El Hijo

° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးကတော့ Germany အခြေစိုက် HandyGames ကနေ ထုတ်လုပ်ပေးထားပြီး $ 9.99 နဲ့ ရောင်းချပေးနေတဲ့ Premium Game တစ်ခုဖြစ်တဲ့အပြင် Story Adventure Game လေးမလို့ အရမ်းသဘောကျကြမှာပါ။ PC နဲ့ Console ကနေ ဆင်းသက်လာတဲ့ Game တစ်ခုဖြစ်ပြီး အားပေးမှု အခိုင်မာရထားတဲ့ Game တစ်ခုဆိုလည်း မမှားပါဘူး။ ဒီထဲမှာဆိုရင် အသက် ၆ နှစ် အရွယ် El Hijo ဆိုတဲ့ ကောင်လေးတစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး ဓားပြတွေ ဖမ်းသွားတဲ့ အမေဖြစ်သူကို သက်စွန့်ဆန်ဖျားကြိုးစားပြီး သွားကယ်‌ပေးရမှာပါ။ Stealth ဦးစားပေးတဲ့ Gameplay မျိုးကို တွေ့မြင်ရမယ့်အပြင် Graphic ကစ Console Quality အတိုင်း ခံစားရမှာမလို့ Story Game ဆော့ခြင်တဲ့သူတွေတွက် အကြိုက်တွေ့စေမှာပါ။
[- Review -]

Game က အရမ်း သဘောကျစရာကောင်းပြီး ဇာတ်လမ်းလေးကပါ စိတ်ဝင်စားစရာကောင်းတာပါ။ သားအမိနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နေရင်းကနေ အိမ်ကို လူဆိုးတွေ မီးရှို့သွားပြီးနောက်ပိုင်း အမေဖြစ်သူဟာ သူ့သားကို ခေါ်ပြီး ခရီးထွက်လာခဲ့တာပါ။ ခရီးအဆုံးမှာတော့ အမေဖြစ်သူဟာ သူ့သားလေးကို ဘုန်းတော်ကြီးကျောင်းမှာ အပ်ထားခဲ့ပြီး သားအမိနှစ်ယောက်ကြားက သံယောဇဉ်ဓာတ်ပုံပစ္စည်းတွေကစ မြေမြုပ်ခိုင်းခဲ့တာပါ။ ပြောခြင်တာက အမေဖြစ်သူက လူဆိုးတွေလက်က မလွတ်တော့ဘူးဆိုတာ သိနေလို့ သူ့သားလေးကို ဘုန်းတော်ကြီးကျောင်းစီမှာ အစဖျောက်ခဲ့တာပါ။ 
ဒါပေမယ့် ရုတ်တရက် အခွဲခံလိုက်ရတဲ့ အသက်ခြောက်နှစ်အရွယ် သားဖြစ်သူကတော့ သူ့အမေကို လိုက်ရှာဖို့ဘဲ ကြံနေခဲ့တာပါ။ ဘုန်းတော်ကြီးကျောင်းဆိုတော့ စည်းကမ်းကြီးတဲ့အပြင် တခြားကလေးတွေပါ မပျော်မရွှင်ဖြစ်နေရတဲ့ ထောင်ကြီးတစ်ခုလိုဖြစ်နေတာပေါ့။ ဒီတော့ El Hijo လေးက ‌ဒီကျောင်းတော်ကြီးကနေ လွတ်အောင် အရင်ကြိုးစားရင်း ဓားပြတွေ ဖမ်းသွားတဲ့ အမေဖြစ်သူဆီကို ခရီးဆက်ရမယ့် ပုံစံလေးကစားရမှာပါ။ အသက်ငယ်ငယ်လေးနဲ့ လူဆိုးတွေကို ဘယ်လို ဉာဏ်သုံးပြီး အနိုင်ယူသွားမလဲဆိုတာ အရမ်းစိတ်ဝင်စားစရာကောင်းတာနော်။ 
Graphic ကတော့ Polygon ဒီဇိုင်းဆိုပေမယ့် Detail ဖြစ်တဲ့အပြင် Lighting တွေ Shadow တွေကစ အတော်ကြည့်ကောင်းတာပါ။ ပြောရရင် Stealth Game မလို့ အမှောင်ထဲ ပုန်းတာတွေ ၊ အာရုံလွှဲတာတွေ အကုန်လုပ်ပေးရမှာဖြစ်ပြီး Non-Violence Game မလို့ တကယ်ဆော့ရတာ Relaxing ဖြစ်စေတယ်။ တစ်ခါလေကြ‌ရင်တော့ ဦးနှောက်အတော်သုံးရပြီး ကလေးလေးတစ်‌ယောက်ရဲ့ စွန့်စားခန်းကနေ ကစားရမှာဆိုတော့ Player တွေပါ အရမ်းစိတ်လှုပ်ရှားစေမှာ သေချာပါတယ်။ 
အတိုချုံ့ ( ဆော့သင့်မဆော့သင့် )

- Console မှာ အောင်မြင်ပြီးသား Game တစ်ခုမလို့ Mobile Player တွေ ဆော့ကြည့်သင့်တယ်။

- ဇာတ်လမ်းလေးကစ Adventure ဆန်သလို Gameplay ကပါ Stealth ပုံစံလေးဆိုတော့ ဆော့ရတာ တကယ်ပျော်စရာကောင်းတယ်။ 

- ဇာတ်လမ်းသွား Game ကို အပီပြင် ဆော့ခြင်တဲ့သူတွေတွက် အရမ်းသဘောကျစေမယ့်အပြင် Control ကစ Mobile တွက် တကယ် Fix ဖြစ်တာပါ။ 

Data User တွေကို အကြံပေးရမှာ အားနာပေမယ့် ‌ပေးရတဲ့ Size နဲ့ Story ,Graphic ,Gameplay ပါ တကယ် ဆော့ကောင်းတဲ့ Game တစ်ခုပါ။ Graphic Option ပါပေမယ့် ဖုန်းကောင်းရင်ကောင်းသလို Performance ကော Quality ပါ ကောင်းကောင်း ကစားရမှာပါ။ 

Game Information

Android version 6 . 0 +
Developer HandyGames
Network Offline
Price $ 9.99
App version 1.0.0
Release date January 25, 2022

Download Link

Type Size Link

Playstore

1.3 GB

$ 9.99

Mediafire

 

1.3 GB

( Apk Only )

Download

Apple iOS

2.4 GB

Rp 159ribu
 

⭐ ( HELLO Rating = 8.2 / 10 ) ⭐


#HELLOYDB

Related Posts

  • Cozy Islands ( Test ) ° ဒီနေ့ Test အနေနဲ့ အသစ်ထွက်လာတဲ့ Game လေးကတော့ အရမ်းကို Relax ဖြစ်စေမယ့်အပြင် Size နဲ့မလိုက်အောင်ပါ Next Generation Graphic ကို ပိုင်ဆိုင်ထားတာပါ။ Cyprus နိုင်ငံ… Read More
  • Truckers Of Europe 3 ° ဒီနေ့ Official ထွက်လာတဲ့ Game သစ်လေးကတော့ အားလုံးစောင့်နေကြတဲ့ Wanda Software ရဲ့ အသစ်စက်စက် Simulator Game တစ်ခုဖြစ်ပြီး Next Generation Graphic နဲ့အတူ Size နည… Read More
  • Moto City ° ဒီတစ်ခါ Game သစ်လေးကတော့ ထူးထူးခြားခြားနဲ့ အတော်ပျော်စရာကောင်းပြီး Delivery အလုပ်ကို ခပ်မိုက်မိုက် ဆိုင်ကယ်တွေနဲ့ Open World ကြီးထဲမှာ လိုက်ပို့ပေးရမှာပါ။ ဒီထက်… Read More
  • End Game Union Multiplayer ° ဒီတစ်ခါ Game သစ်လေးကတော့ မြန်မာနိုင်ငံရဲ့ အမိုက်ဆုံး Shooter Game တစ်ခုဖြစ်ပြီး Action ဆန်ဆန်နဲ့ အရမ်း အရမ်းကို သဘောကျကြမှာ သေချာပါတယ်။ တကယ်လည်း လုံးဝမထင်ထားလော… Read More
  • Fear Of Phasmophobia ° ဒီ Game လေးက လူသိနည်းတဲ့ Horror Game တစ်ခုဖြစ်တဲ့အပြင် နာမည်ကြီး PC Game တစ်ခု ဖြစ်တဲ့ Phasmophobia ရဲ့ Mobile version လို့တောင် ပြောလို့ရပါတယ်။ ဘာလို့ဆို ဒီ Ga… Read More

Comments

လူကြည့်အများဆုံး GAMES