Plumber Bro

 အသစ်ထွက်ထားတဲ့ ဒီ Game လေးက နာမည်ကြီး Classic Character တွေကို အများကြီးတွေ့မြင်ရမှာဖြစ်ပြီး Mario Fan တွေတွက် အရမ်းသဘောကျစေမှာ သေချာပါတယ်။ ARPG Game မျိုးဖြစ်တာကြောင့် Gameplay ကစ အများစုရင်းနှီးရုံတင်မကဘဲ ပါဝင်‌တဲ့ ဇာတ်ကောင်တွေကစ‌ တော်တော်များများသိပြီးသားဖြစ်တဲ့ Cloud တို့လို Character မျိုးတွေပါ တွေ့မြင်ရမှာပါ။ 
° ဒီ Game လေးက Adventure ပုံစံလေးမလို့ ကိုယ်ပိုင်ဇာတ်လမ်းလေးကတော့ ပါဝင်မှာဖြစ်ပြီး Mario တစ်ယောက် ထုံးစံတိုင်း မင်းသမီးလေးနောက်ကို လိုက်ကယ်ရမှာပါ။ ဖြစ်ခြင်တော့ သူကိုယ်တိုင် ချစ်စကားဆိုတဲ့ နေ့ကျမှ ပြန်ပေးဆွဲခံလိုက်ရတာမလို့ မင်းသမီးလေးနောက်ကို လိုက်ရင်းကနေ Time Machine ကြောင့် တခြား Universe က ဇာတ်ကောင်တွေကိုပါ Journey တစ်လျှောက် တွေ့မြင်ရမှာပါ။ ဘယ်သူတွေ ပါဝင်ဦးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းတာကြောင့် Mario Fan တွေတွက် အကြိုက်တွေ့စေမှာသေချာပါတယ်။ 
[- Review -]

Game က Graphic လည်း ကောင်းသလို ၊ Mario ကို ARPG ဒီဇိုင်းနဲ့ Mobile ပေါ်မှာ မြင်တွေ့ရတာဆိုတော့ မဆိုးဘူးလို့လည်းပြောလို့ရတယ်။ နောက် Cutscene တွေပါ ထည့်ပေးထားပြီး Admin သတိထားမိတာကတော့ ပထမ Intro မှာဆိုရင် Bayonetta တို့ကိုပါ ဖြတ်ကနဲ့ တွေ့လိုက်ရတာပါ။ ဘယ်ဘက်ကလဲဆိုတာ မသိပေမယ့် သူမကိုပါ မထင်မှတ်ဘဲ တွေ့လိုက်ရတော့ ဒီ Game ကို စိတ်ဝင်စားမိတာ အမှန်ဘဲ။  

Game က Lobby ဒီဇိုင်းတော့ သိပ်မကြိုက်ဘူး။ ရှုပ်ရှက်ခက်နေသလို Daily Mission တွေ ၊ Event တွေကစ တအားပြထားတာ။ ထုံးစံတိုင်း Time Machine ပါပြီ‌ဆိုမှာတော့ Gacha စနစ်က ထည့်ပေးထားမှာဖြစ်ပြီး Heroes တွေ ၊ Equipment တွေကိုပါ ကံစမ်းလို့ရမှာပါ။ Level အလိုက် Rewards တွေ အတော်ပေးထားတော့ တကယ်ဆော့ရင် မဆိုးဘူးပြောရမယ်။ 

Gameplay က Adventure Mode တစ်ခုတည်းတင်မကဘဲ တခြား Side Gameplay Mode တွေပါ ပါဝင်သေးတာပါ။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးက Level အလိုက်ပွင့်မှာဖြစ်ပြီး Game ရဲ့ Team ကစ Level ပေါ်မူတည်ပြီး 5 ယောက်ထိ ကစားခွင့်ရမှာပါ။ တစ်ခုရှိတာက ဘေးက Support ပေးမယ့် Role နဲ့ ကိုယ်တိုင် Control လုပ်လို့ရမယ့် Role ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။ 
အတိုချုံ့ပြောရရင်တော့ Game က 

- Graphic ကလည်း Mario Environment မှာဘဲ ဖန်တီးပေးထားတာမလို့ ကြည့်ကောင်းတယ်။

- Auto Attack ပါပေမယ့် Ability Spell တွေကတော့ Manual ဘဲ သုံးလို့ရမယ်။ 

- Character Upgrade စနစ်တွေပါဝင်ပြီး Gacha တွေ ၊ Microtransaction တွေကတော့ Mobile ထုံးစံတိုင်း ပါမယ်။ 

- Power ပေါ်မူတည်ပြီး Journal ကို ခရီးဆက်နိုင်မှာမလို့ အစပိုင်း အဆင်ပြေပေမယ့် နောက်ပိုင်းကျရင်လည်း အခက်တွေ့‌ ကောင်းတွေ့လာနိုင်တယ်။ 

ဒီလောက်ဆိုရင်‌တော့ ဆော့သင့်မဆော့သင့်ကို ကိုယ့်ဘာကို ဆုံးဖြတ်နိုင်လိမ့်မယ်လို မျှော်လင့်ပါတယ်။ Admin ကတော့ Mario Fan တွေတွက် အပျင်းပြေစေမယ်ဆိုတာ သေချာတယ်။ အသစ်ဆန်းမဟုတ်ပေမယ့် ဆော့ပျော်တဲ့ Game မျိုးပါ။ Data သမားတွေတော့ တအားကြီး အကြံ‌မပေးဘူး။ 

Game Information

Android version 4 . 4 +
Developer Nice Play
Network Online
Price Free
App version 1.2.0
Release date December 27, 2021

Download Link

Type Size Link

Playstore

803 MB

Download

Apkcombo

 

803 MB

( Apk Only )

Download

Apple iOS

---

Download
 

⭐ ( HELLO Rating = 6.9 / 10 ) ⭐


#HELLOYDB

Comments

လူကြည့်အများဆုံး GAMES