Combat Magic
° ဒီတစ်ခါ Game လေးက Multiplayer Fan တွေတွက် အရမ်းသဘောကျစေမှာဖြစ်ပြီး
သူငယ်ချင်း 8 ယောက်ထိ တိုက်ပွဲမှာ အတူတူ ဆင်နွှဲလို့ရမှာပါ။ ဒီ Developer တွေကို
Fan တွေ မှတ်မိကြလားမသိပေမယ့် ဟိုးအရင်က Admin တင်ပေးခဲ့တဲ့ Earth Project Squad
တို့ CyberSphere တို့လို့ Game ကောင်းတွေကို ဖန်တီးပေးထားတဲ့ သူတွေပါ။ ပြောရရင်
ဒီ Game က အရင်က Bug များရုံတင်မကဘဲ Mod Version တွေကြောင့် Game က
ငုတ်သွားခဲ့ပြီး အခုကတော့ Improvement တွေနဲ့အတူ အကောင်းဆုံးထွက်လာခဲ့တာပါ။
နောက်ပြီး Developer တွေဘက်ကလည်း Player တွေကို အတော်ဦးစားပေးထားတာ။
° တကယ် Admin ကတော့ အရမ်းသဘောကျပြီး Online ကော ၊ Offline ပါ ဆော့လို့ရတဲ့ Third
Person Action Game ကောင်းတစ်ခုပါ။ Mage တွေ Warriors တွေ ၊ Priest တွေအပြင်
Classics Role ပေါင်း 12 မျိုးထိ ထည့်ပေးထားတာကြောင့် Team နဲ့ဆော့ရင် တကယ်
ရှေးခေတ်တုန်းက ဒဏ္ဍာရီသူရဲကောင်းအဖွဲ့တွေလို့ ခံစားရမှာပါ ။ Level အလိုက်
Equipment တွေအပြင် Color တွေကစ အလွှာလိုက် စိတ်ကြိုက် Customize ပါ
လုပ်ခွင့်ပေးထားတာပါ။ RPG Elements တွေပါရုံတင်မကဘဲ Role တစ်ခုခြင်းစီရဲ့ Unique
Ability ကိုက 10 ခု ကျော်ထိ ရှိပါတယ် ။ Gameplay Mode ပေါင်း 4 မျိုးထိ
ကစားလို့ရပြီး Map ကစ 6 ခုထိ ထည့်ပေးထားတာကြောင့် Graphic လည်း
အတော်ကြည့်ကောင်းတဲ့ Game ကောင်းတစ်ခုပါ။ Size နည်းနည်းလေးမလို့ Admin ကတော့
လက်မလွတ်သင့်ဘူးလို့ အကြံပေးတယ်။ အသေးစိတ်ကို Review တွင် ဆက်ဖတ်နိုင်တယ်နော်။
[- Review -]
ဒီ Game က ကိုယ်ဆော့ရင်ဆော့နိုင်သလို အခွင့်ရေးတွေပေးထားတာပါ။ Coin မလောက်မှာလည်း
စိတ်ပူစရာမလိုသလို Level အလိုက် Server Room သီးသန့်ကစ သတ်မှတ်ပေးထားတာပါ။
ပြောရရင် လုံးဝ Mod version မလိုအောင်ထိ လိုက်လျောပေးထားတာပါ။ ဒါကိုမှ Cheater
လုပ်ခြင်သေးရင်တော့ အတော်အပျင်းကြီးတဲ့ ကောင်လို့ သတ်မှတ်ရမယ်။
Game က Level အလိုက် Armor Equipment ပေါင်း 100 ကျော်ထိ တစ်ခုပြီးတစ်ခု
ဖွင့်ပေးမှာပါ။ နောက်ပြီး Coins ကလည်း ဝယ်ရင်တောင် အတော်ပိုနေအုံးမှာ။ ဒီ Game
မှာ Developer တွေ ကန့်လိုက်တာတစ်ခုက Character Create ပိုင်းကိုပါ။ 5 ခုထိဘဲ
Free ပေးထားပြီး ကျန်တာကတော့ Purchased လုပ်ပေးရမှာပါ။ အဲဒါကြောင့် Classes Roles
တွေကို အရင်စမ်းပြီးမှ သေချာဆော့စေခြင်တယ်။ Reset ပြန်လုပ်လို့ရပေမယ့် Level
အသစ်ကနေဘဲ ပြန်စဆော့ရမှာပါ။ အဲတော့ သတိထားစေခြင်တယ်။ Level အတက်မြန်အောင် Coin
သုံးလို့ရပေမယ့် ကိုယ့်အားကို ကိုးစေခြင်တယ်။
နောက်ပြီး သဘောကျစရာကောင်းတာက ဝယ်ထားသမျှ Armor , Weapon တွေအကုန်လုံးက Character
မှန်သမျှကို အပိုထပ်ဝယ်စရာမလိုဘဲ တပ်ဆင်လို့ရတာပါ။ Ability တွေက Level အလိုက်
Unlock ဖြစ်ရုံတင်မကဘဲ Character Upgrade တွေကစ Level တက်တိုင်း Point တိုးလို့
ရမှာပါ။ ဒီတော့ ကိုယ့်ဆော့ရင်ဆော့နိုင်သလောက် Powerful ဖြစ်အောင်
ကြိုးစားလို့ရတယ်။
Gameplay ပိုင်းမှာဆိုရင်လည်း Multiplayer ဖြစ်တဲ့ PvP နဲ့ PvE မှာတော့ 8 ယောက်ထိ
ဖွဲ့ဆော့လို့ရပြီး Single AI Mode မှာတော့ Difficult အလိုက် 12 ယောက်ထိ
စစ်ပွဲဖန်တီးလို့ရတာပါ။ ကစားလို့ရတဲ့ Mode တွေက Free Battle မှာဆိုရင်
တွေ့ရာအကုန်လိုက်သတ်ရမှာဖြစ်ပြီး Team Battle မှာတော့ အဖွဲ့ဖွဲ့ပြီး ကြမ်းရမှာပါ။
ဘာကိုသွားသတိရလဲဆိုရင် Admin ခေါင်းထဲတော့ Aqua မ တို့ အုပ်စုဘဲ ပြေးမြင်တယ်။
တကယ် တစ်ခါလေကြရင် Priest ကိုင်တဲ့သူတွေက အရှေ့က Warriors တွေကို Heal ပေးတာထက်
ကိုယ့်ဘာကို ပြန်ပေးနေရတာများတယ်။ Tank ကြီးတွေဆိုရင် Magic နဲ့ Archer Role
တွေကိုလည်း ကာမပေးဘူး။ ကြည့်ရတာ အစမလို့ဘဲ နေမှာပါ။ ဒါပေမယ့် အတော်တော့
ပျော်စရာကောင်းတယ်။
တခြား Domination Mode တွေက ရင်းနှီးပြီးသားဖြစ်ပေမယ့် King Mode ကတော့
အတော်စိတ်ဝင်စားစရာကောင်းတယ်။ အဲဒီ Gameplay ပုံစံက ကိုယ့်ရဲ့ King ကို
ကာကွယ်ပေးရင်း တခြား King ကို သွား သတ်ရတာမျိုးပါ။ Player တွေက Defense လုပ်ရင်း
နေလို့ရပေမယ့် ပြိုင်ဘက် King သေမှ Game က အနိုင်ရမှာပါ။ အဲတော့ သေချာမဆော့ရင် ဒီ
Game Mode က အရမ်းကြာသွားနိုင်တယ်။ King နှစ်ယောက်လုံးမှာ
ကိုယ်စောင့်တပ်တွေရှိသလို King ကိုယ်တိုင်ကလည်း လိုက်ခုတ်သေးတာပါ။ အဲဒါကြောင့် ဒီ
Mode က Team ညီဖို့လိုသလို Map ပေါ်မူတည်ပြီး ဗျူဟာခင်းတတ်ဖို့လည်းလိုတယ်။
တစ်ဖက်က ပြိုင်ဘက်ကို မြှားခေါ်ပြီး ကျန်တဲ့ သူက King ကို ခိုးကြောင်ခိုးဝှက်နဲ့
သွားသတ်လို့ရတယ်။
ခဏခဏသေနိုင်ပေမယ့် ကံကောင်းရင်လည်း Teammates တွေက ပြန် ကယ်ပေးလို့ရပါသေးတယ်။
ပြောရရင် BR Game တွေလို Knockout ပါတာမျိုးပေါ့။ အဲဒါကြောင့် တစ်ချို့ Role
တွေဆိုရင် အတော် Powerful ဖြစ်ပြီး Summon Ability ထိပါ ပါတာပါ။ အဲဒါကြောင့်
Role တွေနဲ့တင် Game က အတော်ဆော့ရတာ မိုက်တယ်။ HP , Mana အပြင် Stamina နဲ့ပါ
Dash လုပ်လို့ရတော့ Skill ရှိဖို့ဘဲ လိုတယ် ။ ရန်သူရဲ့ Attack တွေ
ရှောင်လို့ရသလို Map ထဲမှာပါ HP , Mana ပုလင်းတွေ ပေးထားတာပါ။ Graphic
ပိုင်းမှာလည်Smooth Polygon ဆိုပေမယ့်Environment တွေ အတော်လှပြီး Grass တွေ ၊ ဖုန်မှုန့် Effect တွေကစ
Map အလိုက် အသက်ဝင်တယ်။ နောက်ပြီး fps က 120 ထိတောင် Support ပေးထားတာပါ။
အတိုချုံ့ပြောရရင်တော့ သူငယ်ချင်းတွေနဲ့ ဆော့ပျော်သလို တစ်ယောက်တည်းလည်း
အေးဆေးကစားရုံဘဲ။ Size လည်း နည်တော့ ဘာလိုသေးလဲ။
Android version | 5 . 0 + |
Developer | Kisunja - Fun Shooting Games |
Network | Offline / Online |
Price | Free |
App version | 0.129 |
Release date | December 27, 2021 |
Download Link
Type | Size | Link |
Playstore |
146 MB |
Download |
Apkcombo
|
146 MB ( Apk Only ) |
Download |
Apple iOS |
--- |
Coming Soon |
⭐ ( HELLO Rating = 8 / 10 ) ⭐
#HELLOYDB
Comments