Ultimate BattleStrike

° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ Indie Developer တွေ လက်စွမ်းပြထားတဲ့ Action Shooter Game လေးဖြစ်ပြီး Story Campaign ပုံစံနဲ့ Cutscene တွေကစ အပီပြင် ဖန်တီးထားတာမလို့ Size နည်းနည်းလေးနဲ့ တကယ်ကို သဘောကျစရာပါ။ New York ကို Russia Gang တွေ သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း မြေအောက်စစ်ဆင်ရေးကနေ အထူးတပ်ဖွဲ့ဝင်အနေနဲ့ အပြတ်ရှင်းရမှာဖြစ်ပြီး ကံဆိုးခြင်တော့ လမ်းမှာတင် မိုင်းခွဲခံလိုက်ရပါတယ်။ အဖွဲ့ဝင်တွေ အကုန်ဆုံးရှုံးလိုက်ရတာမလို့ ဒီ Mission ဟာ သင့်အတွက် တကိုယ်တော်စစ်ဆင်ရေးဖြစ်လာခဲ့ပြီး Russia တွေကို အပီပြင် တိုက်ထုတ်နိုင်မလားဆိုတာ သိခြင်ရင်တော့ ကိုယ်တိုင်ဘဲဆော့ကြည့်တော့နော်။
[- Review -]

Gameplay က တကယ်ကို Control ကစ သဘောကျစရာကောင်းပြီး Solo တွယ်ရမှာမလို့ တကယ်မိုက်ပါတယ်။ မင်မင်ထင်တာမမှားဘူးဆိုရင် Mobile ရဲ့ FPS Game တွေမှာ သာမန် Developer တွေကစ Story Campaign ကို အားစိုက်လာကြတာ တွေ့ရတယ်။ အရင်ကလည်း Battle Ops တို့လို Game မျိုးတွေ ဆော့ဖူးရင်တော့ ရိပ်မိလောက် ကြမှာဖြစ်ပြီး အခု Game ကလည်း Chapter Complete မဖြစ်သေးပေမယ့် Update တွေမှာ Multiplayer Mode တွေပါ ပါလာမယ်လို့ ကြေငြာထားပါတယ်။
အမှန်တိုင်းပြောရရင် Playstore က ပုံတွေမြင်ပြီး ဒီ Game ကို ဂျင်းလို့တောင် ထင်သွားနိုင်တာပါ။ ဘာကြောင့်မှန်းမသိပေမယ့် အခုလို မထင်ထားတဲ့ Game လေးတွေက တကယ်ကောင်းနေတတ်တာကိုတော့ တစ်ခါလေကြရင် လက်ခံပေးရမှာဘဲ။ အဲဒါကြောင့် မင်မင်တောင် တစ်ခါလေ သူတို့ပြထားတဲ့ image တွေကို သိပ်ဂရုမစိုက်တော့ဘဲ ကိုယ်တိုင်စမ်းကြည့်တာများတယ်။ ဒါပေမယ့် Page မှာ တင်ရင်တော့ အကုန် In Game SS တွေဘဲ ထည့်ပေးတာမလို့ ဂျင်းမိမှာမျိုးတွေကို Fan တွေက စိတ်ပူစရာမလိုပါဘူး။ Size နည်းပေးမယ့် အခုလို Game ကောင်းလေးတွေ ရှိနေသေးတယ်ဆိုတာကို သိစေခြင်တယ်။

Game Information

Android version 4 . 4 +
Developer The Occess Pvt Ltd
Network Offline
Price Free
App version 1.3
Release date 15.11.2021

Download Link

Type Size Link

Playstore

100 MB

Download

Apkcombo

 

81 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
⭐ ( HELLO Rating = 7 / 10 ) ⭐

#HELLOYDB

Related Posts

  • Legendary Tales Stolen Life° အသစ်ဆော့ခြင်နေတဲ့ Adventure သမားတွေတွက် Ukraine အခြေစိုက် Five BN ရဲ့ နောက်ဆုံးထွက် Hidden Object အမျိုးစား Puzzle Game တစ်ခုဖြစ်ပြီး အရင်က Game ဟောင်းတွေလို မဟုတ်တော့… Read More
  • Rocket League Sideswipe° ဒီတစ်ခါ အသစ်ထွက်ထားတဲ့ Game လေးက US အခြေစိုက် Psyonix ကနေ တရားဝင်ထုတ်ပေးလိုက်တဲ့ Rocket league ရဲ့ သီးသန့် Mobile Version တစ်ခုဖြစ်ပြီး Rating အပြည့်ရထားတဲ့ Game ကောင်… Read More
  • Daddy Rabbit° ဒီ Game သစ်လေးက အရမ်းကို သဘောကျစရာကောင်းပြီး ပေါ့ပေါ့ပါးပါးနဲ့ Gameplay ကစ Unique ဖြစ်တာကြောင့် လူတိုင်းသဘောကျကြမှာ သေချာပါတယ် ။ ဒီထဲမှာဆိုရင် Daddy Rabbit ကြီးနေရာကနေ… Read More
  • FIFA Mobile 22 ( Beta )° FIFA Mobile Fan တွေတွက် အရမ်းကျေနပ်စရာကောင်းတဲ့ 2022 ရဲ့ Beta version ကို EA က ချပြပေးလိုက်တာဖြစ်ပြီး အရင်ကနဲ့မတူဘဲ တကယ်ကို Update အကြီးစားနဲ့ ထွက်လာတော့မှာပါ။ လက်ရှိ… Read More
  • Truckers Of Europe 3 ( Beta )° Wanda Software ကနေ သူတို့ရဲ့ နောက်ထွက်မယ့် Truckers Of Europe 3 ကို Beta Test အနေနဲ့ Fan တွေကို မနေ့ကဘဲ ထုတ်ပြထားပါတယ်။ Final Version မဟုတ်သေးတာကြောင့် Feature အစုံမပါ… Read More

Comments

လူကြည့်အများဆုံး GAMES