Fatal Affair on Cape Fog

° အသစ်ထွက်လာတဲ့ ဒီ Game လေးက Puzzle Adventure သမားတွေတွက် အရမ်းသဘောကျစေမှာဖြစ်ပြီး ရှုခင်းတွေကစ တကယ်ကို အသက်ဝင်တဲ့ Game ကောင်းတစ်ခုပါ။ Background တီးလုံးတွေကြောင့် စိတ် Relaxing ဖြစ်စေတာမှန်ပေမယ့် ဒီ Game ရဲ့ ဇာတ်အိမ်ကတော့ အရမ်းကို Deep ဖြစ်ပြီး ထင်ထားတာထက်ကို စိတ်ဝင်စားစရာကောင်းတာပါ။ Mysteries ဆန်တဲ့ Drama မျိုးတင်မကဘဲ မှုခင်းတွေကြားက Plot Twist တွေပါ ပါဝင်သေးတာကြောင့် စိတ်ဝင်စားစရာ ကောင်းမှာတော့ အမှန်ဘဲ။ 
° ဒီ ဇာတ်လမ်းထဲမှာဆိုရင် သင်နဲ့ သင့်ယောက်ျားက အရမ်းကို အေးချမ်းတဲ့ Cape Fog ဆိုတဲ့ မြို့လေးကို သွားနေကြမှာပါ။ ဒါပေမယ့် အလုပ်တာဝန်တွေကြောင့် ယောက်ျားဖြစ်သူက ရုံးမှာကျန်ခဲ့ပြီး သင်ကတော့ ဒီ မြို့လေးမှာ ရင်းနှီးမှုရအောင်လို့ ကြိုရောက်လာခဲ့ပါတယ်။ အားလုံးဟာ သာသာယာယာဆိုပေမယ့် ဒီကိုရောက်ပြီး သိပ်မကြာခင်မှာဘဲ သိလိုက်ရတာက လူသေမှုတစ်ခုဟာ ဒီမြို့မှာ အထူးဆန်းဆုံးဖြစ်နေတယ်ဆိုတာပါ။ မိန်းကလေးတစ်ယောက် သေဆုံးမှုနဲ့ပတ်သတ်ပြီး ဘာသတင်းအစနမှ မရှိသလို အခုထိလည်း စုံစမ်းနေဆဲဖြစ်တာကြောင့် ဒီကိစ္စဟာ ဒေသခံတွေကြားမှာ ပြောစရာဖြစ်လာခဲ့ပါတယ်။ အစကတော့ သင်နဲ့မဆိုင်ဘူးဆိုပေမယ့် မြို့ထဲကို လျှောက်လည်ရင်း အိမ်အိုကြီးတစ်လုံးကို မထင်မှတ်ဘဲ တွေ့ခဲ့ရနေ ဒီကိစ္စတွေဟာ ပိုပြီးနက်နဲလာခဲ့ပါတယ်။ 
° ဒေသခံတွေကပြောပြချက်အရ အဲဒီ အိမ်နဲ့ ဝေးဝေးနေဖို့ရာ သတိပေးထားပြီး သေဆုံးသွားတဲ့ ကောင်မလေးရဲ့ ဝိညာဉ်ဟာလည်း အနားတစ်ဝိုက်မှာဘဲ ခြောက်လန့်နေခဲ့တာကြောင့် ရဲတွေကစ အဲဒီအိမ်ဟောင်းကြီးကို ပစ်ထားခဲ့ကြတာပါ။ ကံတရားရဲ့ ဆန်းကြယ်မှုဟာ အရမ်းစိတ်ဝင်စားစရာကောင်းသလို ဘယ်တုန်းကမှ မတွေ့ဖူးတဲ့ အဲဒီကောင်မလေးရဲ့ ဇာတ်လမ်းဟာလည်း မထင်မှတ်ဘဲ သင့် ယောက်ျားနဲ့ ပတ်သတ်နေခဲ့ပါတယ်။ ဆိုတော့ ဒီကိစ္စတွေဟာ ဘယ်လိုတွေဖြစ်ခဲ့ကြတာလဲ ? သင့်ယောက်ျားနဲ့ကကော ဘာကြောင့် ဘယ်လိုတွေ ပတ်သတ်‌နေခဲ့တာလဲဆိုတာသိခြင်ရင် အခုဘဲ ဒီ Game လေးထဲမှာ အဖြေရှာကြည့်လိုက်တော့နော်။
[- Review -]

Game က Hidden object ဆိုတော့ ထုံးစံတိုင်း Puzzle Adventure သမားတွေ အကြိုက်မျိုးပေါ့။ သူက ခေတ်ဟောင်းမဟုတ်ဘဲ လက်ရှိ ခေတ်ကို ဖန်တီးထားတာ‌ဆိုတော့ အသစ်ဆန်းလည်းဖြစ်သလို The Lost City လိုလည်း Background Art တွေကစ အရမ်း လှတယ်။ 
Short Novel ဖြစ်ပြီး တစ်ခုရှိတာက Hint တွေကတော့ Purchased လုပ်ပြီးမှ သုံးလို့ရတာမျိုးပါ။ ပြောခြင်တာက  ကစားတဲ့သူတွေတွက် Hint လုံးဝ သုံးခွင့်ပေးမှာ မဟုတ်တာကြောင့် တကယ်ကို Challenge ဖြစ်တယ်ပြောရမယ်။ ပြောရရင် အလွယ်လမ်းလိုက်လို့မရတော့ဘူးပေါ့။ 
Admin ကတော့ သဘောကျတယ်ပြောရမယ်။ Art ကော Background Song ကော ၊ ဥပမာ ထီးလေးနဲ့ ပြထားတဲ့ ပုံဆိုရင် နောက်ကနေ Rain Sound Effect လေးတွေ ကြားလိုက်ရ‌တော့ တကယ်ကို သူ့နေရာကနေဝင်ပြီး Relaxing ဖြစ်သွားသလိုကို ခံစားရတာ။ အဲဒါကြောင့် အသံချဲ့ဆော့ကြည့်ဖို့ရာ အကြံပေးခြင်တယ်။ 

Game Information

Android version 4 . 4 +
Developer Midnight Adventure LLC
Network Offline
Price Free
App version 1.2
Release date 12.12.2021

Download Link

Type Size Link

Playstore

101 MB

Download

Apkcombo

 

101 MB

( Apk Only )

Download

Apple iOS

1.7 GB

Download
 

⭐ ( HELLO Rating = 7.2/ 10 ) ⭐


#HELLOYDB

Comments

လူကြည့်အများဆုံး GAMES