Retro Commander

° Early Access အနေနဲ့ အသစ်ထွက်လာတဲ့ ဒီ Game လေးက ရေနံ Game နဲ့ General တို့လို Strategy ပုံစံမျိုးတွေ သဘောကျရင်တော့ အကြိုက်တွေ့စေမယ့် Game ကောင်းလေးတစ်ခုပါ။ USA အခြေစိုက် Developer ဖြစ်တဲ့ Noble Master Games ကနေ ဖန်တီးပေးထားတာဖြစ်ပြီး အရင်က Desert Stormfront ကိုဆော့ဖူးကြရင်တော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ အခု Early Access ရဲ့ Demo version ဟာ Android နဲ့ iOS မှာတင်မကဘဲ Window , Mac နဲ့ Linux OS တို့မှာပါ တန်းတူ ထုတ်‌ပေးထားတာပါ။ 
° Game က RTS ပုံစံမျိုးဖြစ်ပြီး အနာဂတ် War တစ်ခုမှာ အခြေချထားတာပါ။ လောလောဆယ် Early Access မလို့ Test Map သာ ဆော့လို့ရသေးပေမယ့် 2v2 , 3v3 ထိ AI or Players တွေနဲ့အတူ ကစားလို့ရပါတယ်။ Online ကော LAN ပါ ဆော့လို့ရပြီး Team တွေကစ စွမ်းဆောင်ရည်ချင်းလုံးဝ မတူကြပါဘူး။ ဒီ Game မှာဆိုရင် Technology နဲ့ အမျိုးစားခွဲထားပြီး GRA - ( Stealth ) , ELC - ( Robots ) , IDB - ( Hover & Drones ) စတဲ့ နည်းပညာပေါင်း 5 ခုထိ ထည့်ပေးထားတာပါ။ တစ်ခုခြင်းစီမှာ မတူညီတဲ့ အားသာချက်တွေရှိတဲ့ အပြင် တခြားစိတ်ဝင်စားစရာကောင်းတဲ့ Features တွေပါ လုပ်ဆောင်နိုင်သေးတာကြောင့် ဦးနှောက်သုံးပြီး စစ်ခင်းခြင်တဲ့သူတွေတွက် အကြိုက်တွေ့စေမှာပါ။ ဒါ့အပြင် PC နဲ့ပါ Cross-Platform အနေနဲ့ ကစားလို့ရမယ်လို့ ပြောထားပါသေးတယ်။ 
[- Review -]

Game က Pixel ဒီဇိုင်းဆိုပေမယ့် အတော်သဘောကျစရာကောင်းတယ်။ ဒီ Game မှာ Admin သတိထားမိတာက ဓာတ်အားပေးစက်ရုံတည်ဆောက်တဲ့ အပိုင်းတွေပါ။ ဒီတိုင်း ဆောက်လိုက်ရုံနဲ့ ပြီးသွားတာမျိုးမဟုတ်ဘဲ စက်ရုံတွေစီရောက်ဖို့ရာပါ ဓာတ်တိုင်၊ ဓာတ်ကြိုးတွေ သေချာ ချိတ်ပေးရတာပါ။ အထူးသဖြင့် အဝေးကနေ ဓာတ်အားသွယ်တာမျိုးတွေ‌ဆိုရင် ပိုအရေးကြီးတယ်။ 
Strategy Game မလို့ အကုန်လုံးကတော့ ရင်းနှီးပြီးသာဖြစ်ပေမယ့် လုပ်သားစက်ရုံ ၊ စစ်သားစက်ရုံတွေထိ အကုန်မတူအောင် ခွဲဆောက်ပေးရတာပါ။ကျန်တဲ့ လေယာဉ်ကွင်းတွေ ၊ ဘာညာတွေကစ ကိုယ်ယူထားတဲ့ နည်းပညာပေါ်မူတည်ပြီး ဒီဇိုင်းခြင်းလည်း မတူကြပါဘူး။ ဒါ့အပြင် ကိုယ့်ဘက်က Alliance တွေကိုပါ စစ်ကူအနေနဲ့ Tank တွေ ၊ လေယာဉ်တွေကိုပါ လွှဲပေးလို့ရပါသေးတယ်။ နောက်ပိုင်း ဒုံးပျံတွေထိ တည်ဆောက်လို့ရပြီး ကိုယ် Management ကောင်းရင်ကောင်းသလို Powerful ဖြစ်လာမှာပါ။ 
Control UI ပိုင်းမှာလည်း အတော်ရိုးရှင်းပြီး ဆော့ရတာလည်း Easy ဖြစ်တယ်။ Early Access မလို့ Map နည်းသေးပေမယ့် နောက်ပိုင်း Official ကြရင် ထပ်ထုတ်ပေးအုံးမှာပါ။ တစ်ခုရှိတာက ဒီ Game က Official ကျရင် Premium Game တစ်ခုအနေနဲ့ ဖြစ်သွားနိုင်ပါတယ်။ 

Game Information

Android version 5 . 0 +
Developer Noble Master Games
Network Online/Offline
Price Free
App version Early Access
Release date Early Access

Download Link

Type Size Link

Playstore

59 MB

Download

Mediafire

 

56 MB

( Apk Only )

Download

Apple iOS

80 MB

Download
 

For PC

Download

⭐ ( HELLO Rating = Early Access / 10 ) ⭐

#HELLOYDB

Related Posts

  • The Last Stand Zombie Survival            ဒီ GAME က BRO တစ်ယောက်က လာညွှန်ပေးလို့ သိရတဲ့ Game ပါ။ တကယ်လည်း ဆော့လို့ကောင်းပြီး Challenge ဖြစ်တဲ့ Game ပါ။ အရင်ဆုံး Admin တောင်းပန်ခြင်တာက အဲဒီ Bro တင်ခိုင်းတာကြာပါပ… Read More
  • Marvel Duel          PvP Card game အမျိုးစားတစ်ခုပါ။ Card game ဆိုပေမယ့် အထင်တော့သေးလို့မရပါဘူး။ Size အနေနဲ့လည်း များသလို သုံးထားတဲ့ Graphic တွေ Character Detail တွေကလည်း အမိုက်စား Effect တွေ… Read More
  • Snipers Vs Thieves Classic        ဒီ Game က အခု  Classic version နဲ့  တကယ်ကို အပျင်းပြေ ပျော်စရာကောင်းတဲ့ GAME တစ်ခုပါ။ ဆော့ရတာလည်း မလောင်သလို Thieves ဆိုရင် ပိုတောင် မျက်ခွက်ပြောင်သေးပါတယ်။ Game က Player 5… Read More
  • Dream Score Soccer Champion UFC           Football Manager Game လေးဖြစ်ပြီး Juventus သဘောကျတဲ့သူတွေတွက်တော့ ပိုပြီးအကြိုက်တွေ့စေမှာပါ။ Game က Juventus ကနေ တရားဝင် လိုင်စင်ရထားပြီး Kits ကော Logo ပါ Official ပေးထာ… Read More
  • V4        Game ကို NEXON ကနေ ထုတ်ပေးထားတာဖြစ်ပြီး Mobile အတွက်တော့ နောက်ထပ် Graphic လှလှ ခံစားစေရမယ့် Game မျိုးပေါ့။ Game က အားသာချက်ရှိသလို အားနည်ချက်တွေလည်း ရှိနေတုန်းပါ။ Online M… Read More

Comments

လူကြည့်အများဆုံး GAMES