Sparklite
° အသစ်ထွက်ထားတဲ့ ဒီ Game လေးက PC နဲ့ Console ကနေ ဆင်းသက်လာတဲ့ action-adventure
အမျိုးစားဖြစ်ပြီး အရမ်းကို သဘောကျစရာကောင်းတာပါ။ ပြင်သစ်အခြေစိုက် Playdigious
ကနေ ဖန်တီးပေးထားပြီး အများစု ရင်းနှီးကြတဲ့ Dead Cells တို့ ၊ Northgard
တို့လို့ Premium Game ကြီးတွေကို ထုတ်ပေးထားတာကြောင့် Game မကောင်းမှာတော့
စိုးရိမ်စရာမလိုပါဘူး။ တကယ်ကို retro classics ဆန်တဲ့ Visual , Gameplay တင်မကဘဲ
Original Soundtrack တွေနဲ့ပါ ကစားသူတွေကို အပြည့်ဝဆွဲဆောင်ထားတာပါ။
° Story နဲ့ ဆော့ရမှာမလို့ ဒီ ဇာတ်လမ်းထဲမှာဆိုရင်လည်း
အဓိကဇာတ်ကောင်မင်းသမီးဖြစ်တဲ့ Ada နဲ့အတူ သူမရဲ့အဖော် Robot လေးဖြစ်တဲ့ Wingnut
ကိုပါ တွေ့မြင်ရမှာပါ။ တစ်နေ့ ထူးဆန်းတဲ့ မုန်တိုင်းတစ်ခုကြောင့် Ada တို့ ယာဉ်ဟာ
ပျက်ကျခဲ့ပြီး သူမရဲ့ Robot လေးနဲ့ လူချင်းကွဲသွားကြပါတယ်။ မထင်မှတ်ဘဲ
ပြန်တွေ့ချိန်မှာတော့ titan ဆိုတဲ့ အကောင်ကြီးရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရပြီး
Ada တစ်ယောက် ဘယ်လိုပြန်ကယ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒါအပြင် titan
ကြီးစောင့်နေတဲ့ နောက်ကွယ်က တံခါးကလည်း တစ်စုံတစ်ရာကို ဖုံးကွယ်ထားတာကြောင့်
ဘာ့အတွက်လဲဆိုတာ သိခြင်ရင် ကိုယ်တိုင်ဘဲ ဆော့ကြည့်လိုက်တော့နော်။
( အသေးစိတ်ကို Review တွက် ဆက်ဖတ်နိုင်ပါသည် )
[- Review -]
အရင်ဆုံးပြောရရင် Game က ဆော့ရတာ ပေါ့ပေါ့ပါးပါး ဖြစ်သလို Pixel ဆိုတော့ Art
တွေကစ အတော်လှတယ်။ Size လည်း နည်းတာကြောင့် Story ကိုမှ Challenging ဖြစ်တဲ့
Gameplay မျိုးကို ဆော့ခြင်တဲ့သူတွေတွက်တော့ လုံးဝကို လက်မလွတ်သင့်တာပါ။ Admin
တောင် ဆော့ရင်းဆော့ရင်း အတော်စွဲသွားတာမလို့ အရမ်းသဘောကျမိတယ်။
ဇာတ်လမ်းကို ပြောရရင် ဒီ Game မှာက အရမ်းထူးဆန်းတယ်။ Ada တို့နေ နေတဲ့
ကမ္ဘာကြီးကို Geodia လိုခေါ်ပြီး အဲဒီမှာ အရမ်းတန်ဖိုးရှိတဲ့ Sparklite ဆိုတဲ့
စွမ်းအင်တွေက အားလုံးကို ထိန်းပေးနေတာပါ။ ဒါအပြင် အဲဒီ စွမ်းအင်တွေက လက်နက်၊
ကိရိယာတွေကို ဖန်တီးပေးနိုင်ရုံတင်မကဘဲ စီးပွားရေးရဲ့ ငွေကြေးအဖြစ်နဲ့ပါ အားလုံးက
အသုံးပြုနေကြတာပါ။ ဒါပေမယ့် Baron ကတော့ အဲဒီစွမ်းအင်တွေကို
မောင်ပိုင်စီးခြင်နေတာဖြစ်ပြီး ခက်တာက Sparklite တွေဟာ
ထာဝရမတည်မြဲနိုင်ပါဘူး။
အပေါ်ကပြောခဲ့တဲ့ Titan တွေဟာ အဲဒီ Sparklite အရင်းမြစ်ရှိတဲ့ နေရာတွေကို
စောင့်ကြပ်နေတာဖြစ်ပြီး ဖြစ်ခြင်တော့ Ada ကလည်း ယာဉ်ပျက် အကျနဲ့
ထိပ်တိုက်သွားစုံကြတာပါ။ စစခြင်းမှာတော့ Ada ဟာ သူမရဲ့ Robot လေးကို
မကယ်လိုက်နိုင်ပါဘူး။ ကံကောင်းခြင်တော့ Refuge ဆိုတဲ့ airship ပေါ်ကလူတွေက သူမကို
ကယ်ပေးခဲ့တာဖြစ်ပြီး ဆိုးခြင်တော့ မုန်တိုင်းဒဏ်ကြောင့် သူတို့စီမှာလည်း
Sparklite စွမ်းအင်တွေဟာ သိပ်မကျန်တော့ပါဘူ။ ဒီတော့ သူတို့တွက် Sparklite တွေကို
ရှာဖွေဝေမျှပေးရင်း သူတို့စီကလည်း နည်းပညာနဲ့ လက်နက်အချို့ကို ရလာခဲ့ပါတယ်။
နောက်ဆုံး Robot လေးကို ပြန်ကယ်ဖို့တွက် Titan ကြီးစီကို ပြန်လာခဲ့ပြီး
အနိုင်ရသွားတဲ့အချိန်မှာတော့ ဇာတ်လမ်းဟာ ပိုစိတ်ဝင်စားစရာကောင်းလာပါတယ်။
အဓိကကတော့ သူမရဲ့ လည်ဆွဲလေးဟာလည်း စွမ်းအင်အရင်းမြစ်နဲ့ ပတ်သတ်နေခဲ့ပြီး
မဟာတံခါးကြီးတွေကိုပါ ဖွင့်နိုင်ခဲ့တာပါ။ အဲဒီမှာ သိလိုက်ရတာက Sparklite
စွမ်းအင်တွေဟာ သူမကို ခရီးဆက်စေခြင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ နယ်မြေလေးခုစလုံးက
စွမ်းအားတွေကိုပါ လွတ်မြောက်စေဖို့တွက် တောင်းဆိုခဲ့တာပါ။ အကြောင်းကတော့ Baron
ရဲ့ လက်ချက်ဖြစ်ပြီး သူ့ရဲ့ အတ္တတွေကြောင့် ဒီကမ္ဘာကြီးရဲ့
စွမ်းအင်အရင်းမြစ်တွေဟာ မတည်မငြိမ်ဖြစ်လာခဲ့ရတာပါ။ အကျိုးဆက်ကတော့
တိရိစ္ဆာန်တွေပါ ရူသွပ်ကုန်ကြပြီး ဂြိုလ်တစ်ခုလုံး ပျက်ဆီးသွားနိုင်တဲ့ထိ
ဖြစ်ပွားနိုင်တာကြောင့် Ada တစ်ယောက် သူခင်ရတဲ့ သူငယ်ချင်းတွေအသက်ရှင်ဖို့တွက်
ကျန်တဲ့ နယ်မြေလေးခုစလုံးကို စွန့်စားရတော့မှာပါ။
Gameplay ကစ လုံးဝကို Explore Adventure ဖြစ်ပြီး လက်နက်သစ်တွေ ၊ နယ်မြေသစ်တွေကို
ကိုယ်တိုင်ဘဲ ရှာဖွေစုဆောင်းရမှာပါ။ ဒါ့အပြင် Items တွေရဲ့ အသုံးဝင်ပုံကလည်း
အရေးပါပြီး Collect လုပ်ထားသမျှကပါ အသက်ဆုံးရှုံးတာနဲ့ ပြန်မရပါဘူး။ Boss
တိုင်းကို ဉာဏ်ရှိရှိနဲ့ တိုက်ခိုက်ရမှာဖြစ်ပြီး တစ်ခါတလေ Map ထဲမှာပါ
စိတ်ဝင်စားစရာ ကောင်းတဲ့ အပိုင်း တွေပါ ထည့်ပေးထားပါသေးတယ်။ ဒါ့ကြောင့် Size
နည်းနည်းလေးနဲ့ တကယ်ကို ဆော့ရအတန်ဆုံး Game တစ်ခုပါ။ Controller လည်း Support
ပေးတာကြောင့် Consoles အတိုင်းလည်း ခံစားလို့ရပါသေးတယ်။
| Android version | 8 . 0 + |
| Developer | Playdigious |
| Network | Offline |
| Price | In Game Paid |
| App version | 1.7.83 |
| Release date | 8.11.2021 |
Download Link
| Type | Size | Link |
|
Playstore |
100 MB |
Download |
|
Apkcombo
|
98 MB ( Apk Only ) |
Download |
|
Apple iOS |
1.1 GB |
6.99$ |
⭐ ( HELLO Rating = 8 / 10 ) ⭐
#HELLOYDB
Discussion
0
You
Loading comments...
















