Polyfied ( Early Access )

° ဒီတစ်ခါ Early Access အနေနဲ့ အသစ်ထွက်လာတဲ့ Game လေးက FPS သမားတွေတွက် အကြိုက်တွေ့စေမှာဖြစ်ပြီး Battlefield ပုံစံကို အသွင်ယူထားတာကြောင့် သဘောကျကြမှာပါ။ Early Access မလို့ Feature အများကြီးမပါသေးပေမယ့် အ‌တော်သဘောကျစရာကောင်းပြီး Polygon Character ဆိုပေမယ့် Environment Graphic ကြီးကတော့ အရမ်းမိုက်တာပါ။ Game က LAN / Online အပြင် Offline အနေနဲ့ပါ ကစားလို့ရပါတယ်။
° Battlefield လိုမျိုးဆိုတော့ Conquest Mode ကတော့ ပါပြီးသားဖြစ်ပြီး Players တွေအနေနဲ့ 64 ယောက်ထိ Battle Zone ထဲမှာ တွေ့ရမှာပါ။ Map ကစ အတော်ကြီးကို ကျယ်ပြီး BF လို ခံစားရမှာမလို့ အရမ်းသဘောကျကြမှာ အမှန်ဘဲ။ Guns တွေ မစုံသေးပေမယ့် Recoil တွေ ၊ Bullet Sound Effect တွေကစ တကယ်အားရစရာကောင်းတာပါ။ ကျည် ကိုယ့်နားကျရင်ကို တဝီဝီနဲ့ အရမ်းမိုက်တယ်။ Early Access မလို့ အစုံမပါသေးပေမယ့် Setting ကစ တော်တော်လေး ပေးထားတဲ့ Game တစ်ခုပါ။ Online Mode က Server တစ်ခုတည်းဘဲ ရှိမှာဖြစ်ပြီး အကောင်းဆုံးကတော့ Offline Bot တွေနဲ့သာ အရင် ပစ်ကြည့်ဖို့ အကြံပေးတယ်။ 
[- Review -]

Early ဆိုပေမယ့် ဆိုးတော့မဆိုးဘူးပြောရမယ်။ Cloud Shadow တွေကစ Real Time Accurate လုပ်ပေးထားပြီး မြက်ခင်းပြင်တွေကစ ယိမ်းနေတော့ ဆော့ရတာ သဘာဝကျတယ်။ ဒါတောင် Scope view တွေကစ မိုက်တာနော်။ Reload Animation တွေပါ သဘာဝကျတယ်။ ပြေးရင်း ပစ်တယ်ဆိုရင်တောင် Gun တစ်ဖက်စောင်းသွားတာက မိုက်တယ်။ Admin ကတော့ Setting အရင်ချိန်ကြည့်ဖို့ရာ အကြံပေးတယ်။ 

Game Information

Android version 6 . 0 +
Developer Mohammad Alizade
Network Online/Offline
Price Free
App version 0.2.0a
Release date Early Access

Download Link

Type Size Link

Playstore

72 MB

Download

Apkcombo

 

72 MB

( Apk Only )

Download

Apple iOS

---

Coming Soon
 
⭐ ( HELLO Rating = Early Access / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES