Racing World
ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ NL Region တစ်ခုတည်းသာ ဆော့ခွင့်ရတဲ့
Racing Game တစ်ခုဖြစ်ပြီး Strategy ပုံစံမျိုးနဲ့ မောင်းနှင်ရမှာပါ။ Graphic
အရမ်းစားတဲ့ Game တစ်ခုဖြစ်ပြီး Car Body တွေ၊ Environment တွေကစ တကယ်ကို
သဘောကျစရာကောင်းတာပါ။ တာတို Racing ဖြစ်ပေမယ့် Competition က နှစ်စီး၊ သုံးစီးထိ
ထုတ်ယှဉ်ပြိုင်ရတာမလို့ ကားအများကြီးရှိနေဖို့လည်း လိုအပ်ပါတယ်။ ကျန်တဲ့ Car
Engine ပိုင်းတွေမှာ Upgrade စနစ်တွေပါဝင်ပြီး Gacha ပုံစံမျိုးနဲ့
ကားအကောင်းစားတွေကိုပါ ကံစမ်းလို့ရမှာပါ။
° Gameplay က Auto Racing ဖြစ်ပြီး ကစားသမားက Speed နဲ့ Nitro ကိုဘဲ ဉာဏ်ရှိသလို
အသုံးချပေးရတာပါ။ နည်းနည်းလေး ရွေးချယ်မှုမှားတာနဲ့ အများကြီးနောက်ကျ
ကျန်ခဲ့နိုင်သလို ၊ မလိုအပ်ဘဲ အသုံးများမိရင်လည်း Speed over ဖြစ်ပြီး
အကွေ့တွေမှာ နောက်ကောက်ကျန်ခဲ့နိုင်ပါတယ်။ Game က ဘယ်လိုပြိုင်ပြိုင် နိုင်ဖို့ရာ
အဓိကဆိုပေမယ့် နောက်ထပ် Map တွေ Unlock ဖြစ်ဖို့တွက် သတ်မှတ်ထားတဲ့ Star အရေတွက်က
ပြည့်နေဖို့လိုပါတယ်။ လောလောဆယ် Global Version မဟုတ်သေးလို့ Features အသစ်တွေ
မပါသေးတာလို့ ခန့်မှန်းလို့ရပြီး လက်ရှိချိန်မှာတော့ Offline အနေနဲ့ Campaign
Mode ကို ဆော့လို့ပါတယ်။
[- Review -]
Fan တွေ မှတ်မိသေးရဲ့လားမသိပေမယ့် ဒီ Game ရဲ့ Graphic ဒီဇိုင်းက Rebel Racing
နဲ့သွားတူနေတာပါ။ အဲဒါကြောင့် Graphic ကတော့ လုံးဝ သဘောကျစရာကောင်းပြီး Car တွေကစ
Realistic ဖြစ်သလို ခံစားရတယ်။ ကောင်းတာက Game က Offline ဆော့လို့ရပြီး ဆိုးတာက
Gameplay က Manual မဟုတ်တာပါ။ Speed Control ကြီးဘဲ ဆိုတော့ ကြာရင်
ပျင်းသွားနိုင်တယ်။ ဒါပေမယ့် ထူးဆန်းတာတစ်ခုက Game က Global မလို့လား
ဘာလားမသိပေမယ့် In Game မှာ Microtransaction လုံးဝ ပါမလာပါဘူ။ အလွယ်ပြောရရင်
Money တွေကို အပြင်က ပိုက်ဆံနဲ့ Purchased လုပ်လို့မရသေးပါဘူး။ Gacha ကတော့ ပါတယ်
ဒါပေမယ့် ပြိုင်ပွဲတွေကနေ ရလာတဲ့ Money ကိုဘဲ စုဝယ်ရမှာပါ။ ဒီတော့
တကယ်ဆော့မယ်ဆိုရင် တော်တော်လေး အချိန်ပေးနိုင်မယ့်သူဆိုရင်
အဆင်ပြေလောက်တယ်။
လောလောဆယ် Game သစ်မလို့ Mod version ကတော့ မထွက်သေးပါဘူး။
ကောင်းတော့ကောင်းပေမယ့် Size များတာကြောင့် Data သမားတွေတော့ အကြံမပေးသေးဘူး။
ဘာလို့ဆို ကြာရင် ပျင်းသွားလိမ့်မယ်။
| Android version | 6 . 0 + |
| Developer | Day1 Games Ltd |
| Network | Offline |
| Price | Free |
| App version | 0.1.0 |
| Release date | Limit Region |
Download Link
| Type | Size | Link |
|
Playstore |
1.6 GB |
Download |
|
Apkcombo
|
1.6 GB ( Apk Only ) |
Download |
|
Apple iOS |
--- |
Coming Soon |
⭐ ( HELLO Rating = 7.3 / 10 ) ⭐
#HELLOYDB
Discussion
0
You
Loading comments...














