Desert Nomad x Raft Survival ( Early Access )

° ဒီနေ့ Early Access အနေနဲ့ ထွက်လာတဲ့ Game သစ်လေးကတော့ Mobile မှာ လူကြိုက်အများဆုံး Survival Game တစ်ခုဖြစ်တဲ့ Raft Survival Ocean Nomad ကို ဖန်တီးပေးထားတဲ့ TREASTONE LTD ကနေ ထုတ်လုပ်ပေးထားတာဖြစ်ပြီး ပင်လယ်ထက်မှာ ရှင်သန်ရတာမျိုးမဟုတ်ဘဲ ထူးထူးခြားခြားအနေနဲ့ သဲကန္တာရထဲမှာ အသက်ရှင်ဖို့ကြိုးစားရမှာပါ။ အရင်ကနဲ့ မတူတဲ့ Experience အသစ်ကို ခံစားရမှာမလို့ Open World Survival သမားတွေတွက် လုံးဝအကြိုက်တွေ့စေမှာ သေချာပါတယ်။
° Game ရဲ့ Title အတိုင်း Raft Survival ကိုမှ Desert နဲ့ ပေါင်းစပ်ဖန်တီးပေးလိုက်တာဖြစ်ပြီး ပင်လယ်ထက်မှာ ဖောင်မျောနေတာမျိုးမဟုတ်ဘဲ သဲကန္တာရထဲမှာ မီးပုံပျံ ဖောင်တစ်ခုနဲ့ ခရီးဆက်ရမှာပါ။ တကယ် အရမ်းစိတ်ဝင်စားစရာကောင်းသလို ဘာလို့ မြေပြင်က ခရီးမသွားတာလဲလို့ စဉ်းစားကောင်းစဉ်းစားနိုင်ပါတယ်။ ဘာလို့ဆို ပင်လယ်ထဲက ငမန်းတွေထက် ပိုဆိုးတဲ့ မြေအောက် အသားစား ဂြိုလ်သားကောင်ကြီး‌တွေက ရှိနေလို့ပါ။ သူတို့က မြေကြီးပေါ် မှာ တုန်ခါလာတဲ့ အသံကို နားစွင့်နေကြတာဖြစ်ပြီး အသံကြားတာနဲ့ မြေအောက်ထဲကနေ ထိုးထွက်လာမှာပါ။ သဲကန္တာရတွေမှာ Alien တွေ ရှိတာ မထူးဆန်းပေမယ့် အခုဟာကလည်း Cow Boy ခေတ်ကို အသွင်ယူထားတာကြောင့် အရမ်းကို မိုက်ပါတယ်။ ဒါ့ကြောင့် မီးပုံပျံဖောင်ကြီးနဲ့ ဘယ်ချိန်မှာ ခရီးဆုံးမလဲဆိုတာ သိခြင်ရင် အခုဘဲ ဆော့ကြည့်လိုက်တော့နော်။
[- Review -]

Game က ပုံစံအသစ်မလို့ အတော်မိုက်တယ်ပြောရမယ်။ Up ကိုတောင် သွားသတိရစေပြီး ဆော့ရတာလည်း တကယ်ကို Challenge ဖြစ်တယ်။ ဘယ်လိုလဲဆိုတော့ မီးပုံပျံက လောင်စာနဲ့ သွားနေတာဖြစ်ပြီး အဲအတွက် ထင်းတွေက မရှိမဖြစ်လိုပါတယ်။ ဒါကြောင့် ခရီးသွားနေရင်း လမ်းမှာ သစ်ပင်တွေ့ခဲ့ရင် မြေပြင်ကို အရင်ဆင်းပေးရတာဖြစ်ပြီး အကောင်မလာခင် သစ်သားတွေ ၊ Food တွေကို အမြန်စုဆောင်းပေးရတာပါ။ တစ်ခါလေ မြို့ပျက်တွေပါ တွေ့ရတတ်တာကြောင့် အရင် Ocean ထက်စာရင် အတော် Explore လုပ်စရာများတယ်ပြောရမယ်။ 
Graphic က‌စ အတော်ကို သဘောကျစရာကောင်းပြီး Environment ဖန်တီးထားတာတွေက Desert ဆိုပေမယ့် တကယ်ကို အသက်ဝင်တယ်။ လေပြေတွေ ၊ ကောင်းကင်ပြာကြီးတွေ ကြည့်ရင်းနဲ့တောင် တစ်ခါလေ ကိုယ်ပါ Game ထဲမှာ မျောသွားတဲ့ထိ Feel လို့ကောင်းတယ်။ ဘာလို့ဆို တစ်ယောက်တည်း စွန့်စားခန်းထွက်နေတာ‌ဆိုတော့ အရမ်းကို မိုက်တယ်။ Survival Game ဆိုပေမယ့် Relaxing လုပ်ခြင်တဲ့သူတွေတွက်တောင် Admin က အကြံပေးခြင်တယ်။ နောက်ပြီး မီးပုံးပျံကြီးနဲ့ ဖောင်ဖွဲ့ပြီး သွားရမယ်လို့ ဘယ်သူက စိတ်ကူးမိမှာလဲ။ အဲဒါကြောင့် လုံးဝကို ဆော့ကြည့်သင့်တယ်နော်။ 

Game Information

Android version 4 . 1 +
Developer TREASTONE LTD
Network Offline
Price Free
App version Early Access
Release date Early Access

Download Link

Type Size Link

Playstore

83 MB

Download

Apkcombo

 

83 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
Note
=====
Game က Offline ဆော့လို့ရပေမယ့် In Game မှာ Resources အတွက် 220 MB လောက် ထပ် Download လုပ်ပေးရပါမယ်။

⭐ ( HELLO Rating = 7.6 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES