Her Tears Were My Light

° အရင်ဆုံးပြောရရင် ဒီ Game က သင့်ကို လုံးဝ Mind-blowing ဖြစ်စေမှာ သေချာပါတယ်။ အရမ်းအရမ်းကို ဇာတ်အိမ်က Deep တာကြောင့် တော်ရုံလူ နားလည်ဖို့ရာတောင် ခက်ခဲနိုင်တာပါ။ PC ကနေ Mobile version ကို ပြန်ထုတ်ပေးထားတာဖြစ်ပြီး Rating အပြည့်ရထားတဲ့ Short VN Game ကောင်းလေးတစ်ခုပါ။ VN ဆိုပြီး မဆော့တော့ဘူးလို့ မတွေးလိုက်ပါနဲ့ ဒါက အမျိုးစားအနေနဲ့သာဖြစ်ပြီး တကယ်တကယ် Game တစ်ခုလုံးက ပါးစပ်အဟောင်းသားဖြစ်သွားအောင်ထိ လုပ်ပေးထားတာမလို့ လုံးဝကို ဆော့ဖူးသင့်တာပါ။ 
° ဒီ ဇာတ်လမ်းလေးက လူနေမှုပတ်ဝန်းကျင်ကို အခြေပြုထားတာမဟုတ်ဘဲ အဲဒီထက် အရမ်းမြင့်တဲ့ အနန္တစကြဝဠာကြီးရဲ့ ဖြစ်တည်မှုသုံးခုကို Romantic ဆန်ဆန်လေး သရုပ်ဖော်ထားတာပါ။ Time ( အချိန် ) ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ တစ်နေ့မှာတော့ ဘာဆိုဘာမှကိုမရှိတဲ့ အမှောင်ထုတွေကြားက ကြယ်လေးတွေနောက်ကို လိုက်လာရင်း မထင်မှတ်ဘဲ ငိုနေတဲ့ ကောင်မလေးတစ်ယောက်ကို စုံတွေ့ခဲ့ပါတယ်။ သူမဟာ Space ( အာကာသ ) ဖြစ်ပြီး သူမ ငိုလိုက်တိုင်း မျက်ရည်တွေဟာ ကြယ်လေးတွေ အဖြစ်နဲ့ ထူးထူးဆန်းဆန်း ပြောင်းလဲသွားတာပါ။ သူမဟာ တစ်ယောက်တည်း အမြဲအထီးကျန်နေခဲ့တာကြောင့် Time ကို တွေ့လိုက်ချိန်မှာဘဲ အရမ်းပျော်သွားခဲ့ရပြီး Time ဟာလည်း အချိန်တွေကို ရှေ့တိုးနောက်ဆုပ် မလုပ်တော့ဘဲ သူမနဲ့အတူတူ နေဖို့ရာ ဆုံးဖြတ်ခဲ့ပါတယ်။ 
° ဒါပေမယ့် ထာဝရအတူနေတော့မယ်ဆိုတဲ့ အခိုက်တန့်လေးဟာ Time ရဲ့ မျက်တောင်တစ်ချက် ခတ်လိုက်မှုကြောင့် အရာအားလုံးဟာ ဗလာနတ္ထိပြန်ဖြစ်သွားပြီး Space ဟာလည်း အမှောင်ထုတွေကြားမှာ လုံးဝပျောက်ကွယ်သွားပါတယ်။ အဲဒီအချိန်မှာ Time ဟာ Space ကို ပြန်တွေ့ဖို့တွက် အချိန်ကို နောက်ပြန်ဆုပ်ဖို့ အလုပ်မှာဘဲ ဖြစ်တည်မှုအားလုံးရဲ့ သုညအမှတ်ဖြစ်တဲ့ Nil ( မရှိ / နတ္တိ ) ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ထပ်ပေါ်လာခဲ့ပါတယ်။ သူမဟာ သင့်ကို အချိန်ပြန်ရစ်ဖို့ရာတွက် လုံးဝ ခွင့်ပြုမပေးတာကြောင့် နောက်ဆုံးမှာတော့ ဘာတွေဆက်ဖြစ်ကုန်မလဲဆိုတာ သိခြင်ရင် ကိုယ်တိုင်ဘဲဆော့ကြည့်လိုက်တော့နော်။ ပြောရရင် Time ဟာ Reset ဆိုတဲ့ Timeline ကြီးတစ်ခုလုံးကို ပြန်မွှေတော့မှာမလို့ လုံးဝကို မထင်ထားတဲ့ Plot Twist တွေ အများကြီးတွေ့ရတော့မှာပါ။ 
[- Review -]

တကယ်တကယ်ကို ပို့စို့ပတ်စက် ကြက်သီးထစရာကောင်းတဲ့ Game တစ်ခုဖြစ်ပြီး စဆော့ကတည်းကိုက လုံးဝ ပြန်မချခြင်တော့လောက်အောင်ထိပါ။ ဇာတ်လမ်းတင်မဟုတ်ဘဲ Game ရဲ့ Mechanic Setting တွေကစ လုံးဝ မထင်မှတ်လောက်အောင်ထိ ဖန်တီးထားတာ။ ရှင်းအောင်ပြောရရင် ဒီ Game က Timeline တစ်ခုလုံးကို Loop ပြန်လုပ်နေမှာမလို့ ဇွဲမရှိတဲ့သူတွေတွက် True Ending ကို သိရမှာမဟုတ်ပါဘူး။ Ending 3 ခုထိ ပါဝင်ပြီး True Ending ကို သိရဖို့တွက် အကြံပေးခြင်တာကတော့ ဦးနှောက်နဲ့ မရွေးချယ်ဘဲ နှလုံးသားနဲ့ ရွေးချယ်ပါ။ နောက်တစ်ခုက ပေးထားတဲ့ ကတိကို ဘယ်တော့မှ မဖျက်ပါနဲ့။ အဲဒါဆိုရင် ဒီ Game ရဲ့ အကောင်းဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး Ending ဇာတ်ဝင်ခန်းတစ်ခုကို သင်ကိုယ်တိုင်တွေ့ရလိမ့်မယ်။ 

Time တွေ Space တွေပါလာပြီဆိုကတည်းက သေချာပေါက် Multiverse တွေက‌‌တော့ ပါလာပါပြီ။ အဲဒါကြောင့် အောက်ကဟာက ကစားပြီးတော့မှသာ လာဖတ်ကြည့်ဖို့ အကြံပေးတယ်။ ဒီ Game ကပေးတဲ့ သင်ခန်းစာကောပေါ့။ 
Spoiler Alarm 
------------
Game စကတည်းကိုက Time ဟာ ဗလာနတ္တိထဲမှာဘဲ လျှောက်သွားနေရပြီး အဲချိန်ကျမှာ Space ဟာ ရုတ်တရက်ပေါ်လာခဲ့တာပါ။ ဒီတော့ နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက်မမြင်ဖူးကြပေမယ့် စိတ်ထဲမှာတော့ သိနေသလို ခံစားနေရတာကို Game စကတည်းကိုက တွေ့ရလိမ့်မယ်။ သေချာတာပေါ့ ဘာလို့ဆို Multiverse အနေနဲ့ Time ကိုယ်တိုင် နောက်ထပ် အချိန်တစ်ခုကို အစကတည်းက Reset လုပ်ခဲ့တာပါ။ ဒါ‌ဆို ဘာလို့ Time က မမှတ်တာလဲလို့ ထင်ကောင်းထင်နိုင်တယ်။ ဘာလို့ဆိုတော့ အဓိက ဇာတ်အိမ်ကို ထိန်းချုပ်နေတဲ့ သူက Nil ဖြစ်နေလို့ပါ။ သူမဟာ အစကတည်းက ဗလာနတ္တိအနေနဲ့ ပေါက်ဖွားလာတာဖြစ်ပြီး Nothing ကနေ Something တစ်ခုဖြစ်တဲ့ထိ သူမကိုယ်တိုင် Space အနေနဲ့ ဖြစ်ပေါ်လာခဲ့တာပါ။ ပြောရရင် Nil ကိုယ်တိုင်ကိုက တစ်ချိန်က Space ဖြစ်ခဲ့တာ။ အဲဒါကို Time က သတိမထားမိခဲ့တော့ Timeline တွေ တစ်ခုပြီး တစ်ခုဖန်တီးရင်း တကယ့်အဖြစ်မှန်တွေကို သတိမထားမိခဲ့ဘူး။
Nil ဟာ Space အနေနဲ့ ခဏတာသာ ဖြစ်ပေါ်ခဲ့ရပြီး Fade ဖြစ်သွားတဲ့ အချိန်မှာတော့ Time ဟာ Space ကို Nil အဖြစ်နဲ့ မမြင်နိုင်တော့တာပါ။ ဘာလို့ဆို Space ဟာ အစကတည်းက Nil ဖြစ်နေလို့ဘဲ။ အဲဒီမှာ Nil ကနေ Time ဟာ အချိန်တွေ တစ်ခုပြီးတစ်ခု Rest လုပ်ပြီး သူမ မဟုတ်တဲ့ တခြား Space ကို သွားသွားတွေ့နေတော့ အရမ်းမနာလိုဖြစ်လာပြီး Time ဖန်တီးခဲ့သမျှ Timeline တွေအကုန်လုံးကို လိုက်ဖျက်ဆီးခဲ့တာပါ။ အဲဒါကြောင့် Time က ဘာဆိုဘာမှ မမှတ်မိခဲ့တော့တာပေါ့။ ဒီ Game မှာက ရွေးချယ်စရာတွေ အများကြီးရှိတယ်။ Time အနေနဲ့ Space နဲ့အတူ နေသွားမလား ၊ ဒါမှမဟုတ် အဖြစ်ပျက်တွေကိုသိပြီး Nil ကိုဘဲ လက်ခံသွားမလားဆိုတာ ကစားတဲ့သူပေါ်ဘဲ မူတည်တယ်။ တကယ် Mind blowing ဖြစ်သွားတာက ဇာတ်လမ်းတင်မဟုတ်ဘဲ Gameplay ကပါ Player တွေကို လှည့်စားထားတာပါ။ 
ဥပမာ - Save Point တွေက အလုပ်လုပ်တယ်ထင်ရပေမယ့် Timeline ကို Reset လုပ်တဲ့ အခါမှာ အကုန် ပျက်ကုန်တာပါ။ Ending တိုင်းက Credit စာတန်းထိုးမှာမလို့ ဘယ် Ending က အမှန်‌ဆိုတာ နားလည်ရခက်လိမ့်မယ်။ Game ပြီးသွားလို့ Menu မှာ Start မြင်တိုင်း အစက ပြန်ဆော့ရမယ်မထင်နဲ့။ အစက ပြန်ဆော့ရမှာ ဟုတ်တော့ဟုတ်ပေမယ့် Timeline က လုံးဝ မတူတော့ဘူး။ အဲဒါကြောင့် လုံးဝ ဇွဲမလျော့ပါနဲ့‌နော်။ အဖြစ်ပျက်တိုင်းက ကြောင်းကျိုးဆက်နွယ်နေတာမလို့ တကယ့်သဘာဝအတိုင်း Ending ဖြစ်အောင်လို့ ကြိုးစားကြည့်ပါ။ 
How I Feel 
----------
Game က တစ်ယောက်နဲ့တစ်ယောက် ခံစားရတာခြင်း တူခြင်မှ တူလိမ့်မယ်။ ဒါပေမယ့် Admin တွက်ကတော့ ဒီ Game ဟာ တကယ်ကို Lifestyle တွက် ရည်ညွှန်းနေတာလို့မြင်မိတယ်။ လူတစ်ယောက်ကို ပိုင်‌ဆိုင်ခြင်ပြီဆိုတာနဲ့ အဲဒီလူရဲ့ အတိတ်က အကြောင်းတွေကော ၊ အခုလက်ရှိ အခိုက်တန့်လေးတွေကိုပါ လက်ခံပေးနိုင်ရမယ်။ တစ်ဖက်တည်းရောက်သွားရင်တော့ အခု Game ထဲကလို တစ်ဖက်စွန်း Ending တစ်ခုစီမှာ တွယ်ကပ်သွားတာဖြစ်ပြီး အဆွဲတွေကြောင့် အမှန်ကို မမြင်နိုင်ဘဲ ဖြစ်ကုန်ကြနိုင်တယ်။ လူဆိုတာ မတူညီတဲ့ စရိုက်တွေကြောင့် ပတ်ဝန်းကျင်မှာ သဟဇတဖြစ်နေတာပါ။ အဲဒါကို ကိုယ်က အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး လုပ်ရပ်ကို ညီတူမျှတူလက်ခံပေးနိုင်မှ ကိုယ်ပိုင်ဆိုင်ခြင်တဲ့လူတစ်ယောက်ကို ထာဝရလက်တွဲနိုင်လိမ့်မယ်။ အဓိကပြောခြင်တာကတော့ လူတစ်ယောက်ကို ချစ်ပြီဆိုရင် သူ့ရဲ့ ကောင်းတာကော မကောင်းတာကော လက်ခံနိုင်ဖို့ကြိုးစားပါ။ ပြီးရင် ပြုပြင်ပေးပါ။  
ဒီထဲက Nil ဆိုရင်လည်း တကယ်တန်း သူမရဲ့ အမှားတစ်ခုမှ မပါပါဘူး။ သူမရဲ့ ဖြစ်တည်မှုကို မမြင်နိုင်ခဲ့တဲ့ Time ရဲ့ အမှားလို့ Admin ကတော့ သုံးသပ်တယ်။ ဘာလို့ဆို Time ရဲ့ မမြင်နိုင်ခဲ့တဲ့ အမှန်တရားကြောင့် Nil ဟာ လူဆိုးမလေးတစ်ယောက်လို ဖြစ်သွားခဲ့တာပါ။ ဒါကြောင့်မလို့ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့သူတွေ Villain ဖြစ်အောင် မလုပ်မိကြပါစေနဲ့နော်။ 

( ရည်းစားမရှိပါဘူး )

Game Information

Android version 4 . 4 +
Developer NomnomNami
Network Offline
Price Free
App version 1.7.2
Release date 2019

Download Link

Type Size Link

Playstore

68 MB

Download

Mediafire

 

68 MB

( Apk Only )

Download

Apple iOS

---

Unavailable
 
⭐ ( HELLO Rating = 9 / 10 ) ⭐

#HELLOYDB

Related Posts

  • Her Tears Were My Light° အရင်ဆုံးပြောရရင် ဒီ Game က သင့်ကို လုံးဝ Mind-blowing ဖြစ်စေမှာ သေချာပါတယ်။ အရမ်းအရမ်းကို ဇာတ်အိမ်က Deep တာကြောင့် တော်ရုံလူ နားလည်ဖို့ရာတောင် ခက်ခဲနိုင်တာပါ။ PC ကနေ M… Read More
  • The Letter              လူတိုင်း ဒီစာရွက်ကို ဖတ်မိရင် နောက်ထပ် လူ ဘယ်နှစ်ယောက်ကို ဆက်ဝေပါ ၊ မဝေဖြစ်ရင် ဘာဖြစ်မယ်ဆိုပြီး စာရွက်အစုံ အကြောင်းရာအစု… Read More
  • Love Esquire° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးက Philippines အခြေစိုက် Yangyang Developer ကနေ ထုတ်လုပ်ပေးထားတာတဲ့ Dating Sim / RPG အမျိုးစား Game တစ်ခုဖြစ်ပြီး PC နဲ့ Nintendo Switch မ… Read More
  • WILL A Wonderful World           ဒီတစ်ခါ အသစ်ထွက်ထားတဲ့ Game လေးကတော့ လူတိုင်းဆော့နိုင်မယ့် Game မျိုးတော့မဟုတ်ပါဘူး။ PC နဲ့ Console ပေါ်မှာလည်း ထွက်ပေးထားပြီး တခြား Game တွေနဲ့ မတူဘဲ Unique ဖြစ… Read More
  • Ethereal Engima                PixelFade ရဲ့ နောက်ထပ် အမိုက်ဆုံး Visual Novel Game လေးတစ်ခုဖြစ်ပြီး ဆွဲမက်စရာကောင်းလောက်တဲ့ ဇာတ်အိမ်ဖန်တီးမှုကြောင့်… Read More

Comments

လူကြည့်အများဆုံး GAMES