Blackout Sightless Home
° ဒီ Game လေးက Sound ကို အဓိကထားတဲ့ Horror Game လေးဖြစ်ပြီး 2D ဆိုပေမယ့်
တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ Game တစ်ခုပါ။ ကလေးငိုသံကြားလို့
လိုက်ရှာရင်းကနေ နောက်ပိုင်း တီးလုံးသံကြားရတဲ့ အရပ်စီမှာ ထပ်ခါထပ်ခါ
ပိတ်မိနေခဲ့ပြီး တစ်အိမ်လုံးမှာလည်း သရဲတစေတွေ အစုံမြင်လာရတာမျိုးကို
ရင်တထိတ်ထိတ်နဲ့ ဆော့ရမှာပါ။ အသံဦးစားပေးမလို့ ထုံးစံတိုင်း တံခါးဖွင့်သံတွေကစ
အသေးစိတ်ကျပြီး ၊ လမ်းလျှောက်တိုင်း ရင်တမမနဲ့ ခံစားစေရမှာ သေချာပါတယ်။ Gameplay
ကစ အရမ်းကို ရိုးရှင်းပြီး Jump Scare တွေပါ ပါဝင်တာကြောင့်
နှလုံးရောဂါရှိတဲ့သူတွေ မဆော့ကြဖို့ရာ သတိပေးထားပါတယ်။ ဒီတော့ Horror Fan တွေ
ကစားကြည့်သင့်တယ်လို့ အကြံပေးတယ်။
[- Review -]
Game က လုံးဝ ကြောက်စရာကောင်းတာနော်။ အမှောင်ထဲမှာ တစ်ယောက်တည်း သွားရတဲ့ Feeling
ကြီးက ကိုယ့်ခြေသံတောင် ကိုယ်ပြန်လန့်တာမျိုးထိ စိတ်လှုပ်ရှားစရာကောင်းတာ။
အထူးသဖြင့် ပထမသရဲမလိုက်တဲ့ အခန်းဆိုရင် မီးမှောင်သွားတိုင်း အနောက်ကနေ
လိုက်လိုက်လာတာဆိုတော့ မိသွားရင်လည်း မလွယ်ဘူး။ တစ်ခါလေ ကိုယ်တောင် တွန့်သွားတယ်
။ ဒါပေမယ့် ဇာတ်လမ်းလေးကတော့ ပထမ Scene နဲ့တင် ဘယ်သူတွေဆိုတာ သိလိမ့်မယ်။
| Android version | 4 . 4 + |
| Developer | Zzoo |
| Network | Offline |
| Price | Free |
| App version | 1.0.3 |
| Release date | 26.11.2021 |
Download Link
| Type | Size | Link |
|
Playstore |
89 MB |
Download |
|
Apkcombo
|
101 MB ( Apk Only ) |
Download |
|
Apple iOS |
254 MB |
Download |
⭐ ( HELLO Rating = 7 / 10 ) ⭐
#HELLOYDB
Discussion
0
You
Loading comments...




