Bug နဲ့ Error တွေပါသေးပြီး သေချာသိခြင်ရင်တော့ Review လေး ဖတ်ပေးပါ။ 
[- Review -]

Game က တကယ်ကို Graphic နဲ့တင် သဘောကျစရာကောင်းပြီး Star War မလို့ Lightsaber နဲ့တင် ချလို့ကောင်းတာပါ။ ကျည်ကာရင်း ထွက်လာတဲ့ Sound Effect တွေ Particles Effect တွေကစ ကြည့်လို့ကောင်းပြီး Battle ထဲမှာတင် ဗြောင်းဆန်နေအောင် Color ထွက်နေမှာမလို့ Graphic ပိုင်းကတော့ ပြောစရာမလိုပါဘူး ။ Team ညီရင် တကယ်ကို ဆော့ရတာ လွယ်သလို လူကွဲတာနဲ့ ပြန်ကပ်ဖို့ရာကို မလွယ်တာပါ။ အဲဒါကြောင့် Team ပေါ်မူတည်ပြီး Role သေချာ ရွေးတတ်ဖို့လဲလိုတယ်။ Range သမားတွေက နောက်ကနေသာ သေချာပစ်နိုင်ရင် အေးဆေးဘဲ။ 
ဒီတော့ Graphic ပိုင်းမှာ တအားကောင်းသလို တစ်ခုရှိတာက Game က Optimize မဖြစ်သေးပါဘူး။ ပြောရရင် Admin ဖုန်းတောင် Freeze ဖြစ်သွားတာ သုံးခါရှိပါတယ်။ Gameplay ထဲမှာ မဟုတ်ဘဲ Name အတွက် Keyboard ထုတ်တိုင်း Screen Freeze ဖြစ်သွားတာမလို့ Reset တန်းကျသွားတာပါ။ အဲဒါကြောင့် သာမန်ဖုန်းတွေတွက် အကြံတော့မပေးဘူး။ Unreal Engine သုံးထားပေမယ့် Game ကြောင့် ဖုန်းပါ တအားရုန်းရပါတယ်။ ပြောရရင် ဖုန်းမနိုင်တာကြောင့်မဟုတ်ဘဲ Error ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ Official မှသာ ကောင်းကောင်းဆော့လို့အဆင်ပြေမှာဖြစ်ပြီး လက်ရှိ Early Access ကတော့ High Phone တွေတွက်သာ အကြံပေးပါတယ်။ 

Game Information

Android version Unknown
Developer Zynga
Network Online
Price Free
App version Early Access
Release date Early Access

Download Link

Type Size Link

Playstore

146 MB

Download

Apkcombo

 

146 MB

( Apk Only )

Download

Apple iOS

371 MB

Coming Soon
 
Note
=====
In Game ကြရင် 1.6 GB လောက် ထပ် Download လုပ်မှာဖြစ်ပြီး Account ကတော့ Gmail သာ အသုံးပြုလို့ရမှာပါ။ Official ထွက်မှသာ သာမန် ဖုန်းတွေ စမ်းကြည့်ဖို့ အကြံပေးတယ်။ 

⭐ ( HELLO Rating = Early Access / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES