Racing World

         ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ NL Region တစ်ခုတည်းသာ ဆော့ခွင့်ရတဲ့ Racing Game တစ်ခုဖြစ်ပြီး Strategy ပုံစံမျိုးနဲ့ မောင်းနှင်ရမှာပါ။ Graphic အရမ်းစားတဲ့ Game တစ်ခုဖြစ်ပြီး Car Body တွေ၊ Environment တွေကစ တကယ်ကို သဘောကျစရာကောင်းတာပါ။ တာတို Racing ဖြစ်ပေမယ့် Competition က နှစ်စီး၊ သုံးစီးထိ ထုတ်ယှဉ်ပြိုင်ရတာမလို့ ကားအများကြီးရှိနေဖို့လည်း လိုအပ်ပါတယ်။ ကျန်တဲ့ Car Engine ပိုင်းတွေမှာ Upgrade စနစ်တွေပါဝင်ပြီး Gacha ပုံစံမျိုးနဲ့ ကားအကောင်းစားတွေကိုပါ ကံစမ်းလို့ရမှာပါ။ 
° Gameplay က Auto Racing ဖြစ်ပြီး ကစားသမားက Speed နဲ့ Nitro ကိုဘဲ ဉာဏ်ရှိသလို အသုံးချပေးရတာပါ။ နည်းနည်းလေး ရွေးချယ်မှုမှားတာနဲ့ အများကြီးနောက်ကျ ကျန်ခဲ့နိုင်သလို ၊ မလိုအပ်ဘဲ အသုံးများမိရင်လည်း Speed over ဖြစ်ပြီး အကွေ့တွေမှာ နောက်ကောက်ကျန်ခဲ့နိုင်ပါတယ်။ Game က ဘယ်လိုပြိုင်ပြိုင် နိုင်ဖို့ရာ အဓိကဆိုပေမယ့် နောက်ထပ် Map တွေ Unlock ဖြစ်ဖို့တွက် သတ်မှတ်ထားတဲ့ Star အရေတွက်က ပြည့်နေဖို့လိုပါတယ်။ လောလောဆယ် Global Version မဟုတ်‌သေးလို့ Features အသစ်တွေ မပါသေးတာလို့ ခန့်မှန်းလို့ရပြီး လက်ရှိချိန်မှာတော့ Offline အနေနဲ့ Campaign Mode ကို ဆော့လို့ပါတယ်။ 
[- Review -]

Fan တွေ မှတ်မိသေးရဲ့လားမသိပေမယ့် ဒီ Game ရဲ့ Graphic ဒီဇိုင်းက Rebel Racing နဲ့သွားတူနေတာပါ။ အဲဒါကြောင့် Graphic ကတော့ လုံးဝ သဘောကျစရာကောင်းပြီး Car တွေကစ Realistic ဖြစ်သလို ခံစားရတယ်။ ကောင်းတာက Game က Offline ဆော့လို့ရပြီး ဆိုးတာက Gameplay က Manual မဟုတ်တာပါ။ Speed Control ကြီးဘဲ ဆိုတော့ ကြာရင် ပျင်းသွားနိုင်တယ်။ ဒါပေမယ့် ထူးဆန်းတာတစ်ခုက Game က Global မလို့လား ဘာလားမသိပေမယ့် In Game မှာ Microtransaction လုံးဝ ပါမလာပါဘူ။ အလွယ်ပြောရရင် Money တွေကို အပြင်က ပိုက်ဆံနဲ့ Purchased လုပ်လို့မရသေးပါဘူး။ Gacha ကတော့ ပါတယ် ဒါပေမယ့် ပြိုင်ပွဲတွေကနေ ရလာတဲ့ Money ကိုဘဲ စုဝယ်ရမှာပါ။ ဒီတော့ တကယ်ဆော့မယ်ဆိုရင် တော်တော်လေး အချိန်ပေးနိုင်မယ့်သူဆိုရင် အဆင်ပြေလောက်တယ်။ 
လောလောဆယ် Game သစ်မလို့ Mod version ကတော့ မထွက်သေးပါဘူး။ ကောင်းတော့ကောင်းပေမယ့် Size များတာကြောင့် Data သမားတွေတော့ အကြံ‌မပေးသေးဘူး။ ဘာလို့ဆို ကြာရင် ပျင်းသွားလိမ့်မယ်။ 

Game Information

Android version 6 . 0 +
Developer Day1 Games Ltd
Network Offline
Price Free
App version 0.1.0
Release date Limit Region

Download Link

Type Size Link

Playstore

1.6 GB

Download

Apkcombo

 

1.6 GB

( Apk Only )

Download

Apple iOS

---

Coming Soon
 
⭐ ( HELLO Rating = 7.3 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES