Combat Master Mobile FPS

° ဒီနေ့ မနက်အစောကြီး ပြန်ရောက်လာတဲ့ Game လေးကတော့ အားလုံး Suprise ဖြစ်သွားစေမယ့် Combat Master ရဲ့ Come Back ကြီးပါ။ အရင် Version တုန်းက ရက်အနည်းငယ်အတွင်း Download လုပ်သူပေါင်း Million နီးပါးထိရောက်ရှိခဲ့တဲ့အပြင် Player တွေကြား ရေပန်းစားပြီး သိပ်မကြာခင်မှာဘဲ နာမည်ကြီး Game တစ်ခုဖြစ်တဲ့ CoD Modern Warfare ရဲ့ Copyright Claims ကြောင့် အကုန် ပိတ်ချခံခဲ့ရတာပါ။ ဒါပေမယ့် USA အခြေစိုက် Developer ဖြစ်တဲ့ Alfa Bravo Inc.ကတော့ လက်မလျှော့ဘဲ အခုလိုမျိုး Version အသစ်နဲ့ Player တွေလက်ထဲကို ပြန်ရောက်လာခဲ့ပါပြီ။ 
° ဒီတော့ အခု အသစ်ပြန်‌ထွက်လာတဲ့ Game က အရင်ကထက် Improvement တွေ အများကြီးလုပ်ပေးထားတဲ့အပြင် Request အများဆုံးဖြစ်တဲ့ Friends တွေနဲ့ပါ Custom Room ထောင်ဆော့လို့ရလာပါပြီ။ Gameplay ကတော့ အရင်က အတိုင်းဘဲမလို့ FPS သမားတွေတွက် လုံးဝအကြိုက်ဖြစ်စေမှာဖြစ်ပြီး Setting ပိုင်းဆိုင်ရာတွေမှာ Gyroscope Aim တွေကစ ပါဝင်လာတာပါ။ တစ်ချို့ Features တွေက Coming Soon အနေနဲ့သာ ရှိနေသေးပေမယ့် Map 7 ခုနှစ်ခုထိ ပါဝင်လာတဲ့အပြင် Secret animations တွေကစ အခု Version မှာ ထည့်ပေးထားတယ်လို့ ကြေငြာထားပါတယ်။ ဒီတော့ အရင်ကဆော့ဖူးတဲ့သူတွေကတော့ ဒီ Gameplay ရဲ့ Performance က ဘယ်လောက်ထိ တခြား Game တွေထက် ကောင်းနေတယ်ဆိုတာ သိကြမှာပါ။ မသိသေးရင်လည်း အခုဘဲ ကိုယ်တိုင်စမ်းကြည့်လိုက်တော့နော်။ 

[- Review -]

Game က ထုံးစံတိုင်း လုံးဝကို သွက်လက်နေအောင် ဆော့ကောင်းတာပါ။ Reloading Animation တွေကစ အရင်ကထက် ပိုကောင်းလာတဲ့အပြင် Sound Effect ပိုင်းတွေကစ နားအူသွားတာတွေထိ Detail ဖြစ်လာတာပါ။ လျှောထိုးတာ ၊ Jump လုပ်တာ၊ Aim ရင်းနဲ့ Reload ချိန်တာ ၊ ပြေးရင်းနဲ့ သေနတ်မြှောက်ပြေးတာတွေအပြင် Reload Scene တွေမှာပါ Camera Shake တာတွေထိ သဘာဝကျအောင် ဖန်တီးထားတာမလို့ ဆော့ရတာတော့ လုံးဝကို Mobile Player တွေတွက် Perfect ပါ။ 
Online ကော Offline ကော ဆော့လို့ရတာကြောင့် အတော်အဆင်ပြေတဲ့အပြင် New Players တွေတွက် Supplies Pack တွေပါ Free Gift ထည့်ပေးထားတာတွေရှိပါတယ်။ ဒီ Game မှာ သဘောကျစရာကောင်းတာက
  • - Auto-fire နဲ့ Aim-snap လုံးဝ မပါတာ။
  • - ကြေငြာမပါဘဲ Ads Free ဆော့ခွင်ရတာ။
  • - Skin Boxs သုံးတဲ့သူတွေတွက် အခွင့်ထူးတွေမပါဝင်ဘဲ
  •    Players အားလုံး တန်းတူ ကစားခွင့်ရတာ။ 
  • - နေ့တိုင်း Update မပေးတာတွေ ဒီ Game ရဲ့ အားသာချက်အနေနဲ့ ပါဝင်သေးတာပါ။ 
ဒါပေမယ့် တစ်ခုရှိတာက Battle Pass ပုံစံပါဝင်မယ်ဆိုတာ အရင် Version ထဲက သိပေမယ့် အခု version မှာ အသစ်တွေ့လာရတဲ့ Combat Upgrade လေးကိုတော့ စိတ်ဝင်စားမိတယ်။ လောလောဆယ်တော့ Coming Soon ဘဲပြထားလို့ ဘာဆိုတာ ကြည့်မရသေးဘူး။ 
Game က money-pulling mechanics မလုပ်ထားတာ ဟုတ်ပေမယ့် တစ်ချို့ Pack Boxs တွေကျတော့ တော်တော်ကြီးကို သဘောကျစရာကောင်းတယ်။ Close Combat ဖြစ်တဲ့ Knife ဓားရှည်တွေမျိုးပေါ့။ ဒါပေမယ့် ဆော့ရတာတော့ ဦးသူ အနိုင်ဘဲ။ ပြီးတော့ Weapon လည်း ကောက်လို့ရတော့ Skill ရှိဖို့ဘဲလိုတယ်။

Game Information

Android version 7 . 0 +
Developer Alfa Bravo Inc
Network Online/Offline
Price Free
App version 0.3.41
Release date December 25, 2021

Download Link

Type Size Link

Playstore

421 MB

Download

Apkcombo

 

289 MB

( Apk Only )

Not Recommend

Apple iOS

---

Coming Soon
 
Note
=====
iOS သမားတွေက ရမရ store ထဲမှာ အရင်ရှာကြည့်ကြပါ။ နောက်တစ်ခု Admin သတိပေးစရာရှိတာက အခု Version ကလည်း အရင်ကလိုဘဲ Playstore ကမဟုတ်ဘဲ အပြင်က‌နေ Apk Install တင်တဲ့သူတွေက In Game ရဲ့ Additional File Download လုပ်တဲ့နေရမှာ တစ်နေသေးပါတယ်။ အဲဒါကြောင့် Playstore ကနေဘဲ လောလောဆယ် Download လုပ်ကြည့်ကြဖို့ အကြံပေးတယ်။ 

⭐ ( HELLO Rating = 8.8 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES