Super Rabbit World
° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ Adventure လုပ်ရမယ့် Platform Game
လေးဖြစ်ပြီး Mario ကို Inspire လုပ်ထားတာကြောင့် သဘောကျကြမှာပါ။ Graphic က
တကယ်ကို ကြည့်ကောင်းတဲ့အပြင် Gameplay နဲ့ Chapter အလိုက် Map တွေကစ မထပ်ဘဲ
ဖန်တီးပေးထားတာ ကြောင့် အရမ်းမိုက်ပါတယ်။ သဘောကျစရာကောင်းတာက Free To Play
ဖြစ်တဲ့အပြင် In Game Character ဖြစ်တဲ့ ယုန်တင်မကဘဲ မြေခွေးကိုပါ
တန်းဝယ်လို့ရအောင်ထိ Money အလုံလောက်ပေးထားတာပါ။ တကယ်ကို Developer တွေဘက်က Fun
ဖြစ်အောင် ဆော့စေခြင်တယ်ဆိုတာ သေချာပါတယ်။
° ဒါ့အပြင် Game ပုံစံလေးကလည်း စိတ်ဝင်စားစရာကောင်းသလို
ဂျစ်ကန်ကန်ကောင်မလေးဖြစ်တဲ့ ဒရယ်မလေးရဲ့ အလိုကျ လိုက်စွန့်စားပေးရမှာပါ။ Level
တက်လာတာနဲ့ အမျှ ကြိုးဆွဲတာတွေ ၊ လျော့ထိုးတာတွေ လုပ်ဆောင်ခွင့်ရမှာဖြစ်ပြီး
Weapon အနေနဲ့ ခုန်သတ်တာ ၊ ချတာ ၊ ပစ်တာတွေထိ လုပ်ဆောင်လို့ရတာပါ။ ဒါပေမယ့်
တစ်ချက် အထိခံရတာနဲ့ သေဆုံးမှာဖြစ်တာကြောင့် Challenge လည်းဖြစ်သလို Heart
တွေကိုလည်း အကျိုးရှိရှိ အသုံးချရမှာပါ။ ဒီတော့ ဒရယ်မလေးကို ကယ်ဖို့တွက်
အဆင်သင့်ဖြစ်ပြီလား ?
[- Review -]
Game က အတော်လေး Suprise ဖြစ်မိတယ်။ Graphic လည်း လှသလို Bug လေးတွေ
နည်းနည်းပါးပါးရှိပေမယ့် ဆော့ပျော်တယ်ပြောရမယ်။ ပုံမှန်ဆို နောက် Chapter တွေကို
Paid လုပ်တာတို့ ၊ Character အသစ်ကို Paid လုပ်တာတို့ ဖန်တီးလို့ရပေမယ့် ဒီ
Developer က အကုန် Free To Play ဘဲ ချပြထားတာ။ Heart အတွက် Ads ဘဲပါတယ် ဒါတောင်
Mission က Coins နဲ့ ဝယ်လို့ရသေးတာ။
တစ်ခုရှိတာက ဒီထဲက ဒရယ်မက Character နှစ်ယောက်လုံးနဲ့ဆိုတော့
နည်းနည်းများသွားပြီ။ ကြည့်ရတာ NPC ကလည်း သူဘဲ ပါတာကို။ ယုန်နဲ့ ဆော့ဆော့ ၊
မြေခွေးနဲ့ ဆော့ဆော့ နောက်ဆုံး ဒရယ်မဘဲ သွားကယ်ရမှာ။ နောက်ပြီး ပြန်ပေးဆွဲခံရလို့
သွားကယ်ရတာမျိုးမဟုတ်ဘဲ သူ့ဘာသူ လက်ကမြင်းလို့ လိုက်ကယ်ရတာဆိုတော့ နည်းနည်းတော့
Feel အောက်တယ်။ Player တွေအဖြစ်က သူ့ကောင်မလေးကို သွားကယ်ဖို့ ကူညီရမှာဆိုတော့
ကုသိုလ်တော့ရပါတယ်လေ။
| Android version | 5 . 1 + |
| Developer | Filaret |
| Network | Offline |
| Price | Free |
| App version | 1.2 |
| Release date | December 22, 2021 |
Download Link
| Type | Size | Link |
|
Playstore |
241 MB |
Download |
|
Apkcombo
|
240 MB ( Apk Only ) |
Download |
|
Apple iOS |
--- |
Coming Soon |
⭐ ( HELLO Rating = 6.2 / 10 ) ⭐
#HELLOYDB
Discussion
0
You
Loading comments...













